႐ိုးရွင္းသည့္ မူဝါဒသံုးခုျဖင့္ တကၠသိုလ္ဝင္ခြင့္ရာခိုင္ႏႈန္းမ်ားကို သတ္မွတ္ထားေၾကာင္း ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးေျပာၾကား

[ Zawgyi ]

ပညာေရးဝန္ႀကီးဌာနအေနျဖင့္ ရိုးရွင္းသည့္ မူဝါဒသံုးခုျဖင့္ တကၠသိုလ္၀င္ခြင့္ရာခိုင္ႏႈန္းမ်ားကို သတ္မွတ္ထားေၾကာင္း ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ျပည္သူ႔လႊတ္ေတာ္ အစည္းအေ၀းမွာ ေျပာၾကားခဲ့ပါတယ္။

ပညာေရးဝန္ႀကီးဌာနအေနျဖင့္ ႐ိုးရွင္းသည့္ မူဝါဒျဖစ္ေသာ မည္သည့္ခြဲျခားမႈမွ်မရွိဘဲ (No Discrimination)၊ တစ္ဦးတစ္ေယာက္မွ် မခ်န္ရစ္ထားဘဲ (No One is Left Behind)၊ ေက်ာင္းထြက္သူ လုံးဝမရွိေစေရး (No School Drop Out) စသည္တို႔ျဖင့္ အဆင့္ျမင့္ပညာဦးစီးဌာနေအာက္ရွိ တကၠသိုလ္မ်ားအနက္ ရန္ကုန္ပညာေရးတကၠသိုလ္၊ စစ္ကိုင္းပညာေရး တကၠသိုလ္တို႔တြင္ ေဝးလံေခါင္သီ ေဒသရွားပါးစရိတ္ ခံစားခြင့္ျပဳထားေသာ ေဒသမ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ရန္ကုန္တကၠသိုလ္တြင္ ၂ ရာခိုင္ႏႈန္း စီျဖင့္ လည္းေကာင္း၊ ရန္ကုန္ပညာေရးတကၠသိုလ္ႏွင့္ စစ္ကိုင္း ပညာေရးတကၠသိုလ္တို႔တြင္ ဘာသာတြဲ သုံးခု သိပၸံဘာသာတြဲ၊ ဝိပၸံဘာသာတြဲ၊ ဝိဇၨာဘာသာတြဲအတြက္ ဘာသာတြဲတစ္ခုလွ်င္ ၅ ရာခိုင္ႏႈန္းစီျဖင့္ လည္းေကာင္း၊ ပညာေရးေကာလိပ္မ်ားတြင္ ၅ ရာခိုင္ႏႈန္းစီျဖင့္လည္းေကာင္း ဝင္ခြင့္ရာခိုင္ႏႈန္းမ်ား သတ္မွတ္၍ အနိမ့္ဆုံးရွိသင့္သည့္ အရည္အခ်င္းအရလည္း ဝင္ခြင့္ျပဳေပးလ်က္ရွိေၾကာင္း ေဒါက္တာမ်ိဳးသိမ္းႀကီးက ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

သက္ဆိုင္ရာတိုင္းေဒသႀကီး/ျပည္နယ္ေတြမွာလည္း ဝိဇၨာ၊ သိပၸံတကၠသိုလ္၊ နည္းပညာတကၠသိုလ္၊ ကြန္ပ်ဴတာတကၠသိုလ္မ်ားမွာ တက္ခြင့္ရတဲ့ ေဒသခံ ေက်ာင္းသား၊ ေက်ာင္းသူေတြအေနနဲ႔ တက္ေရာက္ခြင့္ရရွိရန္ စီစဥ္ေဆာင္ရြက္ထားတယ္လုိ႔ သိရပါတယ္။

-သႏၲာ

[ Unicode ]

ပညာရေးဝန်ကြီးဌာနအနေဖြင့် ရိုးရှင်းသည့် မူဝါဒသုံးခုဖြင့် တက္ကသိုလ်ဝင်ခွင့်ရာခိုင်နှုန်းများကို သတ်မှတ်ထား ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ရိုးရှင်းသည့် မူဝါဒဖြစ်သော မည်သည့်ခွဲခြားမှုမျှမရှိဘဲ (No Discrimination)၊ တစ်ဦးတစ်ယောက်မျှ မချန်ရစ်ထားဘဲ (No One is Left Behind)၊ ကျောင်းထွက်သူလုံးဝမရှိစေရေး (No School Drop Out) စသည်တို့ဖြင့် အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်များအနက် ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေး တက္ကသိုလ်တို့တွင် ဝေးလံခေါင်သီဒေသရှားပါးစရိတ် ခံစားခွင့်ပြုထားသော ဒေသများမှ ကျောင်းသား၊ ကျောင်းသူများအတွက် ရန်ကုန်တက္ကသိုလ်တွင် ၂ ရာခိုင်နှုန်း စီဖြင့် လည်းကောင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့တွင် ဘာသာတွဲ သုံးခု သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲ၊ ဝိဇ္ဇာဘာသာတွဲအတွက် ဘာသာတွဲတစ်ခုလျှင် ၅ ရာခိုင်နှုန်းစီဖြင့် လည်းကောင်း၊ ပညာရေးကောလိပ်များတွင် ၅ ရာခိုင်နှုန်းစီဖြင့်လည်းကောင်း ဝင်ခွင့်ရာခိုင်နှုန်းများ သတ်မှတ်၍ အနိမ့်ဆုံးရှိသင့်သည့် အရည်အချင်းအရလည်း ဝင်ခွင့်ပြုပေးလျက်ရှိကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ရှင်းလင်းပြောကြားခဲ့ပါတယ်။

သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်တွေမှာလည်း ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များမှာ တက်ခွင့်ရတဲ့ ဒေသခံ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ တက်ရောက်ခွင့်ရရှိရန် စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။