၈ လက္မ ေခါက္စမတ္ဖုန္းအတြက္ တ႐ုတ္ display ကုမၸဏီနဲ႔ ပူးေပါင္းေဆာင္ရြက္ေနတဲ့ Huawei

[ Zawgyi ]

Huawei ဟာ တ႐ုတ္ display ကုမၸဏီ BOE နဲ႔ လက္တြဲၿပီး ေခါက္စမတ္ဖုန္းတစ္မ်ိဳး ဖန္တီးေနတယ္လို႔ ကိုရီးယားသတင္းဌာနျဖစ္တဲ့ ET News က ေဖာ္ျပခဲ့ပါတယ္။

အဆိုပါ ကုမၸဏီႏွစ္ခုဟာ ၈ လက္မ display တစ္ခု ပါဝင္တဲ့ ေခါက္စမတ္ဖုန္းတစ္မ်ိဳးကို ဖန္တီးေနတာျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါသတင္းဟာ Huawei က ေခါက္စမတ္ဖုန္းကို Samsung ထက္ အရင္ ႏိုဝင္ဘာလမွ မိတ္ဆက္ဖို႔ ရည္မွန္းထားတယ္ဆိုတဲ့ သတင္းထြက္ၿပီး တစ္လေက်ာ္အၾကာမွာ ထြက္ေပၚလာတာ ျဖစ္ပါတယ္။

အခုထြက္ေပၚလာတဲ့ သတင္းမွာ BOE က ကုမၸဏီႏွစ္ခုအတြက္ ေခါက္စမတ္ဖုန္း ေလးမ်ိဳး ဖန္တီးေနတယ္လို႔ ေဖာ္ျပထားပါတယ္။ အဲ့ဒီေဖာက္သည္ေတြထဲက တစ္ခုဟာ Samsung ျဖစ္ႏိုင္သလို တ႐ုတ္ဖုန္းအမွတ္တံဆိပ္ျဖစ္တဲ့ Xiaomi ဒါမွမဟုတ္ Oppo လည္း ျဖစ္ႏိုင္ပါတယ္။

Xiaomi ဟာ ေခါက္ႏိုင္တဲ့ display တစ္ခု ပါဝင္တဲ့ ထုတ္ကုန္တစ္မ်ိဳးအတြက္ မူပိုင္ခြင့္တင္ထားသလို ၂၀၁၆ ခုႏွစ္ကလည္း ကုမၸဏီရဲ႕ ေကြးႏိုင္တဲ့ screen လို႔ယူဆရတဲ့ ဓာတ္ပံုေတြ ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ Oppo လည္းပဲ ေခါက္စမတ္ဖုန္း မူပိုင္ခြင့္တစ္ခုကို တင္ထားပါတယ္။

တ႐ုတ္ display ကုမၸဏီ BOE ဟာ ေလာ့အိန္ဂ်လိစ္မွာ ေမလ ၂၀ ရက္ကေန ၂၅ ရက္အထိ က်င္းပတဲ့ SID Display Week ျပပြဲမွာ ေခါက္ႏိုင္တဲ့ display ေတြနဲ႔အတူ ၅.၉၉ လက္မ ေခါက္ႏိုင္တဲ့ စမတ္ဖုန္းနဲ႔ ၇.၅၆ လက္မ ေခါက္ႏိုင္တဲ့ tablet တို႔ကို ျပသခဲ့ပါတယ္။ ဒါ့အျပင္ ေခါက္ႏိုင္တဲ့ WQHD AMOLED screen သစ္ကိုလည္း အေသးစိတ္ျပသခဲ့ပါတယ္။ အဲ့ဒီ screen ဟာ အခ်င္းဝက္ အနည္းဆံုး ၁ မီလီမီတာအထိ ေကြးႏိုင္သလို အႀကိမ္ တစ္သိန္းခန္႔ ေကြးႏိုင္တယ္လို႔ သိရပါတယ္။ အဲ့ဒီ screen ကို ျဖန္႔လိုက္တဲ့အခါ tablet တစ္ခု ဒါမွမဟုတ္ monitor တစ္ခုအေနနဲ႔ အသံုးျပဳႏိုင္တယ္လို႔ BOE က ေျပာၾကားခဲ့ပါတယ္။

ေခါက္ႏိုင္တဲ့ display ကို ဖန္တီးေနတဲ့ အျခားစမတ္ဖုန္းအမွတ္တံဆိပ္ေတြထဲမွာ Lenovo, LG နဲ႔ ZTE တို႔လည္း ပါဝင္ပါတယ္။ ဒါေပမဲ့ လက္ရိွမွာေတာ့ Samsung နဲ႔ Huawei ကပဲ ေခါက္စမတ္ဖုန္းကို ေစ်းကြက္ထဲ အရင္ဆံုး သယ္ေဆာင္လာႏိုင္မယ္လို႔ ယူဆရပါတယ္။

