၂၁ ရာစု မြန်မာနိုင်ငံအဆင့်မြင့်ပညာရေးကဏ္ဍ၏ အခွင့်အလမ်းသစ်များနှင့် စိန်ခေါ်မှုသစ်များ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပညာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပတဲ့ ၂၁ ရာစု မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေးကဏ္ဍ၏ အခွင့်အလမ်းသစ်များနှင့် စိန်ခေါ်မှုသစ်များ (New Challenges and Opportunities for Higher Education in Myanmar in the 21st Century) ခေါင်းစဥ်နဲ့ ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၉ ရက်က အွန်လိုင်းမှ တစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။

အစည်းအဝေးမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် Prof.Dr.Jamil Salmi က ဆန်းသစ်တီထွင်မှုအတွက် ပညာဗဟုသုတရဲ့ အရေးပါပုံ၊ ပညာရေးမှာ ဆန်းသစ် တီထွင်မှုရဲ့အရေးပါပုံ နဲ့ မြန်မာနိုင်ငံအတွက် အကြံပြုချက် တွေကို ညှိနှိုင်းဆွေးနွေးတင်ပြခဲ့ပါတယ်။

အစည်းအဝေးသို့ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««