
Apple ကတော့ ကားထုတ်လုပ်မယ့် အစီအစဉ်တစ်ခု ရှိတယ်လို့ Reuters ကဖော်ပြခဲ့ပါတယ်။ Apple ဟာ ၂၀၂၄ ခုနှစ် အရောက်မှာ မောင်းသူမဲ့ကားစနစ်နဲ့ အဆင့်မြင့် ဘက်ထရီနည်းပညာ ပါဝင်တဲ့ ကားတစ်စီးကို ဖန်တီးမယ်လို့ သိရပါတယ်။ သတင်းကတော့ ဝေဝါးနေပါသေးတယ်။ Apple ကဖန်တီးမယ့် လူစီးနိုင်မယ့် ကားထဲမှာ ဖော်ပြထားတဲ့ နည်းပညာ အားလုံးပါမလားဆိုတာလည်း မသိသေးပါဘူး။ Apple အနေနဲ့ ကားထုတ်လုပ်မယ့် အစီအစဉ်ကို ပိတ်သိမ်းခဲ့ပြီးနောက် ကားထုတ်လုပ်မှုအပိုင်း ပြန်လည် ဝင်ရောက်လာမယ့် သဘောပါ။
Apple ဟာ ၂၀၁၅ ခုနှစ်မှာ ကားထုတ်လုပ်မယ် ဆိုတဲ့ ကောလာဟလ ထွက်ဖူးပါတယ်။ ၂၀၁၆ မှာတော့ စီမံကိန်းကို ပိတ်သိမ်းလိုက်ပါတယ်။ ကားထုတ်လုပ်မယ့် အစီအစဉ်ကို ပယ်ဖျက်ပြီး ကားထုတ်လုပ်သူတွေ အတွက် software ကိုပဲ ထောက်ပံ့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ မနှစ်ကဆိုရင် Apple ရဲ့ ကားအဖွဲ့က ဝန်ထမ်း ၂၀၀ နီးပါးကို ထုတ်ပယ်ခဲ့ပါသေးတယ်။
အခုသတင်းအရ Apple ဟာ ကားတစ်စီး တည်ဆောက်မယ့် အစီအစဉ်ကို ပြန်လည် အသက်သွင်းနေဖွယ် ရှိပါတယ်။
-စိုးထက်
Ref: TheVerge
»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««