
ပြည်တွင်းမှာ လူသုံးများတဲ့ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Facebook ကို ၉၉ ကျပ်ဖြင့် ရက် ၃၀ ကြာ အကန့်သတ်မရှိ အသုံးပြုနိုင်မယ့် Facebook ညသုံးအစီအစဉ်ကို တယ်လီနော မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။
Facebook အက်ပလီကေးရှင်း၊ ဝက်ဆိုက်နဲ့ Messenger တို့မှတစ်ဆင့် Facebook ညလုံးပေါက်အစီအစဉ်ကို သုံးစွဲသူတွေအနေနဲ့ ည ၁၁ နာရီမှ နောက်နေ့ နံနက် ၇ နာရီအတွင်း အကန့်အသတ်မဲ့ စိတ်ကြိုက်အသုံးပြုနိုင်မှာဖြစ်ပြီး ယခုအစီအစဉ်တွင် Messenger မှတစ်ဆင့် ဗီဒီယိုခေါ်ဆိုခြင်း၊ ဖုန်းခေါ်ဆိုခြင်းများ အကျုံးမဝင်သဖြင့် သုံးစွဲသူတွေအနေနဲ့ Messenger မှတစ်ဆင့် ဗီဒီယိုခေါ်ဆိုခြင်း၊ ဖုန်းခေါ်ဆိုခြင်းများအတွက် ဝယ်ယူထားတဲ့ ဒေတာပက်ကေ့ခ်ျ သို့မဟုတ် သုံးသလောက်ပေး အင်တာနက်နှုန်းထားနဲ့ ခေါ်ဆိုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
တယ်လီနောသုံးစွဲသူတွေအနေနဲ့ ယခု အစီအစဉ်သစ်ကို MyTelenor အက်ပလီကေးရှင်းမှတစ်ဆင့် သို့မဟုတ် *8099# သို့ ဖုန်းခေါ်ဆိုကာ ရယူအသုံးပြုနိုင်ပြီး တစ်ခါရယူထားရုံနဲ့ ရက် ၃၀ ကြာ နေ့စဉ် ည ၁၁ နာရီ မှ နောက်နေ့ နံနက် ၇ နာရီအထိ အကန့်အသတ်မရှိ စိတ်ကြိုက်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ၎င်း Facebook ညလုံးပေါက်အစီအစဉ်ကို ဇွန်လ ၄ ရက် ၂၀၂၀ ခုနှစ်မှ ဇွန်လ ၃၀ ရက် ၂၀၂၀ ခုနှစ်ထိ ပရိုမိုးရှင်းအစီအစဉ်တစ်ခု အနေနဲ့ ပြုလုပ်သွားမှာဖြစ်ပြီး အပြောင်းအလဲများရှိပါက ထပ်မံ အသိပေးကြေညာပေးသွားမယ်လို့ သိရပါတယ်။
-ရဲထွဋ်ဝင်း