၆.၃ လက္မ notched display နဲ႔ ေက်ာဘက္မွန္ပါဝင္တဲ့ OnePlus 6

[Zawgyi]

လူအမ်ားေမွ်ာ္လင့္ေစာင့္စားေနၾကတဲ့ OnePlus 6 ကို OnePlus က တရားဝင္မိတ္ဆက္ေၾကညာလိုက္ပါတယ္။ ေနာက္ဆံုးေပၚ OnePlus စမတ္ဖုန္းမွာ ဒီဇိုင္းသစ္နဲ႔အတူ သံုးစြဲသူေတြနဲ႔ ရင္းႏွီးၿပီးသား feature အမ်ားအျပား ပါဝင္လာပါတယ္။

OnePlus 6 ကို သတၱဳဒီဇိုင္းအစား ပိုမိုဆြဲေဆာင္မႈရိွတဲ့ all-glass Gorilla Glass 5 ကိုယ္ထည္နဲ႔ ဖန္တီးထားပါတယ္။ ေက်ာဘက္ကင္မရာကို ဘယ္ဘက္အေပၚကေန အလယ္ကို ေျပာင္းေရႊ႕ထားၿပီး fingerprint scanner ကိုလည္း စက္ဝိုင္းပံုစံကေန ဥပံုစံအျဖစ္ ေျပာင္းလဲထားပါတယ္။

ဖုန္းရဲ႕အေရွ႕ဘက္မွာေတာ့ screen ကိုပဲ ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ ဖုန္းရဲ႕ထိပ္ဘက္နဲ႔ ေအာက္ေျခဘက္က bezel ေတြက အနည္းဆံုးျဖစ္ေအာင္ ျပဳလုပ္ထားပါတယ္။ ဖုန္းရဲ႕ထိပ္ဘက္မွာ front facing ကင္မရာလို လိုအပ္တဲ့ အစိတ္အပိုင္းေတြပါဝင္တဲ့ notch တစ္ခုကို ထည့္သြင္းထားပါတယ္။


OnePlus 6 မွာ Qualcomm ရဲ႕ Snapdragon 845 ကို အသံုးျပဳထားပါတယ္။ ဒါဟာ ဒီႏွစ္မွာထြက္ရိွခဲ့တဲ့ flagship စမတ္ဖုန္းတိုင္းမွာ ပါဝင္တဲ့ chipset ျဖစ္ပါတယ္။ RAM ကို 6GB ကေန 8GB အထိ ရရိွႏိုင္ၿပီး storage ကိုေတာ့ 64GB ကေန 256GB အထိ ရရိွႏိုင္ပါတယ္။ Dual-SIM အေထာက္အပံ့ကိုလည္း ထည့္သြင္းထားပါတယ္။ ဘက္ထရီက 3,300mAh ျဖစ္ၿပီး ကုမၸဏီရဲ႕နာမည္ေက်ာ္ Dash fast-charging နည္းပညာကိုလည္း ေထာက္ပံ့ေပးထားပါတယ္။ နားၾကပ္ေပါက္ကိုလည္း ဆက္လက္အသံုးျပဳထားပါတယ္။ ဒါေပမဲ့ OnePlus 5T လိုပဲ microSD card slot မပါဝင္ပါဘူး။ Display က ၆.၂၈ လက္မ 19:9 aspect ratio AMOLED 1080p display (1080 x 2280 resolution) ျဖစ္ပါတယ္။

ေက်ာဘက္ကင္မရာက 16MP + 20MP ကင္မရာေတြျဖစ္ၿပီး aperture က f/1.7 ျဖစ္ပါတယ္။ ပင္မကင္မရာမွာ optical image stabilization (OIS) ပါဝင္တဲ့အတြက္ ေခ်ာေမြ႕တဲ့ ဗီဒီယိုနဲ႔ ပိုမိုတည္ၿငိမ္တဲ့ ဓာတ္ပံုေတြကို ႐ိုက္ကူးႏိုင္ေစမွာျဖစ္ပါတယ္။ Slow-motion video mode ေတြကလည္း 720p ကို 480fps နဲ႔ ႐ိုက္ကူးႏိုင္သလို 1080p ကို 240fps နဲ႔႐ိုက္ကူးေစႏိုင္ပါတယ္။ 4K ကိုေတာ့ 60fps နဲ႔ ႐ိုက္ကူးႏိုင္မွာ ျဖစ္ပါတယ္။

