ၿဂိဳဟ္တုလႊတ္တင္ျခင္း ဝန္ေဆာင္မႈမ်ားအေပၚ စိန္ေခၚလာသည့္ တ႐ုတ္တို႔၏တိုးတက္ လာသည့္ ဒံုးပ်ံနည္းပညာ

[ Zawgyi ]

တ႐ုတ္ႏိုင္ငံသည္ ယခုႏွစ္အတြင္း BeiDou Navigation Satellite System-BDS စနစ္ သုံးၿဂိဳဟ္တု ၆ လုံးမွ ၈ လုံးအထိကို လႊတ္တင္သြားမည္ဟု ယခင္အပတ္က ျပဳလုပ္ခဲ့ေသာ (၁၀) ႀကိမ္ေျမာက္ တ႐ုတ္ၿဂိဳဟ္တုလမ္းေၾကာင္းျပ သြားလာမႈဆိုင္ရာ ညီလာခံတြင္ ေျပာဆိုလိုက္ၿပီ ျဖစ္သည္။ ထို႔အျပင္ BDS-3 ၿဂိဳဟ္တု ၂ လုံးမွ ၄ လုံးအထိကို BDS-3 စနစ္ရာႏႈန္းျပည့္ၿပီး ဆုံးမည္ျဖစ္ေသာ ၂၀၂၀ ျပည့္ ႏွစ္တြင္ လႊတ္တင္သြားမည္ ျဖစ္ေၾကာင္း တ႐ုတ္ၿဂိဳဟ္တုလမ္းေၾကာင္းျပ သြားလာမႈ႐ုံးမွဒါ႐ိုက္ တာ Ran Chengqi က ေျပာ ဆိုထားခ့ဲေပသည္။

BDS စနစ္တြင္ တ႐ုတ္ႏွင့္ ပတ္ဝန္းက်င္ေဒသမ်ားအတြင္း စာတိုဆက္သြယ္မႈႏွင့္ ႏိုင္ငံတကာ ကူညီကယ္ဆယ္ေရးဆိုင္ရာ လုပ္ငန္းစဥ္မ်ား ပါရွိမည္ျဖစ္သည္။ တ႐ုတ္သိပၸံပညာရွင္မ်ား ကိုယ္တိုင္တည္ေဆာက္၍ ထိန္းခ်ဳပ္လည္ပတ္ေနေသာ အဆိုပါစနစ္တြင္ BDS-2 ၁၈ လုံးႏွင့္ BDS-3 ၂၀ လုံးတို႔ျဖင့္ ၿဂိဳဟ္တုစုစုေပါင္း ၃၈ လုံးသည္ ကမၻာပတ္လမ္းထဲတြင္ တည္ရွိေနပါသည္။ တ႐ုတ္ႏိုင္ငံအေနျဖင့္ BDS-3 စနစ္ကို ၂၀၀၉ ခုႏွစ္တြင္ စတင္တည္ ေဆာက္ခဲ့ၿပီး ကနဦးစနစ္တည္ ေဆာက္မႈၿပီးဆုံးသည္ႏွင့္ ၂၀၁၈ ခုႏွစ္ ေႏွာင္းပိုင္းမွစတင္ကာ အာကာသ လုပ္ငန္းတာဝန္မ်ားကို စတင္ထမ္းေဆာင္ေစခဲ့ပါသည္။ ထို႔အျပင္ တ႐ုတ္ႏိုင္ငံအေနျဖင့္ BDS စနစ္ကို အေျခခံလ်က္ တိက်ျမင့္မားေသာ ျပည္တြင္းထုတ္ PNT (Positioning, Navigation, and Timing) စနစ္တည္ေဆာက္မႈကို ၂၀၃၅ ခုႏွစ္တြင္ အၿပီးသတ္ႏိုင္ရန္ ရည္မွန္းခ်က္ထား၍ ေဆာင္ရြက္လ်က္ရွိေပသည္။

ၿဂိဳဟ္တုလႊတ္တင္ျခင္းဆိုင္ရာႏွင့္ ပတ္သက္၍မူ တ႐ုတ္ႏိုင္ငံအေနျဖင့္ ယခုႏွစ္အတြင္း Long March-11 ဒုံးပ်ံကို ပင္လယ္ျပင္မွ တစ္ဆင့္လႊတ္တင္ရန္အတြက္ စီစဥ္ေနသည္ဟု သိရွိရသည္။ ထိုသို႔ေဆာင္ရြက္ရျခင္းသည္ အာကာသအတြင္းသို႔ လႊတ္တင္မႈ အေပၚ ကုန္က်စရိတ္ သက္သာေစရန္အတြက္လည္း ျဖစ္သည္။

