၄၉၉ ဒေါ်လာနဲ့ ရောင်းချမယ့် Xbox Series X

Microsoft ဟာ အောက်တိုဘာ ၁၀ ရက်မှာ ၄၉၉ ဒေါ်လာနဲ့ Xbox Series X ကိုရောင်းချသွားပါမယ်။ Xbox Series X ဂိမ်းစက်တွေကိုတော့ စက်တင်ဘာ ၂၂ ရက်မှာ ကြိုတင်မှာယူနိုင်ပါမယ်။ Xbox Series X ဂိမ်းစက်ကိုတော့ Xbox All Access အစီအစဉ်က တစ်ဆင့် ဝယ်ယူနိုင်ပါတယ်။ Xbox All Access ဆိုတာကတော့ Xbox ဂိမ်းစက်၊ Xbox Pass Ultimate နဲ့ Xbox Live လစဉ် ငွေပေးချေမှုတို့ကို ၂၄ လအတွင်း ခွဲခြမ်းစိတ်ဖြာပေးရတဲ့ အစီအစဉ်ဖြစ်ပါတယ်။

Xbox All Access အစီအစဉ်က တစ်ဆင့် Xbox Series X ကို ဝယ်ယူမယ်ဆိုရင် တစ်လ ၃၄.၉၉ ဒေါ်လာပဲ ကျသင့်ပါမယ်။ Microsoft ဟာ အားလပ်ရက်ရာသီအတွက် Xbox All Access ကိုတိုးချဲ့နေပါတယ်။ Xbox Game Pass Ultimate နဲ့ Xbox All Access ထဲမှာ EA Play ပါဝင်တဲ့ ဝန်ဆောင်မှုရှိပါတယ်။ အဲဒီဝန်ဆောင်ထဲမှာ FIFA 20 နဲ့ Titanfall 2 လိုဂိမ်းတွေအပြင် EA ဂိမ်း ၆၀ ကျော် ပါဝင်လာပါတယ်။

Xbox Series X နဲ့ S ဂိမ်းစက်တွေ အောက်တိုဘာ ၁၀ ရက်မှာ ထွက်ရှိနိုင်ဖို့ Xbox All Access အစီအစဉ်ကို နိုင်ငံပေါင်း ၁၂ ခုမှာ ဖြန့်ချိထားပါတယ်။ အဲဒီ နိုင်ငံတွေကတော့ ဩစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ နယူးဇီလန်၊ နော်ဝေ၊ ပိုလန်၊ တောင်ကိုရီးယား၊ ဆွီဒင်၊ ယူကေနဲ့ အမေရိကန်တို့ပဲ ဖြစ်ပါတယ်။ Xbox All Access အစီအစဉ်ကို ၂၀၂၁ ခုနှစ်မှာ ဈေးကွက်များစွာအတွက် တိုးချဲ့ဖို့ရှိပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««