၆.၂ လက်မအရွယ် Flex View မျက်နှာပြင်ပါဝင်တဲ့ Motorola Razr

Motorola Razr V3 ဟာ ၂၀၀၀ ခုနှစ် အစောပိုင်းမှာ ရေပန်းစားခဲ့တဲ့ ဖုန်းဖြစ်ပါတယ်။ အခုအခါမှာတော့ Motorola က Razr V3 ထုတ်ကုန်ကို ပြန်လည်တီထွင်ဆန်းသစ်ပြီး Razr ခေါက်စမတ်ဖုန်းအဖြစ် မိတ်ဆက်ခဲ့ပါတယ်။ Motorola Razr ထုတ်ကုန်မှာ ၆.၂ လက်မအရွယ် ခေါက်ထားနိုင်တဲ့ panel တစ်ခု ပါဝင်လာပါတယ်။

Motorola Razr မှာ အလယ်အလတ်တန်းစား Snapdragon 710 ကို RAM 6GB နဲ့ storage 128GB နဲ့ ပေါင်းစပ်ထားပါတယ်။ ဖုန်းမှာ ကင်မရာ ၂ လုံးပဲပါဝင်လာပါတယ်။ ဖုန်းကို flip လုပ်တဲ့အပိုင်းနဲ့ အထဲမှာ ကင်မရာ ၁ လုံးစီ ထည့်သွင်းထားပါတယ်။

အဓိက ကင်မရာမှာ 16MP f/1.7 နဲ့အတူ EIS, Dual Pixel AF နဲ့ Laser AF တို့ပါဝင်လာပါတယ်။ ဒါ့အပြင် dual LED flash လည်းပါဝင်လာပါတယ်။ ရှေ့ကင်မရာကတော့ 5MP f/2.0 ဖြစ်ပြီး flash တော့ မပါဝင်ပါဘူး။ ဒါပေမဲ့ အမှောင်ထဲမှာ မျက်နှာပြင်က အလင်းကို အသုံးပြုပြီး selfie ရိုက်ကူးနိုင်ပါတယ်။

Motorola Razr ရဲ့အထူးခြားဆုံး အရာကတော့ ခေါက်နိုင်တဲ့ panel ပဲဖြစ်ပြီး 21:9 ratio နဲ့ OLED ကို အသုံးပြုထားပါတယ်။ မျက်နှာပြင်အမည်က Cinemavision ဖြစ်ပြီး ရုပ်ထွက်အရည်အသွေးက 2142x 876 pixel ဖြစ်ပါတယ်။ ဒါ့အပြင် ထုတ်ကုန်အပြင်ဘက်မှာ ၂.၇ လက်မအရွယ် OLED Quick View မျက်နှာပြင်၊ ရုပ်ထွက်အရည်အသွေး 600x 800 pixels ဖြစ်ပါတယ်။

Motorola Razr ဒုတိယမြောက် မျက်နှာပြင်က ဖုန်းကို ဖြန့်စရာမလိုဘဲ ဖုန်းခေါ်ဆိုတာ၊ selfie ရိုက်တာနဲ့ အခြေခံ settings ဖွင့်တာ၊ ပွင့်တာနဲ့ Google Assistant လိုမျိုး အရေးကြီး feature တွေကို အသုံးပြုနိုင်ပါတယ်။

Motorola Razr မှာဘက်ထရီ 2,510 mAh နဲ့ 15W TurboPower အားသွင်းစနစ်လည်း ပါဝင်လာပါတယ်။ ဖုန်းရဲ့ OS က Android Pie ဖြစ်ပြီး လိုအပ်တဲ့ Google ဝန်ဆောင်မှုတွေအားလုံးပါဝင်လာပါတယ်။

Motorola Razr ကို အနက်ရောင်တစ်မျိုးပဲ ထုတ်လုပ်ထားပြီး ဒေါ်လာ ၁,၅၀၀ နဲ့ရောင်းချပါမယ်။ Motorola Razr ကို ဒီဇင်ဘာလ ၂၆ ရက်မှာ ကြိုတင်မှာယူနိုင်ပါတယ်။

စိုးထက်
Ref: GSMArena