၆.၉ လက္မ screen နဲ႔ 5,500mAh ဘက္ထရီပါဝင္တဲ့ Xiaomi Mi Max 3

[Zawgyi]

ရက္သတၱပတ္အတန္ၾကာ ေပါက္ၾကားသတင္းေတြ ထြက္ေပၚလာခဲ့တဲ့ေနာက္ Mi Max 3 ကို Xiaomi က တရားဝင္ ပြဲထုတ္မိတ္ဆက္လိုက္ပါတယ္။

Mi Max 3 မွာ ၆.၉ လက္မ Full HD+ resolution နဲ႔ 18:9 ratio screen ပါဝင္လာပါတယ္။ ဘက္ထရီက 5,500mAh ျဖစ္ပါတယ္။

Xiaomi Mi Max 3 မွာ Redmi Note 5 ရဲ႕ specs အမ်ားအျပား ပါဝင္လာပါတယ္။ တူညီတဲ့ Qualcomm Snapdragon 636 chipset နဲ႔ 1.8GHz octa-core CPU ကို သံုးထားသလို dual camera စနစ္ကလည္း တူညီပါတယ္။ ပင္မကင္မရာက 12MP f/1.9 aperture ျဖစ္ၿပီး ဒုတိယကင္မရာက 5MP f/2.0 lens ျဖစ္ပါတယ္။ Selfie ကင္မရာက 8MP ပါ။

ခ်ိတ္ဆက္မႈပိုင္းအေနနဲ႔ Dual VoLTE, Wi-Fi 802.11ac, Bluetooth 5.0 နဲ႔ USB-C port တို႔ ပါဝင္ပါတယ္။ ဒါ့အျပင္ 3.5mm နားၾကပ္ေပါက္လည္း ပါဝင္လာပါတယ္။

OS က Android 8.1 အေျခခံ MIUI 9.5 ျဖစ္ၿပီး scene recognition, face unlock နဲ႔ ပိုေကာင္းတဲ့ selfie ေတြနဲ႔ voice assistant တစ္ခု အပါအဝင္ AI feature မ်ားစြာနဲ႔ အသံုးျပဳႏိုင္ပါတယ္။ မၾကာခင္မွာ MIUI 10 ကို update လုပ္နိုင္မွာျဖစ္သလို MIUI 11 ကိုလည္း ရႏိုင္ဖြယ္ရိွတယ္လို႔ သိရပါတယ္။

Mi Max 3 ကို Black, Champagne Gold, Blue စတဲ့ အေရာင္ေတြနဲ႔ ရရိွႏိုင္ပါတယ္။ တန္ဖိုးက 4GB RAM + 64GB storage အတြက္ ၂၅၂ ေဒၚလာျဖစ္ပါတယ္။ 6GB RAM + 128GB storage အတြက္က ေဒၚလာ ၃၀၀
ျဖစ္ပါတယ္။

Ref: GSMArena

-ေနာင္ေနာင္

[foogallery id=”88654″]

[Unicode]

ရက်သတ္တပတ်အတန်ကြာ ပေါက်ကြားသတင်းတွေ ထွက်ပေါ်လာခဲ့တဲ့နောက် Mi Max 3 ကို Xiaomi က တရားဝင် ပွဲထုတ်မိတ်ဆက်လိုက်ပါတယ်။

Mi Max 3 မှာ ၆.၉ လက်မ Full HD+ resolution နဲ့ 18:9 ratio screen ပါဝင်လာပါတယ်။ ဘက်ထရီက 5,500mAh ဖြစ်ပါတယ်။

Xiaomi Mi Max 3 မှာ Redmi Note 5 ရဲ့ specs အများအပြား ပါဝင်လာပါတယ်။ တူညီတဲ့ Qualcomm Snapdragon 636 chipset နဲ့ 1.8GHz octa-core CPU ကို သုံးထားသလို dual camera စနစ်ကလည်း တူညီပါတယ်။ ပင်မကင်မရာက 12MP f/1.9 aperture ဖြစ်ပြီး ဒုတိယကင်မရာက 5MP f/2.0 lens ဖြစ်ပါတယ်။ Selfie ကင်မရာက 8MP ပါ။

ချိတ်ဆက်မှုပိုင်းအနေနဲ့ Dual VoLTE, Wi-Fi 802.11ac, Bluetooth 5.0 နဲ့ USB-C port တို့ ပါဝင်ပါတယ်။ ဒါ့အပြင် 3.5mm နားကြပ်ပေါက်လည်း ပါဝင်လာပါတယ်။

OS က Android 8.1 အခြေခံ MIUI 9.5 ဖြစ်ပြီး scene recognition, face unlock နဲ့ ပိုကောင်းတဲ့ selfie တွေနဲ့ voice assistant တစ်ခု အပါအဝင် AI feature များစွာနဲ့ အသုံးပြုနိုင်ပါတယ်။ မကြာခင်မှာ MIUI 10 ကို update လုပ်နိုင်မှာဖြစ်သလို MIUI 11 ကိုလည်း ရနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Mi Max 3 ကို Black, Champagne Gold, Blue စတဲ့ အရောင်တွေနဲ့ ရရှိနိုင်ပါတယ်။ တန်ဖိုးက 4GB RAM + 64GB storage အတွက် ၂၅၂ ဒေါ်လာဖြစ်ပါတယ်။ 6GB RAM + 128GB storage အတွက်က ဒေါ်လာ ၃၀၀
ဖြစ်ပါတယ်။

Ref: GSMArena

-နောင်နောင်

[foogallery id=”88654″]