၅.၆ လက္မ Super AMOLED display ပါဝင္တဲ့ Samsung Galaxy On6
-နောင်နောင်
Ref: GSMArena
[ Unicode ]
Samsung ဟာ နောက်ဆုံးပေါ် On Series စမတ်ဖုန်းဖြစ်တဲ့ Galaxy On6 ကို အိန္ဒိယမှာ မိတ်ဆက်ကြေညာခဲ့ပါတယ်။
ဒီစမတ်ဖုန်းမှာ ၅.၆ လက်မ 1480 x 720px 18:5.9 Super AMOLED display, Exynos 7870 chipset နဲ့ 4GB RAM တို့ ပါဝင်ပါတယ်။
ကျောဘက်ကင်မရာက 13MP ဖြစ်ပြီး selfie ကင်မရာက 8MP ဖြစ်ပါတယ်။ ဘက်ထရီက 3,000mAh ပါ။ Android 8.0 Oreo အခြေခံ Samsung Experience ကို အသုံးပြုထားပါတယ်။ Fingerprint scanner ကိုတော့ ကျောဘက်မှာ တပ်ဆင်ထားပါတယ်။ သိုလှောင်မှုပမာဏက 64GB ဖြစ်ပြီး microSD card ကနေတစ်ဆင့် တိုးမြှင့်အသုံးပြုနိုင်ပါတယ်။ Dual SIM အထောက်အပံ့ပါဝင်သလို 3.5mm နားကြပ်ပေါက်နဲ့ FM ရေဒီယိုချစ်ပ်တို့လည်း ပါဝင်လာပါတယ်။
Samsung Galaxy On6 ကို ဇူလိုင် ၅ ရက်စပြီး Flipkart ကနေ ရောင်းချသွားမှာဖြစ်ပါတယ်။ တန်ဖိုးက ၁၄,၄၉၀ ရူပီး (ယူရို ၁၈၀) ဖြစ်ပါတယ်။
-နောင်နောင်
Ref: GSMArena