၎ဒုံးပ်ံကို CZ-11 WEY ဟု အမည္ေပးထားၿပီး China Academy of Launch Vehicle Technology, China Space Foundation ႏွင့္ Chinese Automobile တို႔အၾကား သေဘာ တူညီမႈ ရယူလ်က္ေဆာင္ရြက္ ေနၾကျခင္းျဖစ္သည္။ တ႐ုတ္ႏိုင္ငံသည္ ၎တို႔၏ ပထမဆုံး ပင္လယ္ျပင္ အေျခစိုက္ဒုံးပ်ံလႊတ္တင္မႈကို ၂၀၁၉ ခုႏွစ္ ႏွစ္လယ္ခန႔္၌ ပင္လယ္ဝါတြင္ လႊတ္တင္ႏိုင္ရန္ စီစဥ္ထားရွိသည္ဟု ယခုႏွစ္အေစာပိုင္းတြင္ က်င္းပျပဳလုပ္ခဲ့ေသာ China Aerospace Science & Technology Corporation ညီလာခံတြင္ ထုတ္ျပန္ေၾကညာ ခဲ့ျခင္းလည္း ျဖစ္သည္။ ယခုအခါတြင္ အဆိုပါဒံုးပ်ံကို ေအာင္ျမင္စြာ လႊတ္တင္ႏုိင္ခဲ့ၿပီလည္း ျဖစ္သည္။ အဆုိပါ ဒံုးပ်ံအေနျဖင့္ သိပၸံစမ္းသပ္မႈဆုိင္ရာ ၿဂိဳဟ္တု ၂ လံုးႏွင့္ အျခားေသာ ႏုိင္ငံမ်ားမွ ပါဝင္သည့္ ေစ်းကြက္သံုးၿဂိဳဟ္ တု ၅ လံုးကို သယ္ေဆာင္သြားခဲ့ေပသည္။

ပင္လယ္ျပင္ အေျချပဳပစ္ လႊတ္မႈစနစ္သည္ ကုန္းေျမအေျချပဳ ပစ္လႊတ္မႈစနစ္ထက္ အက်ိဳးေက်းဇူးမ်ားစြာ ရွိပါသည္။ ပစ္လႊတ္သည့္ေနရာသည္ လိုက္ေလ်ာညီေထြမႈရွိသည့္အျပင္ ဒုံးပ်ံမွ က်န္ရစ္ခဲ့သည့္ အစိတ္အပိုင္းမ်ားေၾကာင့္ ထိခိုက္မႈသည္လည္း နည္းပါးႏိုင္မည္ျဖစ္သည္။ အရပ္ဘက္သေဘၤာမ်ားကို ဒုံးပ်ံလႊတ္တင္ရန္ သယ္ေဆာင္ျခင္းအတြက္ အသုံးခ်ျခင္းသည္ ကုန္က်စရိတ္ သက္သာႏိုင္သည့္အတြက္ ေဈးကြက္ အက်ိဳးအျမတ္ရရွိနိုင္မည္ ျဖစ္သည္ဟု ကြ်မ္းက်င္သူမ်ားက ဆိုသည္။

