၈ လက္မ Full-HD Display နဲ႔ Snapdragon 660 SoC ပါဝင္တဲ့ Xiaomi Mi Pad 4

[ Zawgyi ]

Xiaomi ဟာ Mi Pad 4 တက္ဘလက္ကို Redmi 6 Pro စမတ္ဖုန္းနဲ႔အတူ မိတ္ဆက္ေပးခဲ့ပါတယ္။

Mi Pad 4 ကို Wi-Fi ေရာ Wi-Fi + LTE နဲ႔ပါ ရရိွႏိုင္ပါတယ္။ ဒီတက္ဘလက္မွာ ၈ လက္မ 16:10 display ပါဝင္ၿပီး ‘smart game acceleration’ ကို ေထာက္ပံ့ေပးႏိုင္တဲ့ Snapdragon 660 SoC ကို အသံုးျပဳထားပါတယ္။ AI Face Unlock ကိုလည္း ေထာက္ပံ့ေပးထားပါတယ္။

Xiaomi Mi Pad 4 မွာ Android အေျခခံ MIUI 9 ကို အသံုးျပဳထားပါတယ္။ Display က ၈ လက္မ full_HD (1920 x 1200 pixels) နဲ႔ 16:10 aspect ratio ျဖစ္ၿပီး pixel သိပ္သည္းဆက 283ppi ျဖစ္ပါတယ္။ 2.2GHz octa-core Qualcomm Snapdragon 660 SoC ကို အသံုးျပဳထားၿပီး RAM ကို 3GB ဒါမွမဟုတ္ 4GB နဲ႔ ရရိွႏိုင္ပါတယ္။

ေက်ာဘက္မွာ 13-megapixel f/2.0 ကင္မရာပါဝင္ၿပီး HDR ကို ေထာက္ပံ့ေပးထားပါတယ္။ အေရွ႕ဘက္ကင္မရာက 5-megapixel f/2.0 ျဖစ္ၿပီး AI Face Unlock feature နဲ႔အသံုးျပဳႏိုင္ပါတယ္။ သိုေလွာင္မႈပမာဏကိုေတာ့ 32GB နဲ႔ 64GB ဆိုၿပီးရရိွႏိုင္ပါတယ္။ MicroSD card ကေန သိုေလွာင္မႈပမာဏ တိုးျမွင့္ႏိုင္ပါတယ္။

ခ်ိတ္ဆက္မႈပိုင္းအေနနဲ႔ 4G LTE (Nano-SIM တစ္ခု), Wi-Fi 802.11 a/b/g/n/ac (dual-band, 2.45GHz နဲ႔ 5GHz), Bluetooth v5.0, 3.5mm နားၾကပ္ေပါက္နဲ႔ USB Type-C တို႔ ပါဝင္လာပါတယ္။ LTE ေမာ္ဒယ္မွာ GPS နဲ႔ A-GPS option ေတြ ပါဝင္ပါတယ္။

တန္ဖိုးက 3GB/32GB (Wi-Fi) ေမာ္ဒယ္အတြက္ ၁၆၉ ေဒၚလာျဖစ္ပါတယ္။ 4GB/64GB (Wi-Fi) အတြက္က ၂၁၅ ေဒၚလာ ျဖစ္ပါတယ္။ 4GB/64GB (Wi-Fi + LTE) အတြက္က ေဒၚလာ ၂၃၀ ျဖစ္ပါတယ္။ ဒီတက္ဘလက္ေတြကို ဇြန္လ ၂၉ ရက္ကစၿပီး ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: NDTV

[ Unicode ]

Xiaomi ဟာ Mi Pad 4 တက်ဘလက်ကို Redmi 6 Pro စမတ်ဖုန်းနဲ့အတူ မိတ်ဆက်ပေးခဲ့ပါတယ်။

Mi Pad 4 ကို Wi-Fi ရော Wi-Fi + LTE နဲ့ပါ ရရှိနိုင်ပါတယ်။ ဒီတက်ဘလက်မှာ ၈ လက်မ 16:10 display ပါဝင်ပြီး ‘smart game acceleration’ ကို ထောက်ပံ့ပေးနိုင်တဲ့ Snapdragon 660 SoC ကို အသုံးပြုထားပါတယ်။ AI Face Unlock ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

Xiaomi Mi Pad 4 မှာ Android အခြေခံ MIUI 9 ကို အသုံးပြုထားပါတယ်။ Display က ၈ လက်မ full_HD (1920 x 1200 pixels) နဲ့ 16:10 aspect ratio ဖြစ်ပြီး pixel သိပ်သည်းဆက 283ppi ဖြစ်ပါတယ်။ 2.2GHz octa-core Qualcomm Snapdragon 660 SoC ကို အသုံးပြုထားပြီး RAM ကို 3GB ဒါမှမဟုတ် 4GB နဲ့ ရရှိနိုင်ပါတယ်။

ကျောဘက်မှာ 13-megapixel f/2.0 ကင်မရာပါဝင်ပြီး HDR ကို ထောက်ပံ့ပေးထားပါတယ်။ အရှေ့ဘက်ကင်မရာက 5-megapixel f/2.0 ဖြစ်ပြီး AI Face Unlock feature နဲ့အသုံးပြုနိုင်ပါတယ်။ သိုလှောင်မှုပမာဏကိုတော့ 32GB နဲ့ 64GB ဆိုပြီးရရှိနိုင်ပါတယ်။ MicroSD card ကနေ သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်ပါတယ်။

ချိတ်ဆက်မှုပိုင်းအနေနဲ့ 4G LTE (Nano-SIM တစ်ခု), Wi-Fi 802.11 a/b/g/n/ac (dual-band, 2.45GHz နဲ့ 5GHz), Bluetooth v5.0, 3.5mm နားကြပ်ပေါက်နဲ့ USB Type-C တို့ ပါဝင်လာပါတယ်။ LTE မော်ဒယ်မှာ GPS နဲ့ A-GPS option တွေ ပါဝင်ပါတယ်။

တန်ဖိုးက 3GB/32GB (Wi-Fi) မော်ဒယ်အတွက် ၁၆၉ ဒေါ်လာဖြစ်ပါတယ်။ 4GB/64GB (Wi-Fi) အတွက်က ၂၁၅ ဒေါ်လာ ဖြစ်ပါတယ်။ 4GB/64GB (Wi-Fi + LTE) အတွက်က ဒေါ်လာ ၂၃၀ ဖြစ်ပါတယ်။ ဒီတက်ဘလက်တွေကို ဇွန်လ ၂၉ ရက်ကစပြီး ရောင်းချသွားမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: NDTV