ႀကီးမားတဲ့ မ်က္ႏွာျပင္၊ ေသးငယ္တဲ့ေဘးေဘာင္နဲ႔ Nvidia Max-Q GPU တို႔ပါဝင္လာတဲ့ Razer Blade ေမာ္ဒယ္သစ္

[ Zawgyi ]

Razer Blade ဟာ Razer ရဲ႕ laptop ထုတ္ကုန္ေတြထဲမွာ အဓိကက်တဲ့ laptop ေမာ္ဒယ္အျဖစ္ ႏွစ္အနည္းငယ္ၾကာကတည္းက ရပ္တည္ေနတာ ျဖစ္ပါတယ္။ က်စ္လ်စ္တဲ့ Razer Blade Stealth နဲ႔ တန္ဖိုးႀကီး Blade Pro တို႔ကုိလည္း ႏွစ္အနည္းငယ္အတြင္း update လုပ္ထားပါတယ္။ Razer ဟာ ၂၀၁၃ ခုႏွစ္ကစၿပီး ဒီဇိုင္းပုိင္းအေျခခံ မေျပာင္းလဲဘဲ ထုတ္ကုန္ေတြရဲ႕ အတြင္းပုိင္း hardware ကုိပဲ update လုပ္ခဲ့ပါတယ္။

အခု ေနာက္ဆုံးေပၚ Razer Blade မွာေတာ့ ဒီဇိုင္းပုိင္းကို ေျပာင္းလဲလိုက္ၿပီး မ်က္ႏွာျပင္ ၁၅.၆ လက္မအျပင္ Intel ရဲ႕ေနာက္ဆုံးေပၚ အ႒မေျမာက္မ်ိဳးဆက္ Core i7 ပ႐ိုဆက္ဆာေတြနဲ႔အတူ NVIDIA ရဲ႕ Max-Q ပါဝင္တဲ့အတြက္ အေကာင္းဆုံး gaming laptop အျဖစ္ ဆက္လက္ရပ္တည္ေနပါတယ္။

Razer ဟာ အေစာပုိင္း Blade ေမာ္ဒယ္ေတြမွာ အသုံးျပဳထားတဲ့ ၁၄ လက္မ panel အစား ေမာ္ဒယ္သစ္မွာ ၁၅.၆ လက္မ display ကို ေျပာင္းလဲ အသုံးျပဳခဲ့ပါတယ္။ ဒါ့အျပင္ Razer ဟာ Blade ေမာ္ဒယ္ေဟာင္းေတြမွာ လႊမ္းမိုးထားတဲ့ ေဘးေဘာင္ကို ေသးငယ္ေအာင္လုပ္ခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ကထြက္ရွိခဲ့တဲ့ ေမာ္ဒယ္ထက္ screen ပိုက်ယ္လာပါတယ္။ Blade ေမာ္ဒယ္သစ္ဟာ ေဈးကြက္ေပၚက အေသးငယ္ဆုံး ၁၅.၆ လက္မ gaming laptop ျဖစ္တယ္လို႔ ကုမၸဏီကေျပာပါတယ္။ Razer အေနနဲ႔ Blade ရဲ႕ဒီဇိုင္းကုိ အသပ္ရပ္ဆုံး ျဖစ္ေအာင္ ျပဳလုပ္ထားၿပီး အနက္ေရာင္ အလူမီနီယမ္အဖုံးကို အသုံးျပဳထားပါတယ္။

Razer ဟာ မ်က္ႏွာျပင္ ၁၅.၆ လက္မ display အတြက္ ဗားရွင္းသုံးမ်ိဳး ထုတ္လုပ္ထားၿပီး ေဈးႏႈန္းသက္သာတဲ့ 60Hz 1080p အျပင္ အေကာင္းဆုံး gaming စြမ္းေဆာင္ရည္အတြက္ 144Hz 1080p ဗားရွင္းနဲ႔ ၁၀၀ ရာခုိင္ႏႈန္း RGB အေရာင္ေထာက္ပံ့မႈပါဝင္တဲ့ 4K touchscreen တုိ႔ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Razer Blade အသစ္မွာ Windows Precision Touchpad driver ေထာက္ပံ့မႈနဲ႔ ခလုတ္ႏွစ္ခု ပါဝင္တဲ့ touchpad အစား integrate လုပ္ထားတဲ့ခလုတ္ေတြ ပါဝင္လာပါတယ္။

Blade အသစ္ရဲ႕ စိတ္ဝင္စားစရာအေကာင္ဆုံး feature ကေတာ့ သုံးစြဲသူကိုယ္တိုင္ laptop အစိတ္အပုိင္း ေတြကို အစားထိုးႏိုင္ျခင္းပါတယ္။ Blade မွာ RAM 16GB နဲ႔ M.2 SSD storage 256GB နဲ႔ 512GB တို႔ ပါဝင္လာပါတယ္။ ဒါေပမဲ့ သုံးစြဲသူေတြက RAM 32GB နဲ႔ internal storage ကို 2TB အထိ အစားထိုးႏိုင္ပါတယ္။

Razer Blade ေမာ္ဒယ္အားလုံးမွာ 4.1GHz အထိ turbo boost ပါဝင္တဲ့ 2.2GHz base frequency အထိ clock လုပ္ထားတဲ့ six-core i7-8750H Intel ပ႐ိုဆက္ဆာကို အသုံးျပဳထားပါတယ္။ GTX 1060 ဒါမွမဟုတ္ GTX 1070 graphics card တစ္ခုပါတဲ့ ေမာ္ဒယ္ကုိ ေရြးခ်ယ္ႏိုင္ၿပီး အဲဒီထုတ္ကုန္ႏွစ္ခုစလုံးမွာ Nvidia ရဲ႕ Max-Q ခ်ိန္ညိႇမႈ ဒီဇိုင္းပါဝင္လာပါတယ္။

Razer မွာ Thunderbolt 3 port အျပင္ Mini DisplayPort နဲ႔ HDMI port တို႔ပါဝင္လာပါတယ္။ Blade ရဲ႕ port သံုးခုမွာ display သံုးခု တစ္ၿပိဳင္နက္ ခ်ိတ္ဆက္ႏိုင္ပါတယ္။ ဒါ့အျပင္ USB 3.1 Type-A port ေတြနဲ႔ charging port သစ္တစ္ခုတို႔ ပါဝင္လာပါတယ္။ ဘက္ထရီက 80Wh ျဖစ္ပါတယ္။

Razer Blade ထုတ္ကုန္အတြက္ 60Hz display, GTX 1060 နဲ႔ SSD 256GB တို႔ပါဝင္တဲ့ ဗားရွင္းကို ေဒၚလာ ၁,၈၀၀.၉၉ နဲ႔စတင္ေရာင္းခ်မွာ ျဖစ္ပါတယ္။ 144Hz display ပါဝင္တဲ့ ဗားရွင္းက ေဒၚလာ ၂,၁၉၉.၉၉ (GTX 1060, 512GB SSD) ျဖစ္ပါတယ္။ ေစ်းႀကီးတဲ့ GTX 1070 ပါဝင္တဲ့ေမာ္ဒယ္ေတြကိုလည္း ထုတ္လုပ္ထားပါတယ္။ 4K (GTX 1070, SSD 512GB) ပါဝင္တဲ့ ဗားရွင္းက ေဈးႏႈန္းအျမင့္ဆုံးျဖစ္ၿပီး ၂,၈၉၉.၉၉ ေဒၚလာ က်သင့္မွာျဖစ္ပါတယ္။

စိုးထက္
Ref: TheVerge

===========

[ Unicode ]

ကြီးမားတဲ့ မျက်နှာပြင်၊ သေးငယ်တဲ့ဘေးဘောင်နဲ့ Nvidia Max-Q GPU တို့ပါဝင်လာတဲ့ Razer Blade မော်ဒယ်သစ်

===========

Razer Blade ဟာ Razer ရဲ့ laptop ထုတ်ကုန်တွေထဲမှာ အဓိကကျတဲ့ laptop မော်ဒယ်အဖြစ် နှစ်အနည်းငယ်ကြာကတည်းက ရပ်တည်နေတာ ဖြစ်ပါတယ်။ ကျစ်လျစ်တဲ့ Razer Blade Stealth နဲ့ တန်ဖိုးကြီး Blade Pro တို့ကိုလည်း နှစ်အနည်းငယ်အတွင်း update လုပ်ထားပါတယ်။ Razer ဟာ ၂၀၁၃ ခုနှစ်ကစပြီး ဒီဇိုင်းပိုင်းအခြေခံ မပြောင်းလဲဘဲ ထုတ်ကုန်တွေရဲ့ အတွင်းပိုင်း hardware ကိုပဲ update လုပ်ခဲ့ပါတယ်။

အခု နောက်ဆုံးပေါ် Razer Blade မှာတော့ ဒီဇိုင်းပိုင်းကို ပြောင်းလဲလိုက်ပြီး မျက်နှာပြင် ၁၅.၆ လက်မအပြင် Intel ရဲ့နောက်ဆုံးပေါ် အဋ္ဌမမြောက်မျိုးဆက် Core i7 ပရိုဆက်ဆာတွေနဲ့အတူ NVIDIA ရဲ့ Max-Q ပါဝင်တဲ့အတွက် အကောင်းဆုံး gaming laptop အဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

Razer ဟာ အစောပိုင်း Blade မော်ဒယ်တွေမှာ အသုံးပြုထားတဲ့ ၁၄ လက်မ panel အစား မော်ဒယ်သစ်မှာ ၁၅.၆ လက်မ display ကို ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။ ဒါ့အပြင် Razer ဟာ Blade မော်ဒယ်ဟောင်းတွေမှာ လွှမ်းမိုးထားတဲ့ ဘေးဘောင်ကို သေးငယ်အောင်လုပ်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်ကထွက်ရှိခဲ့တဲ့ မော်ဒယ်ထက် screen ပိုကျယ်လာပါတယ်။ Blade မော်ဒယ်သစ်ဟာ ဈေးကွက်ပေါ်က အသေးငယ်ဆုံး ၁၅.၆ လက်မ gaming laptop ဖြစ်တယ်လို့ ကုမ္ပဏီကပြောပါတယ်။ Razer အနေနဲ့ Blade ရဲ့ဒီဇိုင်းကို အသပ်ရပ်ဆုံး ဖြစ်အောင် ပြုလုပ်ထားပြီး အနက်ရောင် အလူမီနီယမ်အဖုံးကို အသုံးပြုထားပါတယ်။

Razer ဟာ မျက်နှာပြင် ၁၅.၆ လက်မ display အတွက် ဗားရှင်းသုံးမျိုး ထုတ်လုပ်ထားပြီး ဈေးနှုန်းသက်သာတဲ့ 60Hz 1080p အပြင် အကောင်းဆုံး gaming စွမ်းဆောင်ရည်အတွက် 144Hz 1080p ဗားရှင်းနဲ့ ၁၀၀ ရာခိုင်နှုန်း RGB အရောင်ထောက်ပံ့မှုပါဝင်တဲ့ 4K touchscreen တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Razer Blade အသစ်မှာ Windows Precision Touchpad driver ထောက်ပံ့မှုနဲ့ ခလုတ်နှစ်ခု ပါဝင်တဲ့ touchpad အစား integrate လုပ်ထားတဲ့ခလုတ်တွေ ပါဝင်လာပါတယ်။

Blade အသစ်ရဲ့ စိတ်ဝင်စားစရာအကောင်ဆုံး feature ကတော့ သုံးစွဲသူကိုယ်တိုင် laptop အစိတ်အပိုင်း တွေကို အစားထိုးနိုင်ခြင်းပါတယ်။ Blade မှာ RAM 16GB နဲ့ M.2 SSD storage 256GB နဲ့ 512GB တို့ ပါဝင်လာပါတယ်။ ဒါပေမဲ့ သုံးစွဲသူတွေက RAM 32GB နဲ့ internal storage ကို 2TB အထိ အစားထိုးနိုင်ပါတယ်။

Razer Blade မော်ဒယ်အားလုံးမှာ 4.1GHz အထိ turbo boost ပါဝင်တဲ့ 2.2GHz base frequency အထိ clock လုပ်ထားတဲ့ six-core i7-8750H Intel ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ GTX 1060 ဒါမှမဟုတ် GTX 1070 graphics card တစ်ခုပါတဲ့ မော်ဒယ်ကို ရွေးချယ်နိုင်ပြီး အဲဒီထုတ်ကုန်နှစ်ခုစလုံးမှာ Nvidia ရဲ့ Max-Q ချိန်ညှိမှု ဒီဇိုင်းပါဝင်လာပါတယ်။

Razer မှာ Thunderbolt 3 port အပြင် Mini DisplayPort နဲ့ HDMI port တို့ပါဝင်လာပါတယ်။ Blade ရဲ့ port သုံးခုမှာ display သုံးခု တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပါတယ်။ ဒါ့အပြင် USB 3.1 Type-A port တွေနဲ့ charging port သစ်တစ်ခုတို့ ပါဝင်လာပါတယ်။ ဘက်ထရီက 80Wh ဖြစ်ပါတယ်။

Razer Blade ထုတ်ကုန်အတွက် 60Hz display, GTX 1060 နဲ့ SSD 256GB တို့ပါဝင်တဲ့ ဗားရှင်းကို ဒေါ်လာ ၁,၈၀၀.၉၉ နဲ့စတင်ရောင်းချမှာ ဖြစ်ပါတယ်။ 144Hz display ပါဝင်တဲ့ ဗားရှင်းက ဒေါ်လာ ၂,၁၉၉.၉၉ (GTX 1060, 512GB SSD) ဖြစ်ပါတယ်။ စျေးကြီးတဲ့ GTX 1070 ပါဝင်တဲ့မော်ဒယ်တွေကိုလည်း ထုတ်လုပ်ထားပါတယ်။ 4K (GTX 1070, SSD 512GB) ပါဝင်တဲ့ ဗားရှင်းက ဈေးနှုန်းအမြင့်ဆုံးဖြစ်ပြီး ၂,၈၉၉.၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge