
[ Zawgyi ]





ဒါ့အပြင် စင်ကာပူနိုင်ငံ အစိုးရတက္ကသိုလ်များနဲ့ Polytechnics ကျောင်းများဖြစ်တဲ့ Singapore Management University, Ngee Ann Polytechnic, Republic Polytechnic, Singapore Polytechnic, Temasek Polytechnic နဲ့ Nanyang Polytechnic တို့မှ ထောက်ပံ့ကူညီပေးသွားမယ်လို့သိရပါတယ်။


-သန္တာ

============

[ Unicode ]

နိုင်ငံတကာပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာပြပွဲ ကျင်းပမည်

============

RVi Institute မှ နိုင်ငံတကာပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာပြပွဲကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ပွဲကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၉ ရက်၊ နံနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီအထိ မန္တလေးမြို့ရှိ Hilton Mandalay ဟိုတယ်မှာ လည်းကောင်း၊ ဇွန်လ ၁၀ ရက်၊ နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အထိ ရန်ကုန်မြို့၊ မြန်မာပလာဇာမှာ လည်းကောင်း ကျင်းပသွားမှာဖြစ်ပါတယ်။

ပြပွဲမှာ ပညာသင်ဆု လျှောက်ထားနိုင်မယ့် အစီအစဉ်၊ ကျောင်းအသီးသီးမှ ကိုယ်စားလှယ်များနဲ့ တွေ့ဆုံဆွေးနွေးနိုင်မယ့် အစီအစဉ်၊ မိမိ သင်ကြားလိုတဲ့ ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး တစ်ဦးချင်းဆွေးနွေး အကြံပြုပေးမယ့် အစီအစဉ်၊ ကျောင်းဝင်ခွင့် လိုအပ်ချက်များနဲ့ လျှောက်ထားရမယ့်ပုံစံများ အပါအဝင် မြန်မာနိုင်ငံမှာ ရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေနိုင်တဲ့ အစီအစဉ်တွေ ပါ၀င်မယ့် အပြင် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန် ဝင်ခွင့်စာမေးပွဲကြေး ၅၀% ကင်းလွတ်ခွင့်၊ RVi မှ ပေးအပ်တဲ့ ပညာသင်ဆု အစီအစဉ်များနဲ့ Private Education Institution (PEI) ကျောင်းများမှာ လျှောက်ထားသူတွေအတွက် စင်ကာပူသို့ အခမဲ့ လေယာဉ်လက်မှတ်တစ်စောင် စတဲ့ အကျိုးခံစားခွင့်တွေကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။

BCA Academy, SIM Global Education, PSB Academy,့ James Cook University, University of Reading, ဆွစ်ဇာလန်နိုင်ငံရဲ့ Swiss Education Group လက်အောက်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းကျောင်းများ၊ အမေရိကန်နိုင်ငံရှိ Elmhurst College အပါအဝင် EDULINK နဲ့ ချိတ်ဆက်ထားတဲ့ Australia တက္ကသိုလ်များ, RVi Academy Yangon, RVi Institute, Singapore Airlines, Young Living Essential Oils and Supplements, Venari Consulting Services, The Straits Times Myanmar နဲ့ F&N Foods Myanmar Pte. Ltd စတဲ့ အဖွဲ့အစည်းတွေက ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စင်ကာပူနိုင်ငံ အစိုးရတက္ကသိုလ်များနဲ့ Polytechnics ကျောင်းများဖြစ်တဲ့ Singapore Management University, Ngee Ann Polytechnic, Republic Polytechnic, Singapore Polytechnic, Temasek Polytechnic နဲ့ Nanyang Polytechnic တို့မှ ထောက်ပံ့ကူူညီပေးသွားမယ််လို့သိရပါတယ်။

ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံ သိရှိလိုပါက ဒီနေရာမှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။

-သန္တာ