ပင္လယ္ျပင္အေျချပဳ ပစ္လႊတ္မႈနည္း ပညာသည္ Belt & Road ကနဦးေဆာင္ရြက္မႈတြင္ ပါဝင္သည့္ အျခားေသာ ႏိုင္ငံမ်ားအတြက္ တ႐ုတ္ႏိုင္ငံအေနျဖင့္ လႊတ္တင္မႈဝန္ေဆာင္ျခင္းကို အကူအညီေပး ႏိုင္လိမ့္မည္ျဖစ္ ေပသည္။ Long March-11 သည္ အလ်ား ၂၀.၈ မီတာအရွည္ရွိၿပီး အေလးခ်ိန္ ၅၇.၆ တန္ေလးကာ တ႐ုတ္ႏိုင္ငံ၏ မ်ိဳးဆက္သစ္သယ္ ယူပို႔ေဆာင္ေရး ဒုံးပ်ံအသစ္မ်ားထဲမွ အခဲေလာင္စာစနစ္သုံး ဒုံးပ်ံစနစ္တစ္ခုလည္း ျဖစ္ေပသည္။ အဆိုပါ ဒုံးပ်ံအေနျဖင့္ အေလးခ်ိန္ ၃၅၀ ကီလိုဂရမ္ကိုသယ္ေဆာင္၍ ၇၀၀ ကီလိုမီတာျမင့္သည့္ Sun-synchronous ပတ္လမ္းသို႔လည္းေကာင္း ၇၀၀ ကီလိုဂရမ္ရွိသည့္ အေလးခ်ိန္ကို သယ္ေဆာင္၍ ၂၀၀ ကီလိုမီတာျမင့္သည့္ Low-Earth ပတ္လမ္းသို႔လည္းေကာင္း ပို႔ေဆာင္ေပးႏိုင္ မည္ျဖစ္သည္။ ထို႔အျပင္ ဒုံးပ်ံစနစ္သည္တည္ ေဆာက္ပုံ႐ိုးရွင္း၍ အခ်ိန္တိုအတြင္း၌လည္း လႊတ္တင္ႏိုင္သည္ ဟုဆိုသည္။

Long March-11 အေနျဖင့္ ၂၀၁၅ ခုႏွစ္၊ စက္တင္ဘာလ ၂၅ ရက္က ပထမဆုံးအႀကိမ္ ပ်ံသန္းမႈစတင္ျပဳလုပ္ခဲ့ၿပီး ၿဂိဳဟ္တုပစ္လႊတ္မႈ ၆ ႀကိမ္ျဖင့္ ၿဂိဳဟ္တုေပါင္း ၂၅ လုံးကို လႊတ္တင္ ေပးခဲ့ၿပီးလည္း ျဖစ္သည္။ ထို႔အျပင္ တ႐ုတ္အာကာသ ကၽြမ္းက်င္သူမ်ားအေနျဖင့္ Long March- 11 ဒုံးပ်ံ၏အင္ဂ်င္ပိုင္းကို အဆင့္ ျမႇင့္တင္ထားသည္ျဖစ္ရာ ၇၀၀ ကီလိုျမင့္သည့္ Sun-synchronous ပတ္လမ္းသို႔ အေလးခ်ိန္ ၁.၅ တန္ကို သယ္ေဆာင္ပို႔ေပးႏိုင္စြမ္း ရွိမည္ျဖစ္သည္။

အာကာသအေပၚ စိုးမိုးႏုိင္မည့္ တ႐ုတ္တို႔၏ ႀကိဳးစားအားထုတ္မႈေၾကာင့္ တ႐ုတ္ႏိုင္ငံသည္ ၎တို႔ႏိုင္ငံ၏ အာကာသစက္႐ုံမ်ား အဆင့္ျမႇင့္တင္ႏိုင္မႈကို ျဖစ္ေစခဲ့သည့္ မ်ိဳးဆက္သစ္ သယ္ေဆာင္ေရး ဒုံးပ်ံမ်ားကို တီထြင္ ထုတ္လုပ္ႏိုင္ခဲ့ၿပီလည္း ျဖစ္သည္။ အဆိုပါဒုံးပ်ံမ်ားမွာ Long March-7 ႏွင့္ Long March-9 တို႔ကို တီထြင္ႏုိင္ခဲ့ျခင္းလည္း ျဖစ္သည္။ Long March-7 သည္ အလတ္တန္းစား သယ္ေဆာင္ေရး ဒုံးပ်ံျဖစ္ၿပီး လုံၿခဳံစိတ္ခ်ရမႈ ျမင့္မားသည့္ အမ်ိဳးအစားတစ္ခုလည္းျဖစ္သည္။ အဆိုပါဒုံးပ်ံကို တ႐ုတ္ ႏိုင္ငံက အာကာသအတြင္း တည္ေဆာက္ေနေသာ ၎တို႔၏ ကိုယ္ပိုင္အာကာသစခန္းအတြက္ လိုအပ္သည့္ တည္ေဆာက္ေရးပစၥည္းမ်ားကို သယ္ယူပို႔ေဆာင္ေပးရန္ ဒီဇိုင္းတည္ေဆာက္ထားျခင္း ျဖစ္သည္။ အဆိုပါဒုံးပ်ံသည္ တ႐ုတ္ႏိုင္ငံက ဒီဂ်စ္တယ္စနစ္ျဖင့္ ပထမဆုံး ဒီဇိုင္းဆြဲ တည္ေဆာက္ထားသည့္ ဒုံးပ်ံစနစ္ျဖစ္သည့္အတြက္ ဒီဇိုင္းေရးဆြဲျခင္းႏွင့္ တည္ေဆာက္ျခင္း လုပ္ငန္းစဥ္အတြက္ အေသးစိတ္ လုပ္ငန္းစဥ္စီမံခ်က္ (Blueprint) ကို အသုံးျပဳခဲ့ျခင္းမရွိေခ်။

Long March-9 သည္ တ႐ုတ္ႏိုင္ငံ၏ အႀကီးဆုံးႏွင့္အႀကီးစား သယ္ယူပို႔ေဆာင္ေရး ဒုံးပ်ံျဖစ္သည္။ ၎သည္ ပတ္လမ္းအနိမ့္ဆီသို႔ အေလးခ်ိန္ ၅၀ မွ ၁၄၀ တန္အထိ သယ္ေဆာင္ႏိုင္ စြမ္းရွိသည္ဟု ဆိုသည္။ တ႐ုတ္ႏိုင္ငံ၏ လကမၻာရည္မွန္းခ်က္၊ အာကာသအတြင္း နက္႐ိႈင္းစြာ စူးစမ္းေလ့လာျခင္းဆိုင္ရာ၊ အာကာသအေျခခံ အေဆာက္ အအုံတည္ေဆာက္ျခင္းႏွင့္ အာကာသ အရင္းအျမစ္မ်ားအသုံးခ်ျခင္း အစရွိသည့္ ရည္မွန္းခ်က္မ်ားအတြက္ အသုံးျပဳရန္ရည္ရြယ္ တည္ေဆာက္ထားသည့္ ဒုံးပ်ံတစ္စင္းျဖစ္သည္။

Long March-11 သည္ အဆင့္ေလးဆင့္ပါ အခဲေလာင္စာ သုံးဒုံးပ်ံစနစ္ျဖစ္ၿပီး ၎သည္ ပတ္လမ္းအနိမ့္ႏွင့္ Sun-synchronous ပတ္လမ္းအတြင္းသို႔ လႊတ္တင္ရန္ တည္ေဆာက္ထား သည့္ ဒုံးပ်ံစနစ္တစ္ခုျဖစ္ သည္။ ၂၀.၈ မီတာအရွည္ရွိၿပီး အေလးခ်ိန္ ၅၈ တန္ကို သယ္ေဆာင္ႏိုင္ကာ အခ်င္းမွာ ၂ မီတာ ရွိေပသည္။ ထိုဒုံးပ်ံစနစ္ကို ၂၄ နာရီအတြင္း လႊတ္တင္ႏိုင္သည္ ဟုသိရွိရၿပီး တ႐ုတ္ႏိုင္ငံအေနျဖင့္ အဆိုပါဒုံးပ်ံကို ယခုႏွစ္အတြင္း ပင္လယ္ျပင္အေျခစိုက္စနစ္မွ ပစ္လႊတ္ႏိုင္ရန္ စီစဥ္ေဆာင္ရြက္ လ်က္ရွိေပသည္။

ယခုႏွစ္အေစာပိုင္းကလည္း တ႐ုတ္ႏိုင္ငံသည္ လကမၻာ၏ အေမွာင္ဘက္ျခမ္းသို႔ ေလ့လာေရး ၿဂိဳဟ္ဆင္းယာဥ္ကိုပထမဆံုး လႊတ္တင္ကာ ေအာင္ျမင္စြာ ဆင္းသက္မႈျပဳလုပ္ႏိုင္ခဲ့သည့္ ႏုိင္ငံလည္း ျဖစ္သည္။ ၎တို႔အေနျဖင့္ လကမ႓ာအေပၚတြင္ သုေတသန ဌာနတစ္ခုကို တည္ေဆာက္လို ေနျခင္းျဖစ္ၿပီး ကမ႓ာပတ္လမ္းမွ တစ္ဆင့္ အဂၤါၿဂိဳဟ္ဆီသို႔ သြားေရာက္ႏုိင္ရန္ အတြက္ စီမံကိန္း ခ်ထားျခင္း ျဖစ္ပံုရသည္။ ၂၀၀၃ ခုႏွစ္က တ႐ုတ္ႏုိင္ငံအေနျဖင့္ အာကာသအတြင္းသို႔ လူသားမ်ားကို ပုိ႔ေဆာင္ေပးႏိုင္သည့္ တတိယေျမာက္ႏုိင္ငံျဖစ္လာခဲ့ၿပီး ေနာက္ပိုင္းတြင္ ယခုကဲ့သို႔ ပင္လယ္ျပင္ အေျချပဳစနစ္မွ တစ္ဆင့္ ၿဂိဳဟ္တုမ်ားကို ပစ္လႊတ္လာႏုိင္သည့္အတြက္ ၎တို႔တြင္ ေရြ႕လ်ားအေျချပဳ စနစ္မွတစ္ဆင့္ ၿဂိဳဟ္တုမ်ားကို ပစ္လႊတ္ႏုိင္သည့္