ဒါဟာ ႀကီးမားတဲ့အေျပာင္းအလဲမဟုတ္ေပမယ့္ ပိုေကာင္းတဲ့ ကင္မရာအေတြ႕အႀကံဳကို ေပးစြမ္းႏိုင္ပါလိမ့္မယ္။
အေရွ႕ဘက္ကင္မရာက အရင္ေမာ္ဒယ္အတိုင္း 16MP ျဖစ္ပါတယ္။ စတင္ေရာင္းခ်ၿပီး မၾကာခင္မွာ selfie portrait mode ကို software update တစ္ခုနဲ႔ ျဖန္႔ခ်ိေပးသြားမယ္လို႔ ဆိုပါတယ္။

OnePlus 5T လိုပဲ OnePlus 6 မွာ ေရစိုခံႏိုင္တဲ့အဆင့္ကို တရားဝင္မေဖာ္ျပထားပါဘူး။ ဒါေပမဲ့လည္း OnePlus ရဲ႕စမ္းသပ္ခ်က္အရ ဒီစမတ္ဖုန္းကို မိုးေရထဲမွာသံုးတာ၊ ဗြက္အိုင္ငယ္ထဲ ျပဳတ္က်တာေတြအတြက္ စိုးရိမ္စရာမလိုဘူးလို႔ သိရပါတယ္။

OnePlus 6 မွာ Android 8.1 ကိုအေျခခံထားတဲ့ OxygenOS ေနာက္ဆံုးေပၚဗားရွင္းကို အသံုးျပဳထားပါတယ္။ ဒါ့အျပင္ OnePlus 6 ဟာ Android P Beta program မွာ ပါဝင္ထားတဲ့အတြက္ Google ရဲ႕ေနာက္ဆံုးေပၚ OS ကို အသံုးျပဳဖို႔ Android P ကို တရားဝင္ျဖန္႔ခ်ိမယ့္အခ်ိန္အထိ ေစာင့္စရာဘူးလို႔လည္း သိရပါတယ္။

OnePlus 6 ကို ေမ ၂၂ ရက္ကစတင္ၿပီး ေျမာက္အေမရိက၊ ဥေရာပနဲ႔ အာရွေစ်းကြက္အခ်ိဳ႕မွာ ေရာင္းခ်သြားမွာျဖစ္ပါတယ္။

တန္ဖိုးက 6GB+64GB အတြက္ ၅၂၉ ေဒၚလာျဖစ္ၿပီး Mirror Black နဲ႔ ရရိွႏိုင္ပါတယ္။ 8GB+128GB အတြက္က ၅၇၉ ေဒၚလာျဖစ္ၿပီး Mirror Black, Midnight Black, limited edition Silk White တို႔နဲ႔ ရရိွႏိုင္ပါတယ္။

8GB+256GB ကိုေတာ့ Mirror Black နဲ႔သာရရိွႏိုင္ၿပီး တန္ဖိုးက ၆၂၉ ေဒၚလာျဖစ္ပါတယ္။

-ေနာင္ေနာင္
Ref: AndroidAuthority

===========

[Unicode]

လူအများမျှော်လင့်စောင့်စားနေကြတဲ့ OnePlus 6 ကို OnePlus က တရားဝင်မိတ်ဆက်ကြေညာလိုက်ပါတယ်။ နောက်ဆုံးပေါ် OnePlus စမတ်ဖုန်းမှာ ဒီဇိုင်းသစ်နဲ့အတူ သုံးစွဲသူတွေနဲ့ ရင်းနှီးပြီးသား feature အများအပြား ပါဝင်လာပါတယ်။

OnePlus 6 ကို သတ္တုဒီဇိုင်းအစား ပိုမိုဆွဲဆောင်မှုရှိတဲ့ all-glass Gorilla Glass 5 ကိုယ်ထည်နဲ့ ဖန်တီးထားပါတယ်။ ကျောဘက်ကင်မရာကို ဘယ်ဘက်အပေါ်ကနေ အလယ်ကို ပြောင်းရွှေ့ထားပြီး fingerprint scanner ကိုလည်း စက်ဝိုင်းပုံစံကနေ ဥပုံစံအဖြစ် ပြောင်းလဲထားပါတယ်။

ဖုန်းရဲ့အရှေ့ဘက်မှာတော့ screen ကိုပဲ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဖုန်းရဲ့ထိပ်ဘက်နဲ့ အောက်ခြေဘက်က bezel တွေက အနည်းဆုံးဖြစ်အောင် ပြုလုပ်ထားပါတယ်။ ဖုန်းရဲ့ထိပ်ဘက်မှာ front facing ကင်မရာလို လိုအပ်တဲ့ အစိတ်အပိုင်းတွေပါဝင်တဲ့ notch တစ်ခုကို ထည့်သွင်းထားပါတယ်။

