၃၅ မိနစ္အတြင္း အားအျပည့္သြင္းႏိုင္မယ့္ Oppo Find X Lamborghini Edition

[ Zawgyi ]

Pop-up ကင္မရာပါဝင္တဲ့ Find X စမတ္ဖုန္းသစ္ကို မိတ္ဆက္ျပသခဲ့တဲ့ Oppo ဟာ Lamborghini နဲ႔ ပူးေပါင္းဖန္တီးထားတဲ့ Find X Lamborghini Edition ကိုလည္း ေၾကညာခဲ့ပါတယ္။

Oppo Find X Lamborghini Edition ရဲ႕တန္ဖိုးဟာ ယူ႐ို ၁,၆၉၉ (၁,၉၆၆ ေဒၚလာ) ျဖစ္တယ္လို႔ Oppo က ေျပာၾကားခဲ့ပါတယ္။

အဆိုပါ Find X အထူးဗားရွင္းမွာ Super VOOC အားသြင္းစနစ္ပါဝင္ၿပီး ဖုန္းရဲ႕ 3,400mAh ဘက္ထရီကို ၃၅ မိနစ္အတြင္း သုညကေန ၁၀၀ ရာခိုင္ႏႈန္း အားသြင္းေပးႏိုင္တယ္လို႔ Oppo က ဆိုပါတယ္။

Oppo ရဲ႕ Lamborghini နဲ႔ ပူးေပါင္းေဆာင္ရြက္မႈဟာ Huawei က Porsche အမွတ္တံဆိပ္ပါဝင္တဲ့ Porsche Design Mate RS လို႔ေခၚတဲ့ flagship ကို မိတ္ဆက္ေၾကညာအၿပီး လအနည္းငယ္အၾကာမွာ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

Find X ကို ၾသဂုတ္လမွာ စတင္ေရာင္းခ်မွာျဖစ္ေပမယ့္ Lamborghini ဗားရွင္း ေရာင္းခ်မယ့္အခ်ိန္ကိုေတာ့ မသိရေသးပါဘူး။

-ေနာင္ေနာင္
Ref: GSMArena

[ Unicode ]

Pop-up ကင်မရာပါဝင်တဲ့ Find X စမတ်ဖုန်းသစ်ကို မိတ်ဆက်ပြသခဲ့တဲ့ Oppo ဟာ Lamborghini နဲ့ ပူးပေါင်းဖန်တီးထားတဲ့ Find X Lamborghini Edition ကိုလည်း ကြေညာခဲ့ပါတယ်။

Oppo Find X Lamborghini Edition ရဲ့တန်ဖိုးဟာ ယူရို ၁,၆၉၉ (၁,၉၆၆ ဒေါ်လာ) ဖြစ်တယ်လို့ Oppo က ပြောကြားခဲ့ပါတယ်။

အဆိုပါ Find X အထူးဗားရှင်းမှာ Super VOOC အားသွင်းစနစ်ပါဝင်ပြီး ဖုန်းရဲ့ 3,400mAh ဘက်ထရီကို ၃၅ မိနစ်အတွင်း သုညကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ Oppo က ဆိုပါတယ်။

Oppo ရဲ့ Lamborghini နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ Huawei က Porsche အမှတ်တံဆိပ်ပါဝင်တဲ့ Porsche Design Mate RS လို့ခေါ်တဲ့ flagship ကို မိတ်ဆက်ကြေညာအပြီး လအနည်းငယ်အကြာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Find X ကို သြဂုတ်လမှာ စတင်ရောင်းချမှာဖြစ်ပေမယ့် Lamborghini ဗားရှင်း ရောင်းချမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။

-နောင်နောင်
Ref: GSMArena