[ Zawgyi ]
ၿမိဳ႕ႀကီးေတြမွာ လွ်ပ္စစ္မီးသံုးစြဲမႈ ပိုလာတဲ့အတြက္ေၾကာင့္ ေရဒီယိုအေဝးထိန္းစနစ္နဲ႔ ေဆာင္ရြက္ႏိုင္တဲ့ Digital Meter ကို အသံုးျပဳေဆာင္ရြက္ သြားမယ္လို႔ ေမလ ၁၇ ရက္က ျပဳလုပ္တဲ့ ျပည္သူ႔ လႊတ္ေတာ္အစည္းအေဝးမွာ လွ်ပ္စစ္ႏွင့္စြမ္းအင္ ဝန္ႀကီးဌာနက ဒုတိယဝန္ျဖစ္သူ ေဒါက္တာ ထြန္းႏိုင္က ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။
ၿမိဳ႕ႀကီးေတြမွာ လွ်ပ္စစ္မီးသံုးစြဲမႈ ပိုလာတဲ့အတြက္ေၾကာင့္ ဝန္အားကို အသံုးျပဳႏိုင္မယ့္ 10(60) Ampr ေရဒီယိုအေဝးထိန္းစနစ္နဲ႔ ေဆာင္ရြက္ႏိုင္တဲ့ ဒီဂ်စ္တယ္မီတာေတြကို အသံုးျပဳသြားမွာျဖစ္ေၾကာင္း၊ စက္မႈနဲ႔စီးပြားေရး လုပ္ငန္းေတြမွာ Power Meter အသံုးျပဳသူေတြအတြက္ 10(80)Ampr အသံုးျပဳသြားဖို႔အတြက္ ေဆာင္ရြက္ေနေၾကာင္း ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။
ဒီဂ်စ္တယ္မီတာစနစ္ကို 4 Meter System နဲ႔ေဆာင္ရြက္ဖို႔အတြက္ မူဝါဒခ်မွတ္ထားေၾကာင္း၊ လွ်ပ္စစ္ဓာတ္အား အနည္းငယ္သံုးတဲ့ ေက်းရြာေတြမွာ 5(30)Ampr ဒီဂ်စ္တယ္မီတာ စနစ္ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္း၊ ၿမိဳ႕ငယ္ေတြမွာ အသံုးျပဳမယ့္ ျပည္သူေတြအတြက္ ေစ်းႏႈန္းသက္သာတဲ့ ေရဒီယို အေဝထိန္းစနစ္နဲ႔ ဖတ္ႏိုင္မယ့္ 5(30)Ampr ဒီဂ်စ္တယ္မီတာစနစ္ကို အသံုးျပဳႏိုင္ဖုိ႔ ေဆာင္ရြက္ေန ေၾကာင္း သိရပါတယ္။ ၂၀၁၂ ခုႏွစ္မွစတင္ကာ ျပည္တြင္းမွာ ဒီဂ်စ္တယ္မီတာကို ေျပာင္းလဲတပ္ဆင္ အသံုးျပဳခဲ့ကာ လက္ရွိမွာ အလံုးေရေပါင္း ၁၂ သန္းေက်ာ္ တစ္ႏိုင္ငံလံုး တပ္ဆင္အသံုးျပဳထားတယ္လို႔ ၎ကဆက္ေျပာပါတယ္။
-ေအာင္သက္ကို
==============
[ Unicode ]
မြို့ကြီးများတွင် ရေဒီယိုအဝေးထိန်းစနစ်ဖြင့် ဆောင်ရွက်နိုင်သည့် Digital Meter အသုံးပြုမည်
==============
မြို့ကြီးတွေမှာ လျှပ်စစ်မီးသုံးစွဲမှု ပိုလာတဲ့အတွက်ကြောင့် ရေဒီယိုအဝေးထိန်းစနစ်နဲ့ ဆောင်ရွက်နိုင်တဲ့ Digital Meter ကို အသုံးပြုဆောင်ရွက် သွားမယ်လို့ မေလ ၁၇ ရက်က ပြုလုပ်တဲ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးမှာ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက ဒုတိယဝန်ဖြစ်သူ ဒေါက်တာ ထွန်းနိုင်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။
မြို့ကြီးတွေမှာ လျှပ်စစ်မီးသုံးစွဲမှု ပိုလာတဲ့အတွက်ကြောင့် ဝန်အားကို အသုံးပြုနိုင်မယ့် 10(60) Ampr ရေဒီယိုအဝေးထိန်းစနစ်နဲ့ ဆောင်ရွက်နိုင်တဲ့ ဒီဂျစ်တယ်မီတာတွေကို အသုံးပြုသွားမှာဖြစ်ကြောင်း၊ စက်မှုနဲ့စီးပွားရေး လုပ်ငန်းတွေမှာ Power Meter အသုံးပြုသူတွေအတွက် 10(80)Ampr အသုံးပြုသွားဖို့အတွက် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီဂျစ်တယ်မီတာစနစ်ကို 4 Meter System နဲ့ဆောင်ရွက်ဖို့အတွက် မူဝါဒချမှတ်ထားကြောင်း၊ လျှပ်စစ်ဓာတ်အား အနည်းငယ်သုံးတဲ့ ကျေးရွာတွေမှာ 5(30)Ampr ဒီဂျစ်တယ်မီတာ စနစ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ မြို့ငယ်တွေမှာ အသုံးပြုမယ့် ပြည်သူတွေအတွက် စျေးနှုန်းသက်သာတဲ့ ရေဒီယို အဝေထိန်းစနစ်နဲ့ ဖတ်နိုင်မယ့် 5(30)Ampr ဒီဂျစ်တယ်မီတာစနစ်ကို အသုံးပြုနိုင်ဖို့ ဆောင်ရွက်နေ ကြောင်း သိရပါတယ်။ ၂၀၁၂ ခုနှစ်မှစတင်ကာ ပြည်တွင်းမှာ ဒီဂျစ်တယ်မီတာကို ပြောင်းလဲတပ်ဆင် အသုံးပြုခဲ့ကာ လက်ရှိမှာ အလုံးရေပေါင်း ၁၂ သန်းကျော် တစ်နိုင်ငံလုံး တပ်ဆင်အသုံးပြုထားတယ်လို့ ၎င်းကဆက်ပြောပါတယ်။
-အောင်သက်ကို