OnePlus 6 မှာ Qualcomm ရဲ့ Snapdragon 845 ကို အသုံးပြုထားပါတယ်။ ဒါဟာ ဒီနှစ်မှာထွက်ရှိခဲ့တဲ့ flagship စမတ်ဖုန်းတိုင်းမှာ ပါဝင်တဲ့ chipset ဖြစ်ပါတယ်။ RAM ကို 6GB ကနေ 8GB အထိ ရရှိနိုင်ပြီး storage ကိုတော့ 64GB ကနေ 256GB အထိ ရရှိနိုင်ပါတယ်။ Dual-SIM အထောက်အပံ့ကိုလည်း ထည့်သွင်းထားပါတယ်။ ဘက်ထရီက 3,300mAh ဖြစ်ပြီး ကုမ္ပဏီရဲ့နာမည်ကျော် Dash fast-charging နည်းပညာကိုလည်း ထောက်ပံ့ပေးထားပါတယ်။ နားကြပ်ပေါက်ကိုလည်း ဆက်လက်အသုံးပြုထားပါတယ်။ ဒါပေမဲ့ OnePlus 5T လိုပဲ microSD card slot မပါဝင်ပါဘူး။ Display က ၆.၂၈ လက်မ 19:9 aspect ratio AMOLED 1080p display (1080 x 2280 resolution) ဖြစ်ပါတယ်။

ကျောဘက်ကင်မရာက 16MP + 20MP ကင်မရာတွေဖြစ်ပြီး aperture က f/1.7 ဖြစ်ပါတယ်။ ပင်မကင်မရာမှာ optical image stabilization (OIS) ပါဝင်တဲ့အတွက် ချောမွေ့တဲ့ ဗီဒီယိုနဲ့ ပိုမိုတည်ငြိမ်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်စေမှာဖြစ်ပါတယ်။ Slow-motion video mode တွေကလည်း 720p ကို 480fps နဲ့ ရိုက်ကူးနိုင်သလို 1080p ကို 240fps နဲ့ရိုက်ကူးစေနိုင်ပါတယ်။ 4K ကိုတော့ 60fps နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ ကြီးမားတဲ့အပြောင်းအလဲမဟုတ်ပေမယ့် ပိုကောင်းတဲ့ ကင်မရာအတွေ့အကြုံကို ပေးစွမ်းနိုင်ပါလိမ့်မယ်။
အရှေ့ဘက်ကင်မရာက အရင်မော်ဒယ်အတိုင်း 16MP ဖြစ်ပါတယ်။ စတင်ရောင်းချပြီး မကြာခင်မှာ selfie portrait mode ကို software update တစ်ခုနဲ့ ဖြန့်ချိပေးသွားမယ်လို့ ဆိုပါတယ်။

OnePlus 5T လိုပဲ OnePlus 6 မှာ ရေစိုခံနိုင်တဲ့အဆင့်ကို တရားဝင်မဖော်ပြထားပါဘူး။ ဒါပေမဲ့လည်း OnePlus ရဲ့စမ်းသပ်ချက်အရ ဒီစမတ်ဖုန်းကို မိုးရေထဲမှာသုံးတာ၊ ဗွက်အိုင်ငယ်ထဲ ပြုတ်ကျတာတွေအတွက် စိုးရိမ်စရာမလိုဘူးလို့ သိရပါတယ်။

OnePlus 6 မှာ Android 8.1 ကိုအခြေခံထားတဲ့ OxygenOS နောက်ဆုံးပေါ်ဗားရှင်းကို အသုံးပြုထားပါတယ်။ ဒါ့အပြင် OnePlus 6 ဟာ Android P Beta program မှာ ပါဝင်ထားတဲ့အတွက် Google ရဲ့နောက်ဆုံးပေါ် OS ကို အသုံးပြုဖို့ Android P ကို တရားဝင်ဖြန့်ချိမယ့်အချိန်အထိ စောင့်စရာဘူးလို့လည်း သိရပါတယ်။

OnePlus 6 ကို မေ ၂၂ ရက်ကစတင်ပြီး မြောက်အမေရိက၊ ဥရောပနဲ့ အာရှစျေးကွက်အချို့မှာ ရောင်းချသွားမှာဖြစ်ပါတယ်။

တန်ဖိုးက 6GB+64GB အတွက် ၅၂၉ ဒေါ်လာဖြစ်ပြီး Mirror Black နဲ့ ရရှိနိုင်ပါတယ်။ 8GB+128GB အတွက်က ၅၇၉ ဒေါ်လာဖြစ်ပြီး Mirror Black, Midnight Black, limited edition Silk White တို့နဲ့ ရရှိနိုင်ပါတယ်။

8GB+256GB ကိုတော့ Mirror Black နဲ့သာရရှိနိုင်ပြီး တန်ဖိုးက ၆၂၉ ဒေါ်လာဖြစ်ပါတယ်။

-နောင်နောင်
Ref: AndroidAuthority