(၅) ကြိမ်မြောက် Mobile Legends: Bang Bang Professional League Myanmar ပြိုင်ပွဲတွင် Burmese Ghouls အဖွဲ့မှ ပထမဆုရရှိ

နိုင်ငံအကောင်းဆုံးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်တဲ့ E-sports ပြိုင်ပွဲမှာ Burmese Ghouls အဖွဲ့မှ အနိုင်ရကာ ဆုငွေကျပ် ၁၉.၅ သန်းကျပ် ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

“MPL-MM S5 ရဲ့ ချန်ပီယံဖြစ်ရတာ ကျွန်တော်တို့ အရမ်းကို ဝမ်းသာပါတယ်။ ဒီလို အနိုင်ရရှိအောင် အဖွဲ့ဝင်တိုင်းကြိုးစားခဲ့တာကို ကျွန်တော်တို့ တကယ် ကျေးဇူးတင်ပါတယ်။

(၄) ကြိမ်မြောက်ဆက်တိုက် ချန်ပီယံအဖြစ် ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် ကြိုးစားရကျိုးလည်းနပ်ပါတယ်။ ဒီလို အနိုင်ရရှိခဲ့တာကိုလည်း ကျွန်တော်တို့ ပေါ့ပေါ့တန်တန်တွေးမှာ မဟုတ်ဘဲ နိုင်ငံတကာပြိုင်ပွဲတွေမှာလည်း အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ကို စဉ်ဆက်မပြတ် အားပေးနေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလိုအခွင့်အရေးမျိုး မြန်မာနိုင်ငံကို သယ်ဆောင်လာပေးတဲ့ Mobile Legends: Bang Bang and MPL-MM S5 ရဲ့ စပွန်ဆာတွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ Burmese Ghouls ရဲ့အဖွဲ့ခေါင်းဆောင် Ice Ice က ပြောကြားခဲ့ပါတယ်။

(၅) ကြိမ်မြောက် မြန်မာနိုင်ငံရဲ့ Mobile Legends: Bang Bang Professional League (MPL) ပြိုင်ပွဲကို ဩဂုတ်လ ၂၂ ရက်က စတင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်နေ့ထိ ပြုလုပ်ခဲ့ကာ ကူညီပံ့ပိုးသူများ အဖြစ် တယ်လီနောမြန်မာ၊ Official Smartphone Partner အဖြစ် OPPO Myanmar နဲ့ Mobile Legends: Bang Bang ဂိမ်းတီထွင်ဖန်တီးသူ MOONTON တို့မှ ငွေကြေးထောက်ပံ့တဲ့ prize pool ဆုငွေ အမေရိကန်ဒေါ်လာ ၅၄,၉၀၀ (ကျပ် ၇၅ သန်း) အနက်မှ ချန်ပီယံအသင်းက ငွေသားဆု အမေရိကန်ဒေါ်လာ ၁၃,၀၀၀ (ကျပ် ၁၉.၅ သန်း)၊ 1st runner-up အသင်းနဲ့ 2nd runner-up အသင်းတို့က အမေရိကန်ဒေါ်လာ ၆,၀၀၀ (ကျပ် ၈.၅ သန်း) နဲ့ အမေရိကန်ဒေါ်လာ ၃,၀၀၀ (ကျပ် ၄.၅ သန်း) တို့ အသီးသီး ရရှိခဲ့ကြပါတယ်။

“ဒီနှစ်မြန်မာနိုင်ငံမှာ MPL-MM S5 ကို အခုလို ထပ်မံကျင်းပခွင့်ရတဲ့အတွက် ပွဲစီစဉ်ပေးတဲ့သူ အနေနဲ့ အရမ်းကို ဝမ်းသာမိပါတယ်။ကျွန်တော်တို့ အံ့သြဖွယ်ဖြစ်ရတာကတော့ ဒီ Season မှာ ကြည့်ရှုမှုနှုန်း အမြင့်ဆုံး (၁၄၄,၀၀၀) အထိကို ရောက်ရှိခဲ့ပြီး playoff များမှာလည်း အရည်အချင်းပြည့်ဝပြီး အလားအလာကောင်းတွေရှိတဲ့ ကစားသမားတွေကိုတွေ့ရှိခဲ့ရလို့ ဒီပွဲက အောင်မြင်တယ်လို့ပြောနိုင်ပါတယ်” လို့ MOONTON ၏ ဈေးကွက်ဒါရိုက်တာ Caya Yan ကပြောပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««