နိုင်ငံတကာစာသင်ကြားမှု ပုံစံဖြင့် သင်ကြားပေးမည့် Global Learning Experience သင်တန်းကို အခမဲ့ တက်ရောက်နိုင်မည်

[ Zawgyi ]




နိုင်ငံတကာတက္ကသိုလ်များရှိ လေ့လာသင်ကြားမှုစနစ်တွေကို အခမဲ့ သင်ယူနိုင်မှာဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေ အနေနဲ့ ရန်ကုန်မြို့အတွက် ဇွန်လ၂၉ ရက် နဲ့ မန္တလေးမြို့အတွက် ဇူလိုင်လ ၆ ရက် နောက်ဆုံးထားပြီး Application Form များကို သက်ဆိုင်ရာ ရုံးများသို့ သွားရောက်ဖြည့်စွက် တင်သွင်းရမှာ ဖြစ်ပါတယ်။

အသေးစိတ် အချက်အလက်တွေကိုတော့ ဖုန်း- ဝ၁ ၅၂၇ ၈၃၈ ၊ ဝ၉ ၄၄ ၅၅ ၆၆ ၇ဝ၁၊ ဝ၉ ၄၄ ၅၅ ၆၆ ၇ဝ၂ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ

[ Unicode ]

နိုင်ငံတကာ စာသင်ကြားမှုစနစ်အတိုင်း လေ့လာသင်ယူနိုင်မယ့် Global Learning Experience သင်တန်းကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အခမဲ့ သင်ကြားပေးသွားမယ်လို့ Crown Education မှသိရပါတယ်။

သင်တန်းကို တက္ကသိုလ်ဝင်တန်းနဲ့ iGCSE/GCE‘ O’ ဖြေဆိုအောင်မြင်ထားသူ ကျောင်းသား၊ ကျောင်းသူတွေ တက်ရောက်နိုင်ပြီး မြန်မာကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ပြည်တွင်းမှာ ပညာသင်ယူသည်ဖြစ်စေ၊ တစ်ချိန်ချိန် ပြည်ပမှာ ဆက်လက်ပညာသင်ယူရန် ရည်ရွယ်သည် ဖြစ်စေ မိမိတို့ရွေးချယ်သင်ကြားမယ့်ဘာသာရပ်၊ ပညာရေးလမ်းကြောင်းနဲ့ ပတ်သက်ကာ စနစ်တကျရွေးချယ် သင်ကြားနိုင်စေရန် ရည်ရွယ်ပြီး စီစဉ်ကျင်းပပေးတာဖြစ်ပါတယ်။

သင်တန်းကို ဇူလိုင်လ ၄ ရက် မှ ၆ ရက်အထိ နေ့လယ် ၃ နာရီမှ ညနေ ၅ နာရီ အထိ CROWN Education Yangon Office မှာလည်းကောင်း၊ ဇူလိုင်လ ၈ ရက် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီထိ CROWN Education Mandalay Office မှာလည်းကောင်း ပြုလုပ်သွားမှာပါ။

နိုင်ငံတကာတက္ကသိုလ်များရှိ လေ့လာသင်ကြားမှုစနစ်တွေကို အခမဲ့ သင်ယူနိုင်မှာဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေ အနေနဲ့ ရန်ကုန်မြို့အတွက် ဇွန်လ၂၉ ရက် နဲ့ မန္တလေးမြို့့အတွက် ဇူလိုင်လ ၆ ရက် နောက်ဆုံးထားပြီး Application Form များကို သက်ဆိုင်ရာ ရုံးများသို့ သွားရောက်ဖြည့်စွက် တင်သွင်းရမှာ ဖြစ်ပါတယ်။

အသေးစိတ် အချက်အလက်တွေကိုတော့ ဖုန်း- ဝ၁ ၅၂၇ ၈၃၈ ၊ ဝ၉ ၄၄ ၅၅ ၆၆ ရဝ၁၊ ဝ၉ ၄၄ ၅၅ ၆၆ ရဝ၂ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