၂၀၂၄ မွာ Recycle လုပ္ထားတဲ့ ပလတ္စတစ္ေတြကိုသာ အသံုးျပဳေတာ့မယ့္ Adidas

[ Zawgyi ]

Adidas ဟာ တစ္ခါသံုး ပလတ္စတစ္ေတြကို ဆန္႔က်င္တိုက္ဖ်က္ေနတာ ၾကာပါၿပီ။ Adidas ဟာ ၂၀၁၅ ခုႏွစ္ကတည္းက Parley for the Oceans နဲ႔လက္တြဲၿပီး ပင္လယ္ေရသတၱဝါေတြရဲ႕အသက္ကို ၿခိမ္းေျခာက္ေနတဲ့ ပလတ္စတစ္ညစ္ညမ္းမႈကို တိုက္ဖ်က္ခဲ့ပါတယ္။ ဇြန္လမွာေတာ့ Adidas အမႈေဆာင္အရာရိွခ်ဳပ္ Kasper Rorsted က ကုမၸဏီအေနနဲ႔ ပင္လယ္ကေန ရယူစုေဆာင္းထားၿပီး recycle လုပ္ထားတဲ့ ပလတ္စတစ္ေတြနဲ႔ ဖန္တီးထားတဲ့ ရွဴးဖိနပ္ တစ္သန္း ေရာင္းခ်ခဲ့ရတယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒီကေန႔မွာေတာ့ ကုမၸဏီက အဆိုပါလႈပ္ရွားမႈကို ေရွ႕တစ္လွမ္းတိုး ေဆာင္ရြက္တဲ့အေနနဲ႔ ၂၀၂၄ ခုႏွစ္မွာ ကုမၸဏီရဲ႕ထုတ္ကုန္အားလံုးအတြက္ recycle လုပ္ထားတဲ့ ပလတ္စတစ္ေတြကိုသာ အသံုးျပဳသြားမယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

ဒါဟာ ကုမၸဏီအေနနဲ႔ Adidas ထုတ္ကုန္ ၅၀ ရာခိုင္ႏႈန္းနီးပါးမွာ အသံုးျပဳထားတဲ့ နာမည္ေက်ာ္ sportswear material တစ္ခုျဖစ္တဲ့ ေပၚလီအက္စတာသစ္ကို စြန္႔ပစ္မယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္တယ္လို႔ Adidas ရဲ႕ ကမ႓ာလံုးဆိုင္ရာ အမွတ္တံဆိပ္မ်ား အႀကီးအကဲ Eric Liedtke က Financial Times ထံ ေျပာၾကားခဲ့ပါတယ္။

“၂၀၂၄ ခုနွစ္မွာ ၁၀၀ ရာခိုင္ႏႈန္း recycle လုပ္ထားတဲ့ ေပၚလီအက္စတာေတြကို ထုတ္ကုန္တိုင္းမွာ အသံုးျပဳသြားဖို႔ ရည္မွန္းထားပါတယ္” လို႔ Adidas ေျပာေရးဆိုခြင့္ရိွသူ Maria Culp က ေျပာၾကားခဲ့ပါတယ္။

ဒီလႈပ္ရွားမႈကို စတင္တဲ့အေနနဲ႔ ၂၀၁၉ ေႏြဦးနဲ႔ ေႏြရာသီမွာထြက္ရိွမယ့္ ထုတ္ကုန္ေတြမွာ recycle လုပ္ထားတဲ့ ေပၚလီအက္စတာ ၄၁ ရာခိုင္ႏႈန္းနီးပါး ပါဝင္လာမယ္လို႔ Culp က ဆိုပါတယ္။

ဒါ့အျပင္ ကုမၸဏီအေနနဲ႔ တစ္ႏွစ္ကို ပလတ္စတစ္သံုးစြဲမႈ တန္ ၄၀ ေလ်ာ့နည္းေစဖို႔အတြက္ ၂၀၁၈ ခုႏွစ္ကစၿပီး ႐ံုးခန္းေတြ၊ ဂိုေဒါင္ေတြ၊ ျဖန္႔ခ်ိေရးစင္တာေတြနဲ႔ လက္လီအေရာင္းဆိုင္ေတြမွာ ပလတ္စတစ္သံုးစြဲမႈေတြကို ေလွ်ာ့ခ်သြားမယ္လို႔ CNN Money က ေဖာ္ျပခဲ့ပါတယ္။

