၂၉၉ ဒေါ်လာ ကျသင့်မယ့် Oculus Quest 2

Facebook Connect ကွန်ဖရင့်အတွင်း သီးသန့် VR ထုတ်ကုန် Oculus Quest 2 ကိုမိတ်ဆက်လိုက်ပါတယ်။

Oculus Quest 2 ဟာ အရင်ထုတ်ကုန်ထက် ရုပ်ထွက်အရည်အသွေး ၅၀ ရာခိုင်နှုန်း ပိုကောင်းပြီး display ကလည်း ကြည်တောက်နေပါတယ်။ ဒါ့အပြင် 90Hz refresh rate ထောက်ပံ့ထားပေမယ့် ဈေးနှုန်းကလည်း ၂၉၉ ဒေါ်လာပဲ ရှိပါတယ်။ Facebook က Quest ကို အကောင်းဆုံး VR ထုတ်ကုန်အဖြစ် ဖန်တီးဖို့ စိုင်းပြင်းနေပါတယ်။

Quest 2 ထုတ်ကုန်မှာ LCD အသုံးပြုထားပြီး ရုပ်ထွက်အရည်အသွေး 1832x 1920 ပါဝင်လာပါတယ်။ Quest 2 ဟာ အရင်ထုတ်ကုန်ထက် ၁၀ ရာခိုင်နှုန်း ပေါ့ပါးပါတယ်။

Quest 2 ကို အောက်တိုဘာလ ၁၃ ရက်မှာ စတင်ရောင်းချပါမယ်။ ၂၉၉ ဒေါ်လာတန် မော်ဒယ်မှာတော့ storage 64GB ပါဝင်ပြီး ၃၉၉ ဒေါ်လာ မော်ဒယ်မှာတော့ storage 256GB အထိ ပါဝင်လာပါတယ်။

-စိုးထက်
Ref: Engadget

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««