စြမ္းရည္ကုိ ပိုင္ဆုိင္ႏုိင္ခဲ့ၿပီျဖစ္သည္ဟု ဆိုရမည္ျဖစ္သည္။ တ႐ုတ္တို႔၏ ၿဂိဳဟ္တုလႊတ္တင္ျခင္းဆုိင္ရာႏွင့္ ပတ္သက္၍လည္း သမၼတျဖစ္သူ ရွီက်င့္ဖ်င္ကုိယ္တိုင္ အားေပးခ်ီးေျမာက္ ျခင္းမ်ားျပဳလုပ္ကာ ကမ႓ာ႔ေစ်းကြက္အတြင္း ၿဂိဳဟ္တုလႊတ္တင္မႈကို ေစ်းႏႈန္းသက္သာစြာျဖင့္ ဝန္ေဆာင္မႈေပးႏုိင္ရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း ေရးသား ေဖာ္ျပလိုက္ရပါသည္။

-ေက်ာ္လင္း (အမိေျမ)

[ Unicode ]

တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း BeiDou Navigation Satellite System-BDS စနစ် သုံးဂြိုဟ်တု ၆ လုံးမှ ၈ လုံးအထိကို လွှတ်တင်သွားမည်ဟု ယခင်အပတ်က ပြုလုပ်ခဲ့သော (၁၀) ကြိမ်မြောက် တရုတ်ဂြိုဟ်တုလမ်းကြောင်းပြ သွားလာမှုဆိုင်ရာ ညီလာခံတွင် ပြောဆိုလိုက်ပြီ ဖြစ်သည်။ ထို့အပြင် BDS-3 ဂြိုဟ်တု ၂ လုံးမှ ၄ လုံးအထိကို BDS-3 စနစ်ရာနှုန်းပြည့်ပြီး ဆုံးမည်ဖြစ်သော ၂၀၂၀ ပြည့် နှစ်တွင် လွှတ်တင်သွားမည် ဖြစ်ကြောင်း တရုတ်ဂြိုဟ်တုလမ်းကြောင်းပြ သွားလာမှုရုံးမှဒါရိုက် တာ Ran Chengqi က ပြော ဆိုထားခဲ့ပေသည်။

BDS စနစ်တွင် တရုတ်နှင့် ပတ်ဝန်းကျင်ဒေသများအတွင်း စာတိုဆက်သွယ်မှုနှင့် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ပါရှိမည်ဖြစ်သည်။ တရုတ်သိပ္ပံပညာရှင်များ ကိုယ်တိုင်တည်ဆောက်၍ ထိန်းချုပ်လည်ပတ်နေသော အဆိုပါစနစ်တွင် BDS-2 ၁၈ လုံးနှင့် BDS-3 ၂၀ လုံးတို့ဖြင့် ဂြိုဟ်တုစုစုပေါင်း ၃၈ လုံးသည် ကမ္ဘာပတ်လမ်းထဲတွင် တည်ရှိနေပါသည်။ တရုတ်နိုင်ငံအနေဖြင့် BDS-3 စနစ်ကို ၂၀၀၉ ခုနှစ်တွင် စတင်တည် ဆောက်ခဲ့ပြီး ကနဦးစနစ်တည် ဆောက်မှုပြီးဆုံးသည်နှင့် ၂၀၁၈ ခုနှစ် နှောင်းပိုင်းမှစတင်ကာ အာကာသ လုပ်ငန်းတာဝန်များကို စတင်ထမ်းဆောင်စေခဲ့ပါသည်။ ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် BDS စနစ်ကို အခြေခံလျက် တိကျမြင့်မားသော ပြည်တွင်းထုတ် PNT (Positioning, Navigation, and Timing) စနစ်တည်ဆောက်မှုကို ၂၀၃၅ ခုနှစ်တွင် အပြီးသတ်နိုင်ရန် ရည်မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိပေသည်။

