၂၅ ဒေါ်လာတန် Wyze စမတ်လက်ပတ်

စမတ်အိမ်သုံးလုံခြုံရေး ကုမ္ပဏီ Wyze ဟာ ပြီးခဲ့တဲ့လက Alexa ထောက်ပံ့ထားတဲ့ fitness tracker နဲ့အခြားထုတ်ကုန်တွေ ထုတ်လုပ်မယ်လို့ ကြေညာခဲ့ပါတယ်။ အခုဆိုရင် Wyze Band လို့အမည်ရတဲ့ စမတ်လက်ပတ်ကို မိတ်ဆက်လိုက်ပြီး ဧပြီလမှာ ရောင်းချပါမယ်။

အခုလက်ပတ်က အခြား Wyze ထုတ်ကုန်တွေနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ Wyze Band မှာ Alexa ပါဝင်တဲ့အတွက် စမတ်အိမ်သုံးပစ္စည်းတွေကို ထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် Wyze Band ရဲ့ရုပ်ထွက်အရည်အသွေးက 120x 240 ဖြစ်ပြီး AMOLED touch screen နဲ့ ၁၀ရက်ကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီ ဖုန်းပျောက်ရှာဖွေရေးလုပ်ဆောင်ချက်၊ ရေထဲမှာ ၁၀မိနစ်ကြာ မီတာ ၅၀အထိ ထားနိုင်ပါတယ်။ ဒါ့အပြင် နှလုံးခုန်နှုန်းနဲ့ အိပ်စက်ခြင်းကိုလည်း တိုင်းတာပေးပါတယ်။

Wyze ရဲ့လုံခြုံရေးကင်မရာတွေလိုပဲ Wyze Band ကလည်းဈေးနှုန်းသက်သာပြီး ၂၅ဒေါ်လာပဲ ကျသင့်ပါမယ်။

-စိုးထက်
Ref: Engadget