ၿဗိတိသွ်ေကာင္စီ IELTS Prize ကို ျမန္မာေက်ာင္းသား ၃ ဦး ရရွိ

[ Zawgyi ]

ၿဗိတိသွ်ေကာင္စီကေပးအပ္တဲ့ IELTS Prize ကို ျမန္မာေက်ာင္းသား ၃ ဦး ရရွိခဲ့ပါတယ္။

Local Prize ေခၚျပည္တြင္းဆုရရွိသူ တစ္ဦးခ်င္းစီကို အေမရိကန္ေဒၚလာ ၂၆၆၀ တန္ဖိုးရွိ ဆုတစ္ဆုခ်င္းစီ ေပးအပ္ခဲ့ပါတယ္။ ဆုရရွိသူေတြကေတာ့ မစုလဲ့ရည္စိုး၊ မေဝမြန္သက္ႏိုင္နဲ႔ ေမာင္သန္းထိုက္ေအာင္တို႔က ရရွိခဲ့တာပါ။

” ႏိုင္ငံျခားမွာပညာသင္ၾကားျခင္းဟာ မိသားစုရဲ႕ေထာက္ပံ့မႈရွိသည့္တိုင္ လြန္စြာမွ ေငြကုန္ေၾကးက် မ်ားလြန္းပါတယ္။ တကၠသိုလ္ပညာ သြားေရာက္ဆည္းပူးတဲ့ အခါမ်ိဳးမွာေပါ့။ ဆုရရွိျခင္းက ကြၽန္ေတာ္ရဲ႕အခ်ိန္ပိုင္းအလုပ္ဆိုင္ရာ ေသာကေတြကို ေျပေပ်ာက္ေစ႐ံုသာမက ကြၽန္ေတာ္ရဲ႕ ေနထိုင္စရိတ္ေတြကို အေထာက္အကူျဖစ္ေစပါတယ္” လို႔ ျပည္တြင္းဆုရရွိသူ ေမာင္သန္းထိုက္ေအာင္က ေျပာပါတယ္။

IELTS ပညာသင္ဆုကို ၂၀၁၁ ခုႏွစ္မွစတင္ကာ ၿဗိတိသွ်ေကာင္စီမွ ေပးအပ္ခဲ့တာျဖစ္ၿပီး အေရွ႕အာရွေဒသ အတြင္းမွ ေက်ာင္းသားေပါင္း ၂၀၆ ဦးကို ေထာက္ပံ့ခဲ့ၿပီး ျဖစ္တယ္လို႔ သိရပါတယ္။

-သႏၲာ

[ Unicode ]

ဗြိတိသျှကောင်စီကပေးအပ်တဲ့ IELTS Prize ကို မြန်မာကျောင်းသား ၃ ဦး ရရှိခဲ့ပါတယ်။

Local Prize ခေါ်ပြည်တွင်းဆုရရှိသူ တစ်ဦးချင်းစီကို အမေရိကန်ဒေါ်လာ ၂၆၆၀ တန်ဖိုးရှိ ဆုတစ်ဆုချင်းစီ ပေးအပ်ခဲ့ပါတယ်။ ဆုရရှိသူတွေကတော့ မစုလဲ့ရည်စိုး၊ မဝေမွန်သက်နိုင်နဲ့ မောင်သန်းထိုက်အောင်တို့က ရရှိခဲ့တာပါ။

” နိုင်ငံခြားမှာပညာသင်ကြားခြင်းဟာ မိသားစုရဲ့ထောက်ပံ့မှုရှိသည့်တိုင် လွန်စွာမှ ငွေကုန်ကြေးကျ များလွန်းပါတယ်။ တက္ကသိုလ်ပညာ သွားရောက်ဆည်းပူးတဲ့ အခါမျိုးမှာပေါ့။ ဆုရရှိခြင်းက ကျွန်တော်ရဲ့အချိန်ပိုင်းအလုပ်ဆိုင်ရာ သောကတွေကို ပြေပျောက်စေရုံသာမက ကျွန်တော်ရဲ့ နေထိုင်စရိတ်တွေကို အထောက်အကူဖြစ်စေပါတယ်” လို့ ပြည်တွင်းဆုရရှိသူ မောင်သန်းထိုက်အောင်က ပြောပါတယ်။

IELTS ပညာသင်ဆုကို ၂၀၁၁ ခုနှစ်မှစတင်ကာ ဗြိတိသျှကောင်စီမှ ပေးအပ်ခဲ့တာဖြစ်ပြီး အရှေ့အာရှဒေသ အတွင်းမှ ကျောင်းသားပေါင်း ၂၀၆ ဦးကို ထောက်ပံ့ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

-သန္တာ