ႏိုင္ငံသားစီစစ္ေရးစမတ္ကတ္အတြက္ Biographic Data ၁.၃ မီလီယံ ေကာက္ယူရရွိထား

[ Zawgyi ]

eGovernment အစီအစဥ္မွာ ပါရွိေနတဲ့ ႏိုင္ငံသားစိစစ္ေရးစမတ္ကတ္အတြက္ Biographic Data ၁.၃ မီလီယံ ေကာက္ယူရရွိထားတယ္လို႔ ေမ ၈ ရက္က က်င္းပတဲ့ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၂) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး စတုတၳေန႔မွာ အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးနွင့္ ျပည္သူအင္အားမွ ျပည္ေထာင္စု၀န္ႀကီး ဦးသိန္းေဆြက ထည့္သြင္းေျဖၾကားခဲ့ပါတယ္။

ေဒၚျဖဴျဖဴသင္း၊ မဂၤလာေတာင္ၫြန႔္ မဲဆႏၵနယ္၏ အမ်ိဳးသားမွတ္ပုံတင္ကတ္၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမ်ားႏွင့္ ကိုယ္ေရးအခ်က္အလက္မွတ္တမ္းဖိုင္တြဲမ်ားအား လက္ရွိအသုံးျပဳလ်က္ရွိေသာ စနစ္မွ Digital စနစ္သို႔ အျမန္ဆုံးေျပာင္းလဲျပဳလုပ္ေပးရန္ အစီအစဥ္ ရွိ၊ မရွိ ႏွင့္ စပ္လ်ဥ္းသည့္ေမးခြန္းကို ေျဖၾကားရာမွာ ထည္႔သြင္း ေျပာဆိုခဲ့တာျဖစ္ပါတယ္။eGovernment ေဆာင္ရြက္သြားရန္ ၂၀၁၆၊ ေမလကတည္းက ဒီဂ်စ္တယ္စနစ္နဲ႕ ႏိုင္ငံသားစိစစ္ေရးကတ္ျပဳလုပ္ဖို႔ ႏိုင္ငံတကာအဆင့္မီ အဆင့္ျမင့္စမတ္ကတ္နဲ႕ျပဳလုပ္ေပးဖို႕ ေလ့လာတာ၊ seminar ေဆာင္ရြက္တာကို စလုပ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ အဲ့ဒီအတြက္ ကမၻာ့ဘဏ္အပါအ၀င္ အဖြဲ႕အစည္း ၅၁ ခုမွ (၇၈) ႀကိမ္ ေဆြးေႏြးေဆာင္ရြက္ခဲ့သလို seminar ေလးႀကိမ္ေဆာင္ရြက္ခဲ့ေၾကာင္းသိရပါတယ္။

ဒီဂ်စ္တယ္စနစ္နဲ႔ မွတ္ပံုုတင္စနစ္ေဆာင္ရြက္ရာမွာ ေတြ႕ႀကံဳရမယ့္ အခက္အခက္ ၾကာျမင့္ခ်ိ္န္ေတြကို သိရွိဖို႔အတြက္ စမ္းသပ္ေဆာင္ရြက္ရာမွာ ျပည္ေထာင္စုနယ္ေျမ၊ မႏၲေလးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီးနဲ႔ ရခိုင္ျပည္နယ္တို႔မွာ ၂၀၁၆ ဒီဇင္ဘာလက စတင္ ေဆာင္ရြက္ခဲ့တာျဖစ္တယ္လို႔ ၀န္ႀကီးကထည့္သြင္းေျဖၾကားခဲ့ပါတယ္။

Biographic Data ေကာက္ယူခဲ့ရာမွာ ၁.၃ မီလ်ံအခ်က္အလက္ရရွိထားၿပီး ေနာက္ပိုင္းမွာ ႏိုင္ငံသားအားလံုးရဲ႕ လူတစ္ဦးခ်င္းစီရဲ႕ Biographic Data မ်ား ကိုယ္ေရးအခ်က္အလက္မ်ားကို ရရွိလာပါက DATA Base မွာ သိမ္းဆည္းၿပီး လူတစ္ဦးခ်င္းဆီရဲ႕ ယူနစ္အိုင္ဒီ ထုတ္ေပးသြားဖို႔ စီစဥ္ေဆာင္ရြက္ေနေၾကာင္းသိရပါတယ္။ DATA Base မွာ မွတ္ပံုတင္ထိန္းသိမ္းျခင္းကို ပထမအဆင့္ ေဆာင္ရြက္သြားမွာ ျဖစ္ၿပီး ႏိုင္ငံသားစိစစ္ျခင္း၊ ဒီဂ်စ္တယ္စနစ္ ေျပာင္းလဲၿပီးမွ စမတ္ကတ္ထုတ္ေပးျခင္းကို ဒုတိယအဆင့္အေနနဲ႔ ထုတ္ေပးသြားဖို႔ စီစဥ္ေဆာင္ရြက္ထားေၾကာင္း ေျဖၾကားခဲ့ပါတယ္။

-ေက်ာ္ေဇယ်

[ Unicode ]

eGovernment အစီအစဉ်မှာ ပါရှိနေတဲ့ နိုင်ငံသားစိစစ်ရေးစမတ်ကတ်အတွက် Biographic Data ၁.၃ မီလီယံ ကောက်ယူရရှိထားတယ်လို့ မေ ၈ ရက်က ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ထည့်သွင်းဖြေကြားခဲ့ပါတယ်။

ဒေါ်ဖြူဖြူသင်း၊ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်၏ အမျိုးသားမှတ်ပုံတင်ကတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ကိုယ်ရေးအချက်အလက်မှတ်တမ်းဖိုင်တွဲများအား လက်ရှိအသုံးပြုလျက်ရှိသော စနစ်မှ Digital စနစ်သို့ အမြန်ဆုံးပြောင်းလဲပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်းကို ဖြေကြားရာမှာ ထည့်သွင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။eGovernment ဆောင်ရွက်သွားရန် ၂၀၁၆၊ မေလကတည်းက ဒီဂျစ်တယ်စနစ်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ဖို့ နိုင်ငံတကာအဆင့်မီ အဆင့်မြင့်စမတ်ကတ်နဲ့ပြုလုပ်ပေးဖို့ လေ့လာတာ၊ seminar ဆောင်ရွက်တာကို စလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ကမ္ဘာ့ဘဏ်အပါအဝင် အဖွဲ့အစည်း ၅၁ ခုမှ (၇၈) ကြိမ် ဆွေးနွေးဆောင်ရွက်ခဲ့သလို seminar လေးကြိမ်ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။

ဒီဂျစ်တယ်စနစ်နဲ့ မှတ်ပုုံတင်စနစ်ဆောင်ရွက်ရာမှာ တွေ့ကြံုရမယ့် အခက်အခက် ကြာမြင့်ချိ်န်တွေကို သိရှိဖို့အတွက် စမ်းသပ်ဆောင်ရွက်ရာမှာ ပြည်ထောင်စုနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ ၂၀၁၆ ဒီဇင်ဘာလက စတင် ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ၀န်ကြီးကထည့်သွင်းဖြေကြားခဲ့ပါတယ်။

Biographic Data ကောက်ယူခဲ့ရာမှာ ၁.၃ မီလျံအချက်အလက်ရရှိထားပြီး နောက်ပိုင်းမှာ နိုင်ငံသားအားလုံးရဲ့ လူတစ်ဦးချင်းစီရဲ့ Biographic Data များ ကိုယ်ရေးအချက်အလက်များကို ရရှိလာပါက DATA Base မှာ သိမ်းဆည်းပြီး လူတစ်ဦးချင်းဆီရဲ့ ယူနစ်အိုင်ဒီ ထုတ်ပေးသွားဖို့ စီစဉ်ဆောင်ရွက်နေကြောင်းသိရပါတယ်။ DATA Base မှာ မှတ်ပုံတင်ထိန်းသိမ်းခြင်းကို ပထမအဆင့် ဆောင်ရွက်သွားမှာ ဖြစ်ပြီး နိုင်ငံသားစိစစ်ခြင်း၊ ဒီဂျစ်တယ်စနစ် ပြောင်းလဲပြီးမှ စမတ်ကတ်ထုတ်ပေးခြင်းကို ဒုတိယအဆင့်အနေနဲ့ ထုတ်ပေးသွားဖို့ စီစဉ်ဆောင်ရွက်ထားကြောင်း ဖြေကြားခဲ့ပါတယ်။