႐ုပ္ပုံအရည္အေသြး ျမႇင့္တင္ေပးမယ့္ ကင္မရာဌာနတစ္ခု ဖြဲ႕စည္းထားတဲ့ Xiaomi

[Zawgyi]

Xiaomi အမႈေဆာင္အရာရွိခ်ဳပ္ ေလဂၽြန္ဟာ ကုမၸဏီအတြင္း ကင္မရာနဲ႔သက္ဆိုင္တဲ့ဌာနတစ္ခု ဖြဲ႕စည္းလိုက္တဲ့အေၾကာင္း အေသးစိတ္ေဖာ္ျပထားတဲ့ ႐ုံးတြင္းအီးေမးလ္တစ္ခုကို ျဖန္႔ေဝခဲ့ပါတယ္။

ေခတ္သစ္စမတ္ဖုန္းေတြထဲမွာ အေရးအႀကီးဆုံး feature က ဓာတ္ပုံ႐ိုက္ကူးမႈျဖစ္တယ္လို႔ ေလဂၽြန္က ခံယူထားပါတယ္။ အခုဖြဲ႕စည္းလုိက္တဲ့ ဌာနသစ္ဟာ အနာဂတ္ Mi နဲ႔ Redmi ဖုန္းေတြကို ထိပ္တန္းအမွတ္တံဆိပ္ေတြနဲ႔ ယွဥ္ၿပိဳင္ႏိုင္ေအာင္ ျပဳလုပ္ေပးမွာ ျဖစ္ပါတယ္။

Xiaomi Mi Mix 2S (Mix စီးရီးအတြင္း ပထမဆုံး dual ကင္မရာဖုနး္) ဟာ DxO ဇယားကြက္အတြင္း ၉၇ မွတ္နဲ႔ ဓာတ္ပုံအတြက္ ၁၀၁ မွတ္ရရွိထားပါတယ္။ အခုအဖြဲ႕သစ္ဟာ ႐ုပ္ပုံအရည္အေသြး တိုးတက္ေကာင္းမြန္ေအာင္ ျပဳလုပ္သြားမွာျဖစ္တာျဖစ္တာေၾကာင့္ Xiaomi က အရင္ထက္ ပိုမိုေကာင္းမြန္လာမွာ ျဖစ္ပါတယ္။

ကင္မရာဌာနသစ္ဖြဲ႕စည္းမႈဟာ အသစ္ထြက္ရွိမယ့္ Mi 7 အတြက္ ေနာက္က်သြားၿပီ ျဖစ္ပါတယ္။ ဒါေပမဲ့ Xiaomi Mi 7 မွာ f/1.7 aperture နဲ႔ 4-axis OIS နဲ႔ dual 16MP တို႔လို အထင္ႀကီးေလာက္စရာ spec ကင္မရာ ေတြပါဝင္လာႏိုင္တယ္လို႔ ေကာလာဟလသတင္းေတြ ထြက္ေပၚေနပါတယ္။ ဒုတိယေျမာက္ကင္မရာမွာ 2x optical zoom ပါဝင္လာမယ္လို႔ သိရပါတယ္။

စိုးထက္
Ref: GSMArena

===============

[Unicode]

Xiaomi အမှုဆောင်အရာရှိချုပ် လေဂျွန်ဟာ ကုမ္ပဏီအတွင်း ကင်မရာနဲ့သက်ဆိုင်တဲ့ဌာနတစ်ခု ဖွဲ့စည်းလိုက်တဲ့အကြောင်း အသေးစိတ်ဖော်ပြထားတဲ့ ရုံးတွင်းအီးမေးလ်တစ်ခုကို ဖြန့်ဝေခဲ့ပါတယ်။

ခေတ်သစ်စမတ်ဖုန်းတွေထဲမှာ အရေးအကြီးဆုံး feature က ဓာတ်ပုံရိုက်ကူးမှုဖြစ်တယ်လို့ လေဂျွန်က ခံယူထားပါတယ်။ အခုဖွဲ့စည်းလိုက်တဲ့ ဌာနသစ်ဟာ အနာဂတ် Mi နဲ့ Redmi ဖုန်းတွေကို ထိပ်တန်းအမှတ်တံဆိပ်တွေနဲ့ ယှဉ်ပြိုင်နိုင်အောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

Xiaomi Mi Mix 2S (Mix စီးရီးအတွင်း ပထမဆုံး dual ကင်မရာဖုနး်) ဟာ DxO ဇယားကွက်အတွင်း ၉၇ မှတ်နဲ့ ဓာတ်ပုံအတွက် ၁၀၁ မှတ်ရရှိထားပါတယ်။ အခုအဖွဲ့သစ်ဟာ ရုပ်ပုံအရည်အသွေး တိုးတက်ကောင်းမွန်အောင် ပြုလုပ်သွားမှာဖြစ်တာဖြစ်တာကြောင့် Xiaomi က အရင်ထက် ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။

ကင်မရာဌာနသစ်ဖွဲ့စည်းမှုဟာ အသစ်ထွက်ရှိမယ့် Mi 7 အတွက် နောက်ကျသွားပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ Xiaomi Mi 7 မှာ f/1.7 aperture နဲ့ 4-axis OIS နဲ့ dual 16MP တို့လို အထင်ကြီးလောက်စရာ spec ကင်မရာ တွေပါဝင်လာနိုင်တယ်လို့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒုတိယမြောက်ကင်မရာမှာ 2x optical zoom ပါဝင်လာမယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena