(၉) နှစ်အတွင်း ပထမဆုံးအကြိမ် စမတ်ဖုန်း တင်ပို့ရောင်းချမှု သန်း ၃၀၀ မပြည့်ခဲ့တဲ့ Samsung

တောင်ကိုရီးယားက ထွက်လာတဲ့ သတင်းအရ Samsung ဟာ ဒီနှစ်မှာတော့ မျှော်မှန်းထားသလို ဖုန်းအလုံးရေ သန်း ၃၀၀ မရောင်းချနိုင်ခဲ့ပါဘူး။ အခု ရောင်းအားဟာ (၉) နှစ်အတွင်း ပထမဆုံးအကြိမ် ပစ်မှတ်ကို မရောက်ရှိခဲ့တာပါ။ Samsung ကတော့ ဒီနှစ်အတွင်း ဖုန်းအလုံးရေ သန်း ၂၇၀ ရောင်းချဖို့ ခန့်မှန်းခဲ့တယ်။

၂၀၂၀ တတိယသုံးလပတ်ကုန်မှာတော့ ဖုန်းအလုံးရေ ၁၈၉ သန်းပဲ ရောင်းချရတယ်လို့ Samsung အတည်ပြုခဲ့ပါတယ်။ ဖုန်းပမာဏက ဒီနှစ်ကပ်ရောဂါ ကာလအတွင်း အလွန်ကောင်းတဲ့ ရောင်းအားပမာဏပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Samsung က ၂၀၂၁ ခုနှစ်အရောက် ဖုန်းအလုံးရေ ၃၀၇ သန်းအထိ တင်ပို့ဖို့ သတ်မှတ်ထားပါတယ်။ Samsung ဟာ အလယ်အလတ်တန်းစားဖုန်းနဲ့ ဈေးသက်သာတဲ့ 5G ဖုန်းတွေ ထုတ်လုပ်တာ အပြင် ခေါက်စမတ်ဖုန်း ကြော်ငြာအားနဲ့ ဖုန်းရောင်းချမှုကို မြှင့်တင်သွားပါမယ်။

Samsung ဟာ ကမ္ဘာတစ်ဝန်းတင်ပို့မယ့် ဖုန်းအလုံးရေ ၂၈၇ သန်းကတော့ စမတ်ဖုန်း ဖြစ်ပြီး ကျန်တဲ့ဖုန်းတွေက ခလုတ်ဖုန်းတွေပါ။ ဖုန်းအလုံးရေ ၂၈၇ သန်းမှာ သန်း ၅၀ လောက်ကတော့ တန်ဖိုးကြီး flagship ဖုန်းတွေပါပဲ။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««