၅.၄လက်မ အရွယ် iPhone 12 သရုပ်ဖော်ပုံ ထွက်လာ

ဒီနှစ်အတွင်း Apple ဟာ iPhone 12 လေးမျိုးကို ထုတ်လုပ်ဖွယ်ရှိပါတယ်။ ၅.၄ လက်မအရွယ် iPhone 12 နဲ့ပတ်သက်ပြီး သတင်းထွက်ပေါ်လာပါတယ်။ LetsGoDigital က ၅.၄ လက်မ iPhone 12 သရုပ်ဖော်ပုံတွေကို ဖြန့်ချိလိုက်ပါတယ်။
iPhone 12 တွေက ပုံမှန်ထက် အရွယ်အစားသေးငယ်ပြီး OLED အသုံးပြုဖွယ်ရှိပါတယ်။ ရုပ်ထွက်အရည်အသွေးကတော့ မသိရသေးပါဘူး။

၅.၄ လက်မအရွယ် iPhone 12 က Lite ဗားရှင်းဖြစ်နိုင်ပါတယ်။ A14 Bionic chipset ကိုအသုံးပြုထားဖွယ် ရှိပါတယ်။ LetsGoDigital က အရောင်အမျိုးမျိုးနဲ့ ပုံဖော်ပေးထားပါတယ်​! အခြေခံ iPhone 12 မှာ RAM 4GB ပါဝင်လာနိုင်ကာ ၆၄၉ ဒေါ်လာနဲ့ ရောင်းချဖွယ်ရှိပါတယ်။

စိုးထက်
Ref: Notebookcheck