၆.၁ လက္မ iPhone တြင္ ‘Full Active LCD’ panel ပါဝင္လာဖြယ္ရိွ

[ Zawgyi ]

Apple ဟာ iPhone X မွာ OLED display ကို စတင္အသံုးျပဳခဲ့ေပမယ့္လည္း ၂၀၁၈ ခုႏွစ္မွာ ထြက္ရိွမယ့္ iPhone သစ္ေတြမွာေတာ့ LCD ေမာ္ဒယ္ေတြ ဆက္လက္ပါဝင္လာဦးမွာ ျဖစ္ပါတယ္။

MacOtakara ရဲ႕ အစီရင္ခံစာသစ္တစ္ရပ္အရ ဒီႏွစ္မွာထြက္ရိွမယ့္ LCD iPhone မွာ Japan Display ရဲ႕ “Full Active LCD” panel နဲ႔အတူ “Japan Pixel Eyes” touch sensor ကို အသံုးျပဳသြားဖြယ္ရိွတယ္လို႔သိရပါတယ္။ Full active LCD panel ရဲ႕ အက်ိဳးေက်းဇူးတစ္ခုကေတာ့ ထုတ္လုပ္သူေတြက ၀.၅ မီလီမီတာအထိ ေသးငယ္တဲ့ ultra-slim bezel ေတြကို ဖန္တီးေစႏိုင္မွာ ျဖစ္ပါတယ္။

ဒါဟာ မၾကာေသးခင္က ေပါက္ၾကားခဲ့တဲ့ ၆.၁ လက္မ LCD iPhone ရဲ႕ dummy ေတြကို ယုတၱိရိွေစခဲ့ပါတယ္။ အဲ့ဒီ dummy ပံုေတြအရ OLED နဲ႔ LCD ေမာ္ဒယ္ေတြရဲ႕ ဒီဇိုင္းဟာ တေထရာတည္းတူညီၿပီး edge-to-edge display ေတြပါဝင္တာကို ေတြ႕ရပါတယ္။ အဲ့ဒီေနာက္ LCD iPhone မွာ full active LCD ေတြကို အသံုးျပဳထားတယ္ဆိုတဲ့ MacOtakara ရဲ႕သတင္း ထြက္ေပၚလာတာ ျဖစ္ပါတယ္။

MacOtakara ရဲ႕ ေျပာၾကားခ်က္ မွန္၊ မမွန္ကိုေတာ့ Apple က တရားဝင္မိတ္ဆက္ေၾကညာမယ့္ စက္တင္ဘာလမွာ သိရိွရမွာ ျဖစ္ပါတယ္။

Ref: Ubergizmo

[ Unicode ]

Apple ဟာ iPhone X မှာ OLED display ကို စတင်အသုံးပြုခဲ့ပေမယ့်လည်း ၂၀၁၈ ခုနှစ်မှာ ထွက်ရှိမယ့် iPhone သစ်တွေမှာတော့ LCD မော်ဒယ်တွေ ဆက်လက်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

MacOtakara ရဲ့ အစီရင်ခံစာသစ်တစ်ရပ်အရ ဒီနှစ်မှာထွက်ရှိမယ့် LCD iPhone မှာ Japan Display ရဲ့ “Full Active LCD” panel နဲ့အတူ “Japan Pixel Eyes” touch sensor ကို အသုံးပြုသွားဖွယ်ရှိတယ်လို့သိရပါတယ်။ Full active LCD panel ရဲ့ အကျိုးကျေးဇူးတစ်ခုကတော့ ထုတ်လုပ်သူတွေက ၀.၅ မီလီမီတာအထိ သေးငယ်တဲ့ ultra-slim bezel တွေကို ဖန်တီးစေနိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ မကြာသေးခင်က ပေါက်ကြားခဲ့တဲ့ ၆.၁ လက်မ LCD iPhone ရဲ့ dummy တွေကို ယုတ္တိရှိစေခဲ့ပါတယ်။ အဲ့ဒီ dummy ပုံတွေအရ OLED နဲ့ LCD မော်ဒယ်တွေရဲ့ ဒီဇိုင်းဟာ တထေရာတည်းတူညီပြီး edge-to-edge display တွေပါဝင်တာကို တွေ့ရပါတယ်။ အဲ့ဒီနောက် LCD iPhone မှာ full active LCD တွေကို အသုံးပြုထားတယ်ဆိုတဲ့ MacOtakara ရဲ့သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

MacOtakara ရဲ့ ပြောကြားချက် မှန်၊ မမှန်ကိုတော့ Apple က တရားဝင်မိတ်ဆက်ကြေညာမယ့် စက်တင်ဘာလမှာ သိရှိရမှာ ဖြစ်ပါတယ်။

Ref: Ubergizmo