၇ လက္မ AMOLED display, 5000 mAh ဘက္ထရီနဲ႔ Kirin 970 ပါဝင္တဲ့ Huawei Honor Note 10

[ Zawgyi ]

Huawei ဟာ Honor Note 10 ကို တရားဝင္ မိတ္ဆက္လိုက္ပါတယ္။ ဒီစမတ္ဖုန္းသစ္မွာ ေကာလာဟလသတင္းေတြမွာ ေဖာ္ျပခဲ့တဲ့ spec ေတြ ပါဝင္လာသလို ထင္မွတ္မထားတဲ့ feature အခ်ိဳ႕လည္း ပါဝင္လာပါတယ္။

Honor Note 10 မွာ ၆.၉၅ လက္မ Full HD+ (1080 x 2220 pixels) AMOLED display နဲ႔ ေသးငယ္တဲ့ bezel ေတြပါဝင္လာပါတယ္။ ဒါေပမဲ့ notch ပါဝင္လာျခင္းမရိွပါဘူး။ Display က HDR10 စံသတ္မွတ္ခ်က္ကို အေထာက္အပံ့ေပးသလို 115% NTSC color gamut coverage လည္း ပါဝင္လာပါတယ္။

Honor Note 10 မွာ Huawei ရဲ႕ Kirin 970 chipset ကို အသံုးျပဳထားပါတယ္။ RAM ကို 6GB နဲ႔ 8GB ဆိုၿပီး ရရိွႏိုင္ပါတယ္။ Storage အတြက္ 6GB ေမာ္ဒယ္ကို 64GB နဲ႔ 128GB ဆိုၿပီးရႏိုင္ပါတယ္။ 8GB ေမာ္ဒယ္ကိုေတာ့ 128GB နဲ႔သာရရိွမွာျဖစ္ပါတယ္။ MicroSD card အတြက္ အေထာက္အပံ့ပါဝင္ေပမယ့္ hybrid slot ျဖစ္တာေၾကာင့္ SIM ႏွစ္ခု ဒါမွမဟုတ္ SIM တစ္ခု + microSD တစ္ခုနဲ႔အသံုးျပဳႏိုင္ပါတယ္။

Chipset ဟာ liquid cooling စနစ္ကို အသံုးျပဳထားတဲ့အတြက္ အပူလြန္ကဲမႈအတြက္ ကိုင္တြယ္ေျဖရွင္းမႈကို ၄၁ ရာခိုင္ႏႈန္း ပိုမိုေကာင္းမြန္ေစတယ္လို႔ ဆိုပါတယ္။

ဒီဟန္းဆက္မွာ GPU Turbo နည္းပညာကို ေထာက္ပံ့ေပးထားသလို CPU Turbo feature သစ္တစ္ခုကိုလည္း မိတ္ဆက္ ထားပါတယ္။ ဖုန္းရဲ႕ေအာက္ေျခနားက ခလုတ္တစ္ခုကို ႏွိပ္လိုက္တဲ့အခါ software enhancement ႏွစ္ခုစလံုးက Double Turbo mode အတြက္ အတူတကြလုပ္ေဆာင္ေပးမွာ ျဖစ္ပါတယ္။

Honor Note 10 ရဲ႕ေက်ာဘက္မွာ 24MP (f/1.8) ပင္မကင္မရာတစ္ခုနဲ႔ 16MP (f/1.8) ဒုတိယကင္မရာတစ္ခု ပါဝင္ပါတယ္။ အေရွ႕ဘက္ကင္မရာက 13MP (f/2.0) ျဖစ္ပါတယ္။ Scene recognition အတြက္ AI software နဲ႔ အျခား AI feature ေတြလည္း ပါဝင္ပါတယ္။ Camera app ကို အသံုးျပဳတဲ့အခါ Double Turbo feature ရဲ႕ hardware ခလုတ္ကို shutter ခလုတ္အေနနဲ႔ သံုးႏိုင္ပါတယ္။

ဒီဖုန္းမွာ Android 8.1 Oreo အေျခခံ EMUI 8.2 ကို အသံုးျပဳထားပါတယ္။ ဘက္ထရီက 5,000 mAh ျဖစ္ၿပီး အားသြင္း ျမန္ဆန္ေစမယ့္ Super Charge ကို ေထာက္ပံ့ေပးထားပါတယ္။

တန္ဖိုးက 6GB/64GB ေမာ္ဒယ္အတြက္ ၄၀၉ ေဒၚလာျဖစ္ပါတယ္။ 6GB/128GB အတြက္က ၄၆၈ ေဒၚလာ ပါ။ 8GB/128GB အတြက္က ၅၂၇ ေဒၚလာ ျဖစ္ပါတယ္။

