(၃) နှစ်အတွင်း နိုင်ငံရပ်ခြားထုတ်ကုန်နဲ့ software အသုံးပြုမှုကို ဖယ်ရှားသွားမယ့် တရုတ်အစိုးရ

လာမယ့် (၃) နှစ်အတွင်း အစိုးရရုံးတွေနဲ့ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတွေမှာ နိုင်ငံရပ်ခြားနည်းပညာ ထုတ်ကုန်နဲ့ software အသုံးပြုမှုနေရာမှာ ပြည်တွင်းဖြစ်နဲ့ အစားထိုးသွားမယ်လို့ ဘေကျင်းအာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

ဒီနှစ် နွေဦးကတည်းက အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတွေမှာ ထုတ်ကုန်အစားထိုးမယ့် လုပ်ငန်းစဉ်အသေးစိတ်ကို အစိုးရက တိုက်ရိုက်ညွှန်ကြားထားပါတယ်။

ရာခိုင်နှုန်းအပေါ် အခြေခံထားတဲ့ “3-5-2” လို့သိကြတဲ့ ညွှန်ကြားမှုက အစိုးရအဖွဲ့အစည်းတွေပေါ် ပြဋ္ဌာန်းထားတဲ့ တရုတ်ကွန်မြူနစ်ပါတီကို ပြောင်းလဲဖို့ ပစ်မှတ်ထားပါတယ်။ ၂၀၂၀ခုနှစ် အတွင်း ညွှန်ကြားမှုက စတင် အသက်ဝင်မှာ ဖြစ်ပြီး အစိုးရအဖွဲ့အစည်းတွေက အသေးစိတ် စာရင်းအတွင်းက နိုင်ငံရပ်ခြား နည်းပညာထုတ်ကုန်နဲ့ software ၃၀ ရာခိုင်နှုန်းကို အစားထိုးရမှာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ အစားထိုးမှု ၅၀ ရာခိုင်နှုန်းနဲ့ ၂၀၂၂ ခုနှစ်မှာ ၂၀ ရာခိုင်နှုန်း ရှိလာပါမယ်။

အခုညွှန်ကြားမှုဟာ လျှို့ဝှက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က တရုတ်ပြည်က ပေါက်ကြားထွက်ပေါ်လာတဲ့ အချက်အလက်တွေကို Financial Times ကရရှိခဲ့တဲ့အချိန်မှာ အခု အချက်အလက်ကို သိရှိလာကြပါတယ်။ အခုညွှန်ကြားချက်အသစ်ကို ပုဂ္ဂလိက ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ တစ်ခုက ဝန်ထမ်းတွေက အတည်ပြုခဲ့ကြတယ်လို့ Financial Times ကပြောခဲ့ပါတယ်။ အဲဒီ ပုဂ္ဂလိက ဆိုက်ဘာလုံခြုံရေးကုမ္ပဏီက အစိုးရ client တွေနဲ့ အဆက်အဆံပြုလုပ်ပြီးနောက် တရုတ်ရဲ့ ပေါ်လစီသစ်ကို သတိထားမိခဲ့တယ်လို့ သိရပါတယ်။

3-5-2 ပေါ်လစီကြောင့် တရုတ်အစိုးရအတွက် ကုန်ပစ္စည်းထောက်ပံ့နေတဲ့ HP, Dell နဲ့ Microsoft လိုမျိုး ကုမ္ပဏီတွေအပေါ် အကြီးအကျယ် သက်ရောက်မှုရှိလာနိုင်ပါတယ်။

စိုးထက်
Ref: ZdNet