နှလုံးခုန်နှုန်း တိုင်းတာနိုင်ပြီး Hi-Res အသံစနစ်ပါဝင်တဲ့ Honor နားကြပ်သစ်

ဇွန်လ ၇ ရက် (မနေ့က) ကျင်းပပြုလုပ်ခဲ့တဲ့ Huawei ရဲ့ အခမ်းအနားမှာ Honor 9i နဲ့ Honor Play အပြင် အလန်းစား ထုတ်ကုန်တစ်ခုဖြစ်တဲ့ Honor Earphones ကိုလည်း မိတ်ဆက်ကြေညာခဲ့ပါတယ်။


အဆိုပါ feature ကို အသုံးပြုဖို့အတွက် သက်ဆိုင်ရာ app တစ်ခုလိုအပ်ပြီး ဈေးကွက်ထဲမှာရှိတဲ့ Android ထုတ်ကုန်အများစုနဲ့ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။


-နောင်နောင်
Ref: GSMArena

ဇွန်လ ရ ရက် (မနေ့က) ကျင်းပပြုလုပ်ခဲ့တဲ့ Huawei ရဲ့ အခမ်းအနားမှာ Honor 9i နဲ့ Honor Play အပြင် အလန်းစား ထုတ်ကုန်တစ်ခုဖြစ်တဲ့ Honor Earphones ကိုလည်း မိတ်ဆက်ကြေညာခဲ့ပါတယ်။

အဆိုပါ နားကြပ်သစ်ဟာ သုံးစွဲသူရဲ့ နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်ပါတယ်။ လူသားရဲ့ နားရွက်ထဲမှာ ဆံခြည်မျှင်သွေးကြော ကလေးတွေနဲ့ ပြည့်နှက်နေပြီး ဒါဟာ သမားရိုးကျ လက်ပတ် tracker တွေနဲ့နှိုင်းယှဉ်ရင် ပိုမိုတိကျတဲ့ နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်တယ်လို့ Honor က ပြောပါတယ်။

အဆိုပါ feature ကို အသုံးပြုဖို့အတွက် သက်ဆိုင်ရာ app တစ်ခုလိုအပ်ပြီး စျေးကွက်ထဲမှာရှိတဲ့ Android ထုတ်ကုန်အများစုနဲ့ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Honor Earphones ကို အဖြူနဲ့ အနက်ဆိုပြီး အရောင်နှစ်မျိုးနဲ့ ရရှိနိုင်ပါတယ်။ တန်ဖိုးက ဒေါ်လာ ၂၀ ဖြစ်ပါတယ်။

-နောင်နောင်
Ref: GSMArena