နိုင်ငံတကာ အလုပ်အကိုင်အခွင့်အလမ်းကောင်းများနှင့် ဆွစ်ဇာလန်နိုင်ငံ၏ ပညာရေးဟောပြောပွဲ ပြုလုပ်မည်

[Zawgyi]




 

[Unicode]

ဆွစ်ဇာလန်နိုင်ငံမှာ ပညာသင်ရင်းအလုပ်လုပ်ကိုင်နိုင်မယ့် အခွင့်အရေးများ ရရှိစေရန်ရည်ရွယ်ပြီး နိုင်ငံတကာ အလုပ်အကိုင်အခွင့်အလမ်းကောင်းများနှင့် ဆွစ်ဇာလန်နိုင်ငံ၏ ပညာရေးဟောပြောပွဲကို ဇွန်လ ၉ ရက်၊ နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီအထိ Novotel Hotel မှာကျင်းပသွားမယ်လို့ သိရပါတယ်။

ဟောပြောပွဲမှာ Keynote Speaker အနေနဲ့ Mr. Peter Eberhardt နဲ့ Co-Keynote Speaker အနေနဲ့ Ms. Pornuma Thongsawai တို့က အဓိကထား ပြောကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Mr. Peter Eberhardt မှ ကမ္ဘာတစ်ဝှမ်းရှိ Business, Hospitality နဲ့ Service Industry တွေမှာ Professional တစ် ယောက်အဖြစ် ဝင်ရောက်လုပ်ကိုင်လိုသူတွေအတွက် လိုအပ်တဲ့ Skills & Ability များ၊ ကြိုတင် ပြင်ဆင်ထား သင့်သည်များအပြင် ပညာရေးပိုင်းနဲ့ နိုင်ငံတကာ အလုပ်အကိုင်အခွင့်အလမ်းများကို အဓိက ပြောပြပေးသွား မှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး လူဦးရေကန့်သတ်ထားတဲ့အတွက် နာမည်စာရင်းပေးသွင်းကာ YIUS Campus ဖုန်း ၀၉- ၂၆၂၂၂၅၁၅၁၊ ၀၁-၆၅၂၃၁၁ ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။