Note 10 ကို Midnight Black နဲ႔ Phantom Blue ဆိုၿပီး အေရာင္ႏွစ္မ်ိဳးနဲ႔ရႏိုင္ပါတယ္။ ႀကိဳတင္အမွာစာေတြကို လက္ခံေနၿပီး ၾသဂုတ္ ၁ ရက္မွာ တင္ပို႔ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

[foogallery id=”89573″]

Ref: GSMArena

[ Unicode ]

Huawei ဟာ Honor Note 10 ကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။ ဒီစမတ်ဖုန်းသစ်မှာ ကောလာဟလသတင်းတွေမှာ ဖော်ပြခဲ့တဲ့ spec တွေ ပါဝင်လာသလို ထင်မှတ်မထားတဲ့ feature အချို့လည်း ပါဝင်လာပါတယ်။

Honor Note 10 မှာ ၆.၉၅ လက်မ Full HD+ (1080 x 2220 pixels) AMOLED display နဲ့ သေးငယ်တဲ့ bezel တွေပါဝင်လာပါတယ်။ ဒါပေမဲ့ notch ပါဝင်လာခြင်းမရှိပါဘူး။ Display က HDR10 စံသတ်မှတ်ချက်ကို အထောက်အပံ့ပေးသလို 115% NTSC color gamut coverage လည်း ပါဝင်လာပါတယ်။

Honor Note 10 မှာ Huawei ရဲ့ Kirin 970 chipset ကို အသုံးပြုထားပါတယ်။ RAM ကို 6GB နဲ့ 8GB ဆိုပြီး ရရှိနိုင်ပါတယ်။ Storage အတွက် 6GB မော်ဒယ်ကို 64GB နဲ့ 128GB ဆိုပြီးရနိုင်ပါတယ်။ 8GB မော်ဒယ်ကိုတော့ 128GB နဲ့သာရရှိမှာဖြစ်ပါတယ်။ MicroSD card အတွက် အထောက်အပံ့ပါဝင်ပေမယ့် hybrid slot ဖြစ်တာကြောင့် SIM နှစ်ခု ဒါမှမဟုတ် SIM တစ်ခု + microSD တစ်ခုနဲ့အသုံးပြုနိုင်ပါတယ်။

Chipset ဟာ liquid cooling စနစ်ကို အသုံးပြုထားတဲ့အတွက် အပူလွန်ကဲမှုအတွက် ကိုင်တွယ်ဖြေရှင်းမှုကို ၄၁ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေတယ်လို့ ဆိုပါတယ်။

ဒီဟန်းဆက်မှာ GPU Turbo နည်းပညာကို ထောက်ပံ့ပေးထားသလို CPU Turbo feature သစ်တစ်ခုကိုလည်း မိတ်ဆက် ထားပါတယ်။ ဖုန်းရဲ့အောက်ခြေနားက ခလုတ်တစ်ခုကို နှိပ်လိုက်တဲ့အခါ software enhancement နှစ်ခုစလုံးက Double Turbo mode အတွက် အတူတကွလုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

Honor Note 10 ရဲ့ကျောဘက်မှာ 24MP (f/1.8) ပင်မကင်မရာတစ်ခုနဲ့ 16MP (f/1.8) ဒုတိယကင်မရာတစ်ခု ပါဝင်ပါတယ်။ အရှေ့ဘက်ကင်မရာက 13MP (f/2.0) ဖြစ်ပါတယ်။ Scene recognition အတွက် AI software နဲ့ အခြား AI feature တွေလည်း ပါဝင်ပါတယ်။ Camera app ကို အသုံးပြုတဲ့အခါ Double Turbo feature ရဲ့ hardware ခလုတ်ကို shutter ခလုတ်အနေနဲ့ သုံးနိုင်ပါတယ်။

ဒီဖုန်းမှာ Android 8.1 Oreo အခြေခံ EMUI 8.2 ကို အသုံးပြုထားပါတယ်။ ဘက်ထရီက 5,000 mAh ဖြစ်ပြီး အားသွင်း မြန်ဆန်စေမယ့် Super Charge ကို ထောက်ပံ့ပေးထားပါတယ်။

တန်ဖိုးက 6GB/64GB မော်ဒယ်အတွက် ၄၀၉ ဒေါ်လာဖြစ်ပါတယ်။ 6GB/128GB အတွက်က ၄၆၈ ဒေါ်လာ ပါ။ 8GB/128GB အတွက်က ၅၂၇ ဒေါ်လာ ဖြစ်ပါတယ်။

Note 10 ကို Midnight Black နဲ့ Phantom Blue ဆိုပြီး အရောင်နှစ်မျိုးနဲ့ရနိုင်ပါတယ်။ ကြိုတင်အမှာစာတွေကို လက်ခံနေပြီး သြဂုတ် ၁ ရက်မှာ တင်ပို့ရောင်းချသွားမယ်လို့ သိရပါတယ်။

[foogallery id=”89573″]

Ref: GSMArena