၈ လက္မ မ်က္ႏွာျပင္နဲ႔ ဘက္ထရီ 5,100mAh ပါဝင္တဲ့ Honor Tab 5 ကုိမိတ္ဆက္

[ Zawgyi ]

Honor ဟာ Honor Tab 5 အမည္ရ ေဈးႏႈန္းသက္သာတဲ့ tablet သစ္ကို မိတ္ဆက္ခဲ့ပါတယ္။ Honor Tab 5 မွာ ၈ လက္မမ်က္ႏွာျပင္ ႐ုပ္ထြက္အရည္အေသြး (1200x 1920px) နဲ႔ Kirin 710 CPU ကို အသုံးျပဳထားပါတယ္။ Tablet ေက်ာဘက္မွာ ပလတ္စတစ္ဘမ္ပါနဲ႔ သတၱဳေက်ာဘက္ကာဗာပါဝင္လာပါတယ္။ Honor 6x နဲ႔ဒီဇိုင္းပုိင္း ဆင္ပါတယ္။

ေရွ႕ကင္မရာကေတာ့ 8MP fixed-focus ကင္မရာျဖစ္ၿပီး ေက်ာဘက္မွာေတာ့ autofocus နဲ႔ 8MP ပါဝင္လာပါတယ္။ ဒါေပမဲ့ Honor Tab 5 မွာေတာ့ LED flash မပါဝင္ပါဘူး။ ဒါ့အျပင္ screen ရဲ႕ထိပ္ဘက္နဲ႔ ေအာက္ဘက္မွာ စပီကာ၂လုံးပါဝင္လာပါတယ္။

Honor Tab 5 မွာပါဝင္တဲ့ GPU Turbo 2.0 ကို gaming စြမ္းေဆာင္ရည္ကုိ အဆုံးစြန္ျမႇင့္တင္ဖို႔ EMUI ထဲမွာ ထည့္သြင္းထားပါတယ္။ GPU Turbo ေထာက္ပံ့မႈပါဝင္တဲ့ Google Play ဂိမ္းေတြမ်ားစြာရွိပါတယ္။ Tab 5 ကို RAM 3GB နဲ႔ 4GB နဲ႔ on-board storage 32GB ဒါမွမဟုတ္ 64GB အသုံးျပဳထားပါတယ္။ ဒါ့အျပင္ microSD အေပါက္အသုံးျပဳၿပီး storage 512GB အထိတိုးျမႇင့္ႏိုင္ပါတယ္။

Honor Tab 5 မွာဘက္ထရီ 5,100 mAh ပါဝင္ၿပီး စြမ္းအင္သုံးစြဲမႈထိေရာက္တဲ့ Kirin 710 နဲ႔ေပါင္းစပ္လုိက္တဲ့အခါ ဘက္ထရီသက္တမ္း အလြန္ေကာင္းမြန္လာပါတယ္။Tab 5 ကုိတ႐ုတ္ႏိုင္ငံမွာ Wi-Fi နဲ႔ ဆယ္လူလာဗားရွင္းဆိုၿပီး ထုတ္လုပ္မွာျဖစ္သလို ဆယ္လူလာဗားရွင္းကုိ ၂၀၉ေဒၚလာနဲ႔ Wi-Fi ေမာ္ဒယ္ကိုေတာ့ ၁၆၄ ​ေဒၚလာနဲ႔စတင္ေရာင္းခ်ေနပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode

Honor ဟာ Honor Tab 5 အမည်ရ ဈေးနှုန်းသက်သာတဲ့ tablet သစ်ကိုမိတ်ဆက်ခဲ့ပါတယ်။ Honor Tab 5 မှာ ၈ လက်မမျက်နှာပြင် ရုပ်ထွက်အရည်အသွေး (1200x 1920px) နဲ့ Kirin 710 CPU ကိုအသုံးပြုထားပါတယ်။ Tablet ကျောဘက်မှာ ပလတ်စတစ်ဘမ်ပါနဲ့ သတ္တုကျောဘက်ကာဗာ ပါဝင်လာပါတယ်။ Honor 6x နဲ့ဒီဇိုင်းပိုင်း ဆင်ပါတယ်။

​ရှေ့ကင်မရာကတော့ 8MP fixed-focus ကင်မရာဖြစ်ပြီး ကျောဘက်မှာတော့ autofocus နဲ့ 8MP ပါဝင်လာပါတယ်။ ဒါပေမဲ့ Honor Tab 5 မှာတော့ LED flash မပါဝင်ပါဘူး။ ဒါ့အပြင် screen ရဲ့ထိပ်ဘက်နဲ့ အောက်ဘက်မှာ စပီကာ၂လုံးပါဝင်လာပါတယ်။

Honor Tab 5 မှာပါဝင်တဲ့ GPU Turbo 2.0 ကို gaming စွမ်းဆောင်ရည်ကို အဆုံးစွန်မြှင့်တင်ဖို့ EMUI ထဲမှာ ထည့်သွင်းထားပါတယ်။ GPU Turbo ထောက်ပံ့မှုပါဝင်တဲ့ Google Play ဂိမ်းတွေများစွာရှိပါတယ်။ Tab 5 ကို RAM 3GB နဲ့ 4GB နဲ့ on-board storage 32GB ဒါမှမဟုတ် 64GB အသုံးပြုထားပါတယ်။ ဒါ့အပြင် microSD အပေါက်အသုံးပြုပြီး storage 512GB အထိတိုးမြှင့်နိုင်ပါတယ်။

Honor Tab 5 မှာဘက်ထရီ 5,100 mAh ပါဝင်ပြီး စွမ်းအင်သုံးစွဲမှုထိရောက်တဲ့ Kirin 710 နဲ့ပေါင်းစပ်လိုက်တဲ့အခါ ဘက်ထရီသက်တမ်း အလွန်ကောင်းမွန်လာပါတယ်။

Tab 5 ကိုတရုတ်နိုင်ငံမှာ Wi-Fi နဲ့ ဆယ်လူလာဗားရှင်းဆိုပြီး ထုတ်လုပ်မှာဖြစ်သလို ဆယ်လူလာဗားရှင်းကို ၂၀၉ဒေါ်လာနဲ့ Wi-Fi မော်ဒယ်ကိုတော့ ၁၆၄ဒေါ်လာနဲ့စတင်ရောင်းချနေပါတယ်။

Ref: GSMArena