သြဂုတ်လ ၉ရက်မှာ တရားဝင်မိတ်ဆက်မယ့် EMUI 10

[ Zawgyi ]




စိုးထက်
Ref: GSMArena

[ Unicode ]

Huawei အနေနဲ့ နှစ်စဉ်ကျင်းပနေကျ Developers ကွန်ဖရင့်ကို အခုတစ်ပတ်အတွင်း တရုတ်မှာ ပြုလုပ်သွားပါမယ်။ Huawei အနေနဲ့ hardware နဲ့ software သစ်ကို မိတ်ဆက်နိုင်ပြီး HongMeng OS ကိုလည်း တရားဝင်မိတ်ဆက်နိုင်ပါတယ်။ HongMeng OS ဟာဒီနှစ်အစောပိုင်းမှာ ထွက်ရှိလာနိုင်ပါတယ်။

Huawei အနေနဲ့ ပွဲမှာ Huawei Mate 30 နဲ့ Huawei Mate 30 Pro နဲ့အတူပါဝင်လာနိုင်တဲ့ UI ဗားရှင်းသစ် EMUI 10 ကိုမိတ်ဆက်ဖွယ်ရှိပါတယ်။

EMUI သစ်တွေဟာ နောက်ဆုံးပေါ် Android OS ကိုအခြေပြုပြီး တည်ဆောက်ထားပါတယ်။ ဒါပေမယ့် အသစ်ထွက်ရှိမယ့် Android Q အမည်နဲ့ ဘယ်အချိန်မှာ ဖြန့်ချိမလဲဆိုတာကို မသိရသေးပါဘူး။ EMUI မှာဘာ feature သစ်တွေပါဝင်လာမလဲဆိုတာလည်း သေချာမသိရသေးပါဘူး။

Ref: GSMArena