ဂြိုဟ်တုလွှတ်တင်ခြင်းဆိုင်ရာနှင့် ပတ်သက်၍မူ တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်အတွင်း Long March-11 ဒုံးပျံကို ပင်လယ်ပြင်မှ တစ်ဆင့်လွှတ်တင်ရန်အတွက် စီစဉ်နေသည်ဟု သိရှိရသည်။ ထိုသို့ဆောင်ရွက်ရခြင်းသည် အာကာသအတွင်းသို့ လွှတ်တင်မှု အပေါ် ကုန်ကျစရိတ် သက်သာစေရန်အတွက်လည်း ဖြစ်သည်။

၎င်းဒုံးပျံကို CZ-11 WEY ဟု အမည်ပေးထားပြီး China Academy of Launch Vehicle Technology, China Space Foundation နှင့် Chinese Automobile တို့အကြား သဘော တူညီမှု ရယူလျက်ဆောင်ရွက် နေကြခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ၎င်းတို့၏ ပထမဆုံး ပင်လယ်ပြင် အခြေစိုက်ဒုံးပျံလွှတ်တင်မှုကို ၂၀၁၉ ခုနှစ် နှစ်လယ်ခန့်၌ ပင်လယ်ဝါတွင် လွှတ်တင်နိုင်ရန် စီစဉ်ထားရှိသည်ဟု ယခုနှစ်အစောပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သော China Aerospace Science & Technology Corporation ညီလာခံတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။ ယခုအခါတွင် အဆိုပါဒုံးပျံကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီလည်း ဖြစ်သည်။ အဆိုပါ ဒုံးပျံအနေဖြင့် သိပ္ပံစမ်းသပ်မှုဆိုင်ရာ ဂြိုဟ်တု ၂ လုံးနှင့် အခြားသော နိုင်ငံများမှ ပါဝင်သည့် စျေးကွက်သုံးဂြိုဟ် တု ၅ လုံးကို သယ်ဆောင်သွားခဲ့ပေသည်။

ပင်လယ်ပြင် အခြေပြုပစ် လွှတ်မှုစနစ်သည် ကုန်းမြေအခြေပြု ပစ်လွှတ်မှုစနစ်ထက် အကျိုးကျေးဇူးများစွာ ရှိပါသည်။ ပစ်လွှတ်သည့်နေရာသည် လိုက်လျောညီထွေမှုရှိသည့်အပြင် ဒုံးပျံမှ ကျန်ရစ်ခဲ့သည့် အစိတ်အပိုင်းများကြောင့် ထိခိုက်မှုသည်လည်း နည်းပါးနိုင်မည်ဖြစ်သည်။ အရပ်ဘက်သင်္ဘောများကို ဒုံးပျံလွှတ်တင်ရန် သယ်ဆောင်ခြင်းအတွက် အသုံးချခြင်းသည် ကုန်ကျစရိတ် သက်သာနိုင်သည့်အတွက် ဈေးကွက် အကျိုးအမြတ်ရရှိနိုင်မည် ဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

