၈ လက္မနဲ႔ ၁၀.၈ လက္မအရြယ္ MediaPad M6 ကုိ Huawei မိတ္ဆက္

[ Zawgyi ]

Huawei အေနနဲ႔ nova 5 ဖုန္းေတြ မိတ္ဆက္အၿပီးမွာ ေနာက္ဆုံးေပၚ MediaPad M6 ေမာ္ဒယ္ေတြကို ျပသထားပါတယ္။ MediaPad M6 ကို ၈.၄ လက္မနဲ႔ ၁၀.၈ လက္မဆိုၿပီး ႏွစ္မ်ိဳး ထုတ္လုပ္ထားပါတယ္။ ေမာ္ဒယ္ ႏွစ္မ်ိဳးရဲ႕ ကြာျခားခ်က္ကေတာ့ ဘက္ထရီပမာဏပဲ ျဖစ္ပါတယ္။

MediaPad M6 မွာ LCD panel နဲ႔႐ုပ္ထြက္အရည္အေသြးက 2560x 1600 pixel ပါဝင္ၿပီး ေဘးေဘာင္ေသးငယ္ပါတယ္။ မ်က္ႏွာျပင္ ၁၀.၈ လက္မအရြယ္ ထုတ္ကုန္မွာ ဘက္ထရီ 7,500mAh နဲ႔ မ်က္ႏွာျပင္ေသးငယ္တဲ့ ေမာ္ဒယ္မွာေတာ့ 6,100mAh ပါဝင္လာပါတယ္။

MediaPad M6 ထုတ္ကုန္ ႏွစ္မ်ိဳးစလုံးမွာ ေရွ႕ကင္မရာ 8MP နဲ႔ေက်ာဘက္ကင္မရာ 13MP တို႔ပါဝင္လာပါတယ္။ ဒါ့အျပင္ Huawei ဟာ Harman Kardon အမွတ္တံဆိပ္ စပီကာ ၄ လုံးကို ထည့္သြင္းထားပါတယ္။

Huawei MediaPad M6 8.4 နဲ႔ 10.8 တို႔အတြက္ Kirin 980 SoC နဲ႔ RAM 4GB အျပင္ 64GB ဒါမွမဟုတ္ 128GB စတဲ့ storage တစ္မ်ိဳးကို ဝယ္ယူႏိုင္ပါတယ္။ Android 9.1 အေျခခံ EMUI 9.1 ကုိအသုံးျပဳထားပါေသးတယ္။

Huawei ဟာ အလုပ္လုပ္ကုိင္ႏိုင္ဖို႔အတြက္ keyboard case တစ္မ်ိဳးကုိ ထုတ္လုပ္ထားပါတယ္။ အဲဒီ case မွာ USB Type-C port ေတြ၊ ၃.၅ မီလီမီတာ audio အေပါက္နဲ႔ microSD ကတ္ေပါက္တို႔ ပါဝင္လာပါတယ္။

မ်က္ႏွာျပင္အရြယ္ ၁၀.၈ လက္မ MediaPad M6 ကုိႀကိဳတင္မွာယူႏိုင္ၿပီ ျဖစ္ၿပီး ဇူလိုင္ ၁၀ ရက္မွာ စတိုးဆိုင္ေတြေပၚ ေရာက္ရွိမွာပါ။ အေျခခံ Wi-Fi သီးသန္႔ 4GB/64GB ကို ၃၃၅ ေဒၚလာနဲ႔ ဆယ္လူလာကြန္ရက္ေထာက္ပံ့မႈပါတဲ့ ဗားရွင္းကို ၅၁၀ နဲ႔ေရာင္းခ်မွာ ျဖစ္ပါတယ္။

