၂၉၉ ဒေါ်လာနဲ့ ရောင်းချမယ့် Xbox Series S

Microsoft ဟာ Xbox Series S ထွက်ရှိမယ်လို့ အတည်ပြုခဲ့ပါတယ်။ Xbox Series S ဂိမ်း အသေးစိတ်အချက်အလက်တွေက အွန်လိုင်းမှာ ပေါက်ကြားခဲ့ပါတယ်။

Xbox Series S ဂိမ်းစက်ကို ၂၉၉ ဒေါ်လာနဲ့ ရောင်းချမယ်လို့လည်း အတည်ပြုခဲ့ပါတယ်။ Xbox Series S ဂိမ်းစက်ဟာ Series X ဂိမ်းစက်သစ်နဲ့ အတွင်းပိုင်း တူပေမယ့် disc drive မပါဝင်သလို CPU နဲ့ GPU လည်း နည်းပါးမယ်လို့ သတင်းအချက်အလက် ဖော်ထုတ်သူတွေက ခန့်မှန်းထားကြပါတယ်။ ဒါကြောင့် Xbox Series S ဂိမ်းစက်မှာ 4K ထောက်ပံ့မှု ပါဝင်ဖွယ် မရှိပါဘူး။

သတင်းတွေရဲ့ ဖော်ပြချက်အရ Series S နဲ့ Series X တို့ကို နိုဝင်ဘာ ၁၀ ရက်မှာ ဝယ်ယူနိုင်ပါမယ်။ Series S မှာတော့ Xbox All Access တစ်လ ၂၅ ဒေါ်လာ ပေးသွင်းနိုင်မယ့် ရွေးချယ်ခွင့် ပါဝင်လာနိုင်ကာ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်အတွင်း ဈေးသက်သာတဲ့ ဂိမ်းစက်အဖြစ် တင်သွင်း ရောင်းချဖွယ်ရှိပါတယ်။ Xbox Series X ကတော့ ၄၉၉ ဒေါ်လာ ကျသင့်ပြီး တစ်လ ၃၅ ဒေါ်လာ ကျသင့်မယ့် Xbox All Access လည်းပါဝင်လာနိုင်ပါတယ်။

-စိုးထက်
Ref: Engadget

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««