၇၃ စက္ကန့်အတွင်း ROG Phone II အလုံးရေ ၁၀,၀၀၀ Asus ရောင်းချခဲ့

[ Zawgyi ]


ROG Phone II ပထမဆုံး flash sale ရောင်းချမှုမှာ ထုတ်ကုန်အရေအတွက် ၁၀,၀၀၀ ပါဝင်ပြီး ၇၃စက္ကန့်အတွင်း ရောင်းကုန်သွားပါတယ်။ Asus အနေနဲ့ flash sale အတွင်း ဝယ်ယူဖို့ မမီလိုက်တဲ့သူတွေကို တောင်းပန်ခဲ့ပြီး သြဂုတ်လ ၄ရက်၊ ၇ရက်နဲ့ ၁၂ရက်တွေမှာ ရောင်းချပေးဖို့ ထုတ်လုပ်နေတယ်လို့ ပြောခဲ့ပါတယ်။



-စိုးထက်
Ref: GSMArena

[ Unicode ]

Asus ရဲ့ ROG Phone II ကိုမိတ်ဆက်ပြီးနောက် လူအများစုက စိတ်ဝင်စားကြပြီး တရုတ်နိုင်င့အတွင်း JD.com မှာကြိုတင်စာရင်းပေးထားသူ ၂.၅သန်းကျော်ရှိပါတယ်။ စာရင်းပေးသွင်းမှုက ကြိုတင်မှာယူမှုမဟုတ် flash sale အတွင်း ထုတ်ကုန်ကို ဝယ်ယူဖို့ စာရင်းသွင်းထားကြတာ ဖြစ်ပါတယ်။

ROG Phone II ပထမဆုံး flash sale ရောင်းချမှုမှာ ထုတ်ကုန်အရေအတွက် ၁၀,၀၀၀ ပါဝင်ပြီး ရ၃စက္ကန့်အတွင်း ရောင်းကုန်သွားပါတယ်။ Asus အနေနဲ့ flash sale အတွင်း ဝယ်ယူဖို့ မမီလိုက်တဲ့သူတွေကို တောင်းပန်ခဲ့ပြီး သြဂုတ်လ ၄ရက်၊ ရရက်နဲ့ ၁၂ရက်တွေမှာ ရောင်းချပေးဖို့ ထုတ်လုပ်နေတယ်လို့ ပြောခဲ့ပါတယ်။

ROG Phone II ဟာ gaming ထုတ်ကုန်ဖြစ်ပြီး feature တွေစုံလင်သလို ဈေးနှုန်းလည်း အဆင်ပြေပါတယ်။ ROG Phone II Tencent ဗားရှင်းကို ဒေါ်လာ ၅၀၈ကျသင့်မှာ ဖြစ်ပါတယ်။ အဲဒီဗားရှင်းမှာ RAM 8GB နဲ့ storage 128GB တို့ပါဝင်လာပါတယ်။ ဒါ့အပြင် classic မော်ဒယ်မှာတော့ RAM 12GB နဲ့ storage 512GB ကို ၈၇၁ဒေါ်လာကျသင့်ပါမယ်။

ROG Phone II မှာ ၆.၅၉လက်မ 1080×2340 120Hz AMOLED touchscreen(240Hz touch sensing နဲ့ HDR10 ထောက်ပံ့မှုပါဝင်), Snapdragon 855+ chipset, 48MP (wide)+ 13MP (ultra-wide) dual ကင်မရာအပြင် ရှေ့ကင်မရာ 24MP နဲ့ ဘက်ထရီ 6,000 mAh တို့ပါယင်လာပါတယ်။

Ref: GSMArena