ပင်လယ်ပြင်အခြေပြု ပစ်လွှတ်မှုနည်း ပညာသည် Belt & Road ကနဦးဆောင်ရွက်မှုတွင် ပါဝင်သည့် အခြားသော နိုင်ငံများအတွက် တရုတ်နိုင်ငံအနေဖြင့် လွှတ်တင်မှုဝန်ဆောင်ခြင်းကို အကူအညီပေး နိုင်လိမ့်မည်ဖြစ် ပေသည်။ Long March-11 သည် အလျား ၂၀.၈ မီတာအရှည်ရှိပြီး အလေးချိန် ၅၇.၆ တန်လေးကာ တရုတ်နိုင်ငံ၏ မျိုးဆက်သစ်သယ် ယူပို့ဆောင်ရေး ဒုံးပျံအသစ်များထဲမှ အခဲလောင်စာစနစ်သုံး ဒုံးပျံစနစ်တစ်ခုလည်း ဖြစ်ပေသည်။ အဆိုပါ ဒုံးပျံအနေဖြင့် အလေးချိန် ၃၅၀ ကီလိုဂရမ်ကိုသယ်ဆောင်၍ ရ၀၀ ကီလိုမီတာမြင့်သည့် Sun-synchronous ပတ်လမ်းသို့လည်းကောင်း ရ၀၀ ကီလိုဂရမ်ရှိသည့် အလေးချိန်ကို သယ်ဆောင်၍ ၂၀၀ ကီလိုမီတာမြင့်သည့် Low-Earth ပတ်လမ်းသို့လည်းကောင်း ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် ဒုံးပျံစနစ်သည်တည် ဆောက်ပုံရိုးရှင်း၍ အချိန်တိုအတွင်း၌လည်း လွှတ်တင်နိုင်သည် ဟုဆိုသည်။

Long March-11 အနေဖြင့် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်က ပထမဆုံးအကြိမ် ပျံသန်းမှုစတင်ပြုလုပ်ခဲ့ပြီး ဂြိုဟ်တုပစ်လွှတ်မှု ၆ ကြိမ်ဖြင့် ဂြိုဟ်တုပေါင်း ၂၅ လုံးကို လွှတ်တင် ပေးခဲ့ပြီးလည်း ဖြစ်သည်။ ထို့အပြင် တရုတ်အာကာသ ကျွမ်းကျင်သူများအနေဖြင့် Long March- 11 ဒုံးပျံ၏အင်ဂျင်ပိုင်းကို အဆင့် မြှင့်တင်ထားသည်ဖြစ်ရာ ရ၀၀ ကီလိုမြင့်သည့် Sun-synchronous ပတ်လမ်းသို့ အလေးချိန် ၁.၅ တန်ကို သယ်ဆောင်ပို့ပေးနိုင်စွမ်း ရှိမည်ဖြစ်သည်။

အာကာသအပေါ် စိုးမိုးနိုင်မည့် တရုတ်တို့၏ ကြိုးစားအားထုတ်မှုကြောင့် တရုတ်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ အာကာသစက်ရုံများ အဆင့်မြှင့်တင်နိုင်မှုကို ဖြစ်စေခဲ့သည့် မျိုးဆက်သစ်သယ်ဆောင်ရေး ဒုံးပျံများကို တီထွင် ထုတ်လုပ်နိုင်ခဲ့ပြီလည်း ဖြစ်သည်။ အဆိုပါဒုံးပျံများမှာ Long March-7 နှင့် Long March-9 တို့ကို တီထွင်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ Long March-7 သည် အလတ်တန်းစား သယ်ဆောင်ရေး ဒုံးပျံဖြစ်ပြီး လုံခြုံစိတ်ချရမှု မြင့်မားသည့် အမျိုးအစားတစ်ခုလည်းဖြစ်သည်။ အဆိုပါဒုံးပျံကို တရုတ် နိုင်ငံက အာကာသအတွင်း တည်ဆောက်နေသော ၎င်းတို့၏ ကိုယ်ပိုင်အာကာသစခန်းအတွက် လိုအပ်သည့် တည်ဆောက်ရေးပစ္စည်းများကို သယ်ယူပို့ဆောင်ပေးရန် ဒီဇိုင်းတည်ဆောက်ထားခြင်း ဖြစ်သည်။ အဆိုပါဒုံးပျံသည် တရုတ်နိုင်ငံက ဒီဂျစ်တယ်စနစ်ဖြင့် ပထမဆုံး ဒီဇိုင်းဆွဲ တည်ဆောက်ထားသည့် ဒုံးပျံစနစ်ဖြစ်သည့်အတွက် ဒီဇိုင်းရေးဆွဲခြင်းနှင့် တည်ဆောက်ခြင်း လုပ်ငန်းစဉ်အတွက် အသေးစိတ် လုပ်ငန်းစဉ်စီမံချက် (Blueprint) ကို အသုံးပြုခဲ့ခြင်းမရှိချေ။