၈.၄ လက္မအရြယ္ ေမာ္ဒယ္ကုိေတာ့ ဇူလိုင္ ၇ ရက္မွာ ႀကိဳတင္မွာယူႏိုင္ၿပီး ဇူလိုင္ ၂၀ ရက္မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ Wi-Fi ေမာ္ဒယ္သီးသန္႔ 4/64GB ေမာ္ဒယ္ကုိ ေဒၚလာ ၂၉၀ နဲ႔ ဆယ္လူလာဗားရွင္း4/128GB အတြက္ ၃၉၂ ေဒၚလာနဲ႔ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Huawei အနေနဲ့ nova 5 ဖုန်းတွေ မိတ်ဆက်အပြီးမှာ နောက်ဆုံးပေါ် MediaPad M6 မော်ဒယ်တွေကို ပြသထားပါတယ်။ MediaPad M6 ကို ၈.၄ လက်မနဲ့ ၁၀.၈ လက်မဆိုပြီး နှစ်မျိုး ထုတ်လုပ်ထားပါတယ်။ မော်ဒယ် နှစ်မျိုးရဲ့ ကွာခြားချက်ကတော့ ဘက်ထရီပမာဏပဲ ဖြစ်ပါတယ်။

MediaPad M6 မှာ LCD panel နဲ့ရုပ်ထွက်အရည်အသွေးက 2560x 1600 pixel ပါဝင်ပြီး ဘေးဘောင်သေးငယ်ပါတယ်။ မျက်နှာပြင် ၁၀.၈ လက်မအရွယ် ထုတ်ကုန်မှာ ဘက်ထရီ 7,500mAh နဲ့ မျက်နှာပြင်သေးငယ်တဲ့ မော်ဒယ်မှာတော့ 6,100mAh ပါဝင်လာပါတယ်။

MediaPad M6 ထုတ်ကုန် နှစ်မျိုးစလုံးမှာ ရှေ့ကင်မရာ 8MP နဲ့ကျောဘက်ကင်မရာ 13MP တို့ပါဝင်လာပါတယ်။ ဒါ့အပြင် Huawei ဟာ Harman Kardon အမှတ်တံဆိပ် စပီကာ ၄ လုံးကို ထည့်သွင်းထားပါတယ်။

Huawei MediaPad M6 8.4 နဲ့ 10.8 တို့အတွက် Kirin 980 SoC နဲ့ RAM 4GB အပြင် 64GB ဒါမှမဟုတ် 128GB စတဲ့ storage တစ်မျိုးကို ဝယ်ယူနိုင်ပါတယ်။ Android 9.1 အခြေခံ EMUI 9.1 ကိုအသုံးပြုထားပါသေးတယ်။

Huawei ဟာ အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် keyboard case တစ်မျိုးကို ထုတ်လုပ်ထားပါတယ်။ အဲဒီ case မှာ USB Type-C port တွေ၊ ၃.၅ မီလီမီတာ audio အပေါက်နဲ့ microSD ကတ်ပေါက်တို့ ပါဝင်လာပါတယ်။

မျက်နှာပြင်အရွယ် ၁၀.၈ လက်မ MediaPad M6 ကိုကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဇူလိုင် ၁၀ ရက်မှာ စတိုးဆိုင်တွေပေါ် ရောက်ရှိမှာပါ။ အခြေခံ Wi-Fi သီးသန့် 4GB/64GB ကို ၃၃၅ ဒေါ်လာနဲ့ ဆယ်လူလာကွန်ရက်ထောက်ပံ့မှုပါတဲ့ ဗားရှင်းကို ၅၁၀ နဲ့ရောင်းချမှာ ဖြစ်ပါတယ်။

၈.၄ လက်မအရွယ် မော်ဒယ်ကိုတော့ ဇူလိုင် ရ ရက်မှာ ကြိုတင်မှာယူနိုင်ပြီး ဇူလိုင် ၂၀ ရက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ Wi-Fi မော်ဒယ်သီးသန့် 4/64GB မော်ဒယ်ကို ဒေါ်လာ ၂၉၀ နဲ့ ဆယ်လူလာဗားရှင်း4/128GB အတွက် ၃၉၂ ဒေါ်လာနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref: GSMArena