၃၅နှစ်အကြာ ကွန်ပျူတာလုပ်ငန်းကို Toshiba ရောင်းချ

ဂျပန်ကုမ္ပဏီကြီး Toshiba က ကွန်ပျူတာကုမ္ပဏီ Dynabook ရဲ့နောက်ဆုံး ရှယ်ယာကို ရောင်းချလိုက်ပါတယ်။
Toshiba ဟာ ကွန်ပျူတာ ဒါမှမဟုတ် laptop ထုတ်လုပ်မှု လုပ်ငန်းကနေ ထွက်ခွာလာပါတယ်။
Sharp ဟာ ၂၀၁၈ ခုနှစ်က ဒေါ်လာ ၃၆ သန်းနဲ့ Toshiba ရဲ့ကွန်ပျူတာလုပ်ငန်း ၈၀ ရာခိုင်နှုန်းကို ဝယ်ယူလိုက်ပြီးနောက် ကျန်တဲ့ရာခိုင်နှုန်းကိုလည်း ဝယ်ယူသွားတယ်လို့ Toshiba ကထုတ်ပြန်ခဲ့ပါတယ်။
Toshiba ရဲ့ပထမဆုံး laptop T1100 ကို ၁၉၈၅ ခုနှစ်က ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ laptop အလေးချိန်က ၄ ကီလိုဂရမ်နဲ့ ၃.၅ လက်မ floppy disk တွေအသုံးပြုနိုင်ပါတယ်။ T1100 laptop ကို ဥရောပမှာ ပထမဆုံး ရောင်းချခဲ့ပြီး နှစ်စဉ် ယူနစ်ပေါင်း ၁၀,၀၀၀ ပြည့်မီအောင် ရောင်းချဖို့ ရည်မှန်းခဲ့တယ်လို့ Toshiba Science Museum ဝက်ဘ်ဆိုက်ကဖော်ပြခဲ့ပါတယ်။

၂၀၁၁ အတွင်း Toshiba ဟာ ကွန်ပျူတာပေါင်း ၁၇ သန်း ရောင်းချခဲ့ရပေမယ့် ၂၀၁၇ ခုနှစ်မှာတော့ ၁.၉ သန်းပဲ ရောင်းချရပါတော့တယ်။၂၀၁၆ ခုနှစ်မှာတော့ ဥရောပဈေးကွက်အတွက် laptop ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပြီး လုပ်ငန်းသုံး ထုတ်ကုန်တွေပဲ ထုတ်လုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း Toshiba ဟာ ရုန်းကန်ခဲ့ရပြီး ၂၀၁၅ ခုနှစ်အတွင်း ဒေါ်လာ ၃၁၈ သန်း ဆုံးရှုံးခဲ့ပါတယ်။

စိုးထက်
Ref: BBC