၂၀၂၅ မြန်မာပြည်မှ ဒိုင်ယာရီ ခေါင်းစဉ်ဖြင့် လူငယ်အက်ဆေးပြိုင်ပွဲ ပြုလုပ်မည်

Purrfect English မှ ဦးဆောင်ပြီး မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်တွေအတွက် Myanmar Diary From 2025- ၂၀၂၅ မြန်မာပြည်မှ ဒိုင်ယာရီ ခေါင်းစဉ်ဖြင့် အက်ဆေးပြိုင်ပွဲ ကျင်းပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါပြိုင်ပွဲသို အသက် ၁၆ နှစ်မှ အသက် ၃၀ အထိ လူငယ်အားလုံးပါဝင်ယှဉ်ပြိုင်နိုင်ပြီး အက်ဆေးကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားရမှာဖြစ်ကာ စာလုံးအရေအတွက် စုစုပေါင်း ၁၀၀၀ အများဆုံးရှိရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား လူငယ်တစ်ယောက်အနေနဲ့ နောက်လာမယ့် ၅ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ အောင်မြင်မှုများ၊ စိန်ခေါ်မှုများ၊ အခွင့်အလမ်းများကို မည်သို့ပုံဖော်ထားသည်၊ ၂၀၂၅ ခုနှစ်မြန်မာပြည်ရဲ့ ပုံရိပ်ကို မည်ကဲ့သို့ စိတ်ကူးမျှော်မှန်းထားသည်ကို ရေးသားရမှာဖြစ်ပါတယ်။ ဆုရရှိတဲ့ အက်ဆေးတွေအတွက် ပထမဆုအနေနဲ့ ဒေါ်လာ ၅၀၀ နဲ့ ဒုတိယဆုကို ဒေါ်လာ ၃၀၀ သတ်မှတ်ထားပြီး အကောင်းဆုံးအက်ဆေး ၁၀ ပုဒ်အတွက် အထူးဆုများပါဝင်မှာ ဖြစ်ပါတယ်။

ပါဝင်ယှဉ်ပြိုင်လိုသူတွေ အနေနဲ့ အက်ဆေးများကို နိုဝင်ဘာ ၃၀ ရက် မှ ဒီဇင်ဘာ ၁၄ ရက် အထိ bit.ly/PurrfectEssayCompetition2020 မှာ လျှောက်ထားရမှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုသူတွေ အနေနဲ့ ဖုန်း-၀၉၉၅၆၆၈၅၉၉၈ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««