၆.၆ သန်း တန်ကြေးရှိတဲ့ Apple ထုတ်ကုန်တွေ ခိုးယူခံရ

ယူကေမှာ ဒေါ်လာ ၆.၆ သန်း တန်ကြေးရှိတဲ့ Apple ထုတ်ကုန်ပါတဲ့ ထရပ်ကား ခိုးယူခံခဲ့ရပါတယ်။ လန်ဒန်ကနေ လိဒ်ကိုသွားတဲ့ ဗြိတိန်ရဲ့ M1 အမြန်လမ်းကြီးပေါ်မှာ ဖြစ်ပွားခဲ့ပါတယ်။

ခိုးယူသူတွေဟာ ထုတ်ကုန်တွေထည့်ထားတဲ့ သစ်သားပြား ၄၈ ခု ရရှိခဲ့ပါတယ်။ ဘာပစ္စည်းတွေ ခိုးယူခံခဲ့ရလဲ ဆိုတာတော့ မသိပါဘူး။ နော်သန်ရှိုင်းယားရဲအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ M1 လမ်းမပေါ်မှာ M1 Mac တွေ ခိုးယူခံရတယ်လို့ သိရပါတယ်။

Apple အနေနဲ့ ရောင်းချမယ့် ပစ္စည်းတွေမှာ ခြေရာခံစက် ထည့်သွင်းထားပါတယ်။ Apple ဟာ အဝေးကနေ အင်တာနက်ချိတ်ဆက်ထားတဲ့ ထုတ်ကုန်ကို အသုံးပြုလို့မရအောင် လုပ်လို့ရပါတယ်။ ဒါကြောင့် သူခိုးတွေအနေနဲ့ ပစ္စည်းတွေကို ရောင်းချဖို့ ခက်ခဲပြီး မိဖို့အန္တရာယ်လည်း ရှိပါတယ်။

-စိုးထက်
Ref: 9to5Mac

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««