နိုင်ငံတကာထိပ်တန်းတက္ကသိုလ်များ အကြောင်း တစ်ဦးချင်းဆွေးနွေးပွဲ ပြုလုပ်မည်

[ Zawgyi ]




-သန္တာ

[ Unicode ]

IGCSE ဖြေဆိုခဲ့ပြီး Grading အနည်းအများပေါ်မူတည်၍ ရွေးချယ်တက်ရောက်နိုင်မယ့် နိုင်ငံတကာထိပ်တန်းတက္ကသိုလ်များ အကြောင်း တစ်ဦးချင်း ဆွေးနွေးပွဲကို သြဂုတ် ၁၇ ရက် ၊ နံနက် ၁၀ နာရီမှ ၄ နာရီအထိ AT&S ပညာရေးဝန်ဆောင်မှု မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

IGCSE ဖြေဆိုပြီးသူများ Grading အနည်းအများ ပေါ်မူတည်၍ လျောက်ထားတက်ရောက်နိုင်မယ့် နိုင်ငံ၊ တက္ကသိုလ် နှင့် ဘာသာရပ်များ ၊ IGCSE O Level ပြီးဆုံး ထားပြီး A Level ဆက်လက်တက်ရောက်နိုင်မယ့် လမ်းကြောင်းများ ၊University Foundation program၊ International Student pathway program များအကြောင်း၊ IGCSE ကျောင်းသားများအတွက် တက္ကသိုလ်ရွေးချယ်ရာတွင် IGCSE A Level နှင့် University Foundation Program များ ၏ အားနည်းချက်၊ အားသာချက်များ၊ အမေရိကန်တက္ကသိုလ်များသို့ တက်ရောက်ရာတွင်လည်း SAT/ACT မလိုပဲ တက္ကသိုလ်ပထမနှစ်သို့ တိုက်ရိုက်တက်ရောက် နိုင်မယ့် International Year One programများ၊အမေရိကန်ကောလိပ် များမှ တစ်ဆင့်တက်ရောက် နိုင်မယ့် ပညာရေးလမ်းကြောင်းများ၊ နိုင်ငံတကာ တက္ကသိုလ်များသို့ တက်ရောက်ရာတွင် နိုင်ငံအလိုက် သိရှိထားသင့်သည့် သတင်းအချက် အလက်များ ၊ ပညာသင်ဆုလျှောက်ထားနိုင်မည့် လိုအပ်ချက်များ၊ ပြင်ဆင်ထားသင့်တာ တွေကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲတက်ရောက်လိုသူတွေ အနေနဲ့ AT&S (Overseas Education Services ) အဆောင်-၅၊ အခန်း-၄၊ MICT Park၊ လှိုင်မြို့နယ်၊ ဖုန်း- ၀၁- ၆၅၂၃၂၀၊ ၀၉-၅၀၆၂၁၆၁၊ ၀၉-၇၇၇၂၂၃၂၂၅ သို့ ကြိုတင်စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။