-ေနာင္ေနာင္
Ref: AndroidAuthority

============

[ Unicode ]

၈ လက်မ ခေါက်စမတ်ဖုန်းအတွက် တရုတ် display ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ Huawei

============

Huawei ဟာ တရုတ် display ကုမ္ပဏီ BOE နဲ့ လက်တွဲပြီး ခေါက်စမတ်ဖုန်းတစ်မျိုး ဖန်တီးနေတယ်လို့ ကိုရီးယားသတင်းဌာနဖြစ်တဲ့ ET News က ဖော်ပြခဲ့ပါတယ်။

အဆိုပါ ကုမ္ပဏီနှစ်ခုဟာ ၈ လက်မ display တစ်ခု ပါဝင်တဲ့ ခေါက်စမတ်ဖုန်းတစ်မျိုးကို ဖန်တီးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါသတင်းဟာ Huawei က ခေါက်စမတ်ဖုန်းကို Samsung ထက် အရင် နိုဝင်ဘာလမှ မိတ်ဆက်ဖို့ ရည်မှန်းထားတယ်ဆိုတဲ့ သတင်းထွက်ပြီး တစ်လကျော်အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့ သတင်းမှာ BOE က ကုမ္ပဏီနှစ်ခုအတွက် ခေါက်စမတ်ဖုန်း လေးမျိုး ဖန်တီးနေတယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီဖောက်သည်တွေထဲက တစ်ခုဟာ Samsung ဖြစ်နိုင်သလို တရုတ်ဖုန်းအမှတ်တံဆိပ်ဖြစ်တဲ့ Xiaomi ဒါမှမဟုတ် Oppo လည်း ဖြစ်နိုင်ပါတယ်။

Xiaomi ဟာ ခေါက်နိုင်တဲ့ display တစ်ခု ပါဝင်တဲ့ ထုတ်ကုန်တစ်မျိုးအတွက် မူပိုင်ခွင့်တင်ထားသလို ၂၀၁၆ ခုနှစ်ကလည်း ကုမ္ပဏီရဲ့ ကွေးနိုင်တဲ့ screen လို့ယူဆရတဲ့ ဓာတ်ပုံတွေ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ Oppo လည်းပဲ ခေါက်စမတ်ဖုန်း မူပိုင်ခွင့်တစ်ခုကို တင်ထားပါတယ်။

တရုတ် display ကုမ္ပဏီ BOE ဟာ လော့အိန်ဂျလိစ်မှာ မေလ ၂၀ ရက်ကနေ ၂၅ ရက်အထိ ကျင်းပတဲ့ SID Display Week ပြပွဲမှာ ခေါက်နိုင်တဲ့ display တွေနဲ့အတူ ၅.၉၉ လက်မ ခေါက်နိုင်တဲ့ စမတ်ဖုန်းနဲ့ ရ.၅၆ လက်မ ခေါက်နိုင်တဲ့ tablet တို့ကို ပြသခဲ့ပါတယ်။ ဒါ့အပြင် ခေါက်နိုင်တဲ့ WQHD AMOLED screen သစ်ကိုလည်း အသေးစိတ်ပြသခဲ့ပါတယ်။ အဲ့ဒီ screen ဟာ အချင်းဝက် အနည်းဆုံး ၁ မီလီမီတာအထိ ကွေးနိုင်သလို အကြိမ် တစ်သိန်းခန့် ကွေးနိုင်တယ်လို့ သိရပါတယ်။ အဲ့ဒီ screen ကို ဖြန့်လိုက်တဲ့အခါ tablet တစ်ခု ဒါမှမဟုတ် monitor တစ်ခုအနေနဲ့ အသုံးပြုနိုင်တယ်လို့ BOE က ပြောကြားခဲ့ပါတယ်။

ခေါက်နိုင်တဲ့ display ကို ဖန်တီးနေတဲ့ အခြားစမတ်ဖုန်းအမှတ်တံဆိပ်တွေထဲမှာ Lenovo, LG နဲ့ ZTE တို့လည်း ပါဝင်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ Samsung နဲ့ Huawei ကပဲ ခေါက်စမတ်ဖုန်းကို စျေးကွက်ထဲ အရင်ဆုံး သယ်ဆောင်လာနိုင်မယ်လို့ ယူဆရပါတယ်။

-နောင်နောင်
Ref: AndroidAuthority