(၂) နှစ်အတွင်း Chrome မှာ cookies ထောက်ပံ့မှုကို အဆုံးသတ်မယ့် Google

Google ဟာ လာမယ့် (၂) နှစ်အတွင်း Chrome မှာ third-party cookies ထောက်ပံ့မှုကို အဆုံးသတ်ဖို့ စီစဉ်နေပါတယ်။

Google ဟာ cookies ထောက်ပံ့မှုကို အဆုံးသတ်သွားပါမယ်။ Cookies တွေဟာ ဝက်ဘ်ဆိုက်သုံးစွဲမှုကို ခြေရာခံနေပါတယ်။ Google ဟာ Cookies နေရာမှာ privacy sandbox အပါအဝင် Chrome အတွင်း တစ်ကိုယ်ရေလုံခြုံရေးကို ပိုမို အလေးထားသွားပါမယ်။

“ကျွန်တော်တို့အနေနဲ့ တစ်ကိုယ်ရေလုံခြုံရေးကို အလေးထားတဲ့ ဝက်ဘ်ဆိုက်စံချိန်စံညွှန်းတွေကို ပြန်လည်တည်ဆောက်ဖို့ကို ရည်ရွယ်ထားပါတယ်။ အခုဆိုရင် third-party cookies တွေများစွာ ရှိနေပြီး ခြေရာခံမှုလုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။

ဒါဟာ ခြေရာခံမှု လုပ်ငန်းစဉ်တစ်ခုပဲ ရှိနေသေးပြီး လူတွေအာရုံစိုက်ဖို့ လိုတဲ့ကိစ္စဖြစ်တယ်” လို့ Google ရဲ့ Chrome အင်ဂျင်နီယာဆိုင်ရာဒါရိုက်တာ ဂျက်စတင်ရှာက ပြောခဲ့ပါတယ်။ Google နဲ့အဖွဲ့က fingerprint တွေကိုလည်း တားဆီးသွားဖို့ ဆောင်ရွက်နေပါတယ်။

စိုးထက်
Ref: TechCrunch