၆.၉ လက်မ Samsung AMOLED screen အသုံးပြုမယ့် Huawei Mate 20

[ Zawgyi ]





-နောင်နောင်
Ref: GSMArena

[ Unicode ]

Huawei ဟာ ၆.၉ လက်မ AMOLED panel တွေအတွက် Samsung Display ကနေ အော်ဒါမှာယူထားတယ်လို့ ကိုရီးယားက ထွက်ပေါ်လာတဲ့ သတင်းတစ်ရပ်အရ သိရပါတယ်။ အဲ့ဒီ AMOLED panel တွေကို ဒီနှစ် စတုတ္ထသုံးလပတ် ဒါမှမဟုတ် ၂၀၁၉ ပထမသုံးလပတ်မှာ မိတ်ဆက်မယ့် ထုတ်ကုန်တစ်ခုမှာ အသုံးပြုသွားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီကာလဟာ အသစ်ထွက်မယ့် Mate 20 အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ Huawei ဟာ Mate ထုတ်ကုန်သစ်တွေကို နှစ်တစ်နှစ်ရဲ့ စတုတ္ထသုံးလပတ်ဝန်းကျင်မှာ မိတ်ဆက်လေ့ရှိပါတယ်။

တကယ်လို့ Mate 20 မှာ ၆.၉ လက်မ display ပါဝင်လာမယ်ဆိုရင် ဒီ screen အရွယ်အစားက high-end flagship တွေကြားက တိုက်ပွဲမှာ အလွယ်တကူ အနိုင်ရရှိပါလိမ့်မယ်။

Samsung ဟာ အသစ်ထွက်မယ့် Galaxy Note 9 မှာ ၆.၃၈ လက်မ panel ကို အသုံးပြုမယ်လို့ ဆိုထားသလို Apple ရဲ့ အရွယ်ကြီးမားတဲ့ iPhone သစ်မှာလည်း ၆.၄၆ လက်မ screen ပါဝင်မယ်လို့ သတင်းထွက်နေပါတယ်။

-နောင်နောင်
Ref: GSMArena