Long March-9 သည် တရုတ်နိုင်ငံ၏ အကြီးဆုံးနှင့်အကြီးစား သယ်ယူပို့ဆောင်ရေး ဒုံးပျံဖြစ်သည်။ ၎င်းသည် ပတ်လမ်းအနိမ့်ဆီသို့ အလေးချိန် ၅၀ မှ ၁၄၀ တန်အထိ သယ်ဆောင်နိုင် စွမ်းရှိသည်ဟု ဆိုသည်။ တရုတ်နိုင်ငံ၏ လကမ္ဘာရည်မှန်းချက်၊ အာကာသအတွင်း နက်ရှိုင်းစွာ စူးစမ်းလေ့လာခြင်းဆိုင်ရာ၊ အာကာသအခြေခံ အဆောက် အအုံတည်ဆောက်ခြင်းနှင့် အာကာသ အရင်းအမြစ်များအသုံးချခြင်း အစရှိသည့် ရည်မှန်းချက်များအတွက် အသုံးပြုရန်ရည်ရွယ် တည်ဆောက်ထားသည့် ဒုံးပျံတစ်စင်းဖြစ်သည်။

Long March-11 သည် အဆင့်လေးဆင့်ပါ အခဲလောင်စာ သုံးဒုံးပျံစနစ်ဖြစ်ပြီး ၎င်းသည် ပတ်လမ်းအနိမ့်နှင့် Sun-synchronous ပတ်လမ်းအတွင်းသို့ လွှတ်တင်ရန် တည်ဆောက်ထားသည့် ဒုံးပျံစနစ်တစ်ခုဖြစ် သည်။ ၂၀.၈ မီတာအရှည်ရှိပြီး အလေးချိန် ၅၈ တန်ကို သယ်ဆောင်နိုင်ကာ အချင်းမှာ ၂ မီတာ ရှိပေသည်။ ထိုဒုံးပျံစနစ်ကို ၂၄ နာရီအတွင်း လွှတ်တင်နိုင်သည် ဟုသိရှိရပြီး တရုတ်နိုင်ငံအနေဖြင့် အဆိုပါဒုံးပျံကို ယခုနှစ်အတွင်း ပင်လယ်ပြင်အခြေစိုက်စနစ်မှ ပစ်လွှတ်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပေသည်။

ယခုနှစ်အစောပိုင်းကလည်း တရုတ်နိုင်ငံသည် လကမ္ဘာ၏ အမှောင်ဘက်ခြမ်းသို့ လေ့လာရေး ဂြိုဟ်ဆင်းယာဉ်ကိုပထမဆုံး လွှတ်တင်ကာ အောင်မြင်စွာ ဆင်းသက်မှုပြုလုပ်နိုင်ခဲ့သည့် နိုင်ငံလည်း ဖြစ်သည်။ ၎င်းတို့အနေဖြင့် လကမ႓ာအပေါ်တွင် သုတေသန ဌာနတစ်ခုကို တည်ဆောက်လို နေခြင်းဖြစ်ပြီး ကမ႓ာပတ်လမ်းမှ တစ်ဆင့် အင်္ဂါဂြိုဟ်ဆီသို့ သွားရောက်နိုင်ရန် အတွက် စီမံကိန်း ချထားခြင်း ဖြစ်ပုံရသည်။ ၂၀၀၃ ခုနှစ်က တရုတ်နိုင်ငံအနေဖြင့် အာကာသအတွင်းသို့ လူသားများကို ပို့ဆောင်ပေးနိုင်သည့် တတိယမြောက်နိုင်ငံဖြစ်လာခဲ့ပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ ပင်လယ်ပြင် အခြေပြုစနစ်မှ တစ်ဆင့် ဂြိုဟ်တုများကို ပစ်လွှတ်လာနိုင်သည့်အတွက် ၎င်းတို့တွင် ရွေ့လျားအခြေပြု စနစ်မှတစ်ဆင့် ဂြိုဟ်တုများကို ပစ်လွှတ်နိုင်သည့်

စွမ်းရည်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ တရုတ်တို့၏ ဂြိုဟ်တုလွှတ်တင်ခြင်းဆိုင်ရာနှင့် ပတ်သက်၍လည်း သမ္မတဖြစ်သူ ရှီကျင့်ဖျင်ကိုယ်တိုင် အားပေးချီးမြောက် ခြင်းများပြုလုပ်ကာ ကမ႓ာ့စျေးကွက်အတွင်း ဂြိုဟ်တုလွှတ်တင်မှုကို စျေးနှုန်းသက်သာစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရေးသား ဖော်ပြလိုက်ရပါသည်။