Adidas ဟာ ၂၀၁၆ ခုႏွစ္က ပလတ္စတစ္အိတ္ေတြကို စကၠဴအိတ္ေတြနဲ႔ အစားထိုးခဲ့တယ္လို႔လည္း Huffington Post က ေဖာ္ျပခဲ့ပါတယ္။ ကုမၸဏီရဲ႕ ocean-plastic ရွဴးဖိနပ္ ေရာင္းအားကိုလည္း ၂၀၁၈ မွာ ၅ သန္း အထိ တိုးတက္လာဖို႔ ရည္မွန္းထားတယ္လို႔ သိရပါတယ္။

ဒီေၾကညာခ်က္ဟာ သဘာဝပတ္ဝန္းက်င္မွာ ပလတ္စတစ္သံုးစြဲမႈ တိုးပြားလာမႈကို တံု႔ျပန္မႈေတြျမင့္တက္လာခ်ိန္မွာ ထြက္ေပၚလာတာျဖစ္ပါတယ္။ Starbucks ကလည္း ပလတ္စတစ္ပိုက္ေတြအသံုးျပဳမႈကို တားျမစ္မယ့္အေၾကာင္း ေၾကညာထားပါတယ္။

ပလတ္စတစ္သံုးစြဲမႈဟာ ၿပီးခဲ့တဲ့ ႏွစ္ ၅၀ အတြင္း အဆ ၂၀ ျမင့္တက္လာခဲ့ၿပီး လာမယ့္ ႏွစ္ ၂၀ အတြင္း ႏွစ္ဆ ျမင့္တက္လာမယ္လို႔ ခန္႔မွန္းထားပါတယ္။

Ref: EcoWatch

[ Unicode ]

Adidas ဟာ တစ်ခါသုံး ပလတ်စတစ်တွေကို ဆန့်ကျင်တိုက်ဖျက်နေတာ ကြာပါပြီ။ Adidas ဟာ ၂၀၁၅ ခုနှစ်ကတည်းက Parley for the Oceans နဲ့လက်တွဲပြီး ပင်လယ်ရေသတ္တဝါတွေရဲ့အသက်ကို ခြိမ်းခြောက်နေတဲ့ ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ခဲ့ပါတယ်။ ဇွန်လမှာတော့ Adidas အမှုဆောင်အရာရှိချုပ် Kasper Rorsted က ကုမ္ပဏီအနေနဲ့ ပင်လယ်ကနေ ရယူစုဆောင်းထားပြီး recycle လုပ်ထားတဲ့ ပလတ်စတစ်တွေနဲ့ ဖန်တီးထားတဲ့ ရှူးဖိနပ် တစ်သန်း ရောင်းချခဲ့ရတယ်လို့ ကြေညာခဲ့ပါတယ်။ ဒီကနေ့မှာတော့ ကုမ္ပဏီက အဆိုပါလှုပ်ရှားမှုကို ရှေ့တစ်လှမ်းတိုး ဆောင်ရွက်တဲ့အနေနဲ့ ၂၀၂၄ ခုနှစ်မှာ ကုမ္ပဏီရဲ့ထုတ်ကုန်အားလုံးအတွက် recycle လုပ်ထားတဲ့ ပလတ်စတစ်တွေကိုသာ အသုံးပြုသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ ကုမ္ပဏီအနေနဲ့ Adidas ထုတ်ကုန် ၅၀ ရာခိုင်နှုန်းနီးပါးမှာ အသုံးပြုထားတဲ့ နာမည်ကျော် sportswear material တစ်ခုဖြစ်တဲ့ ပေါ်လီအက်စတာသစ်ကို စွန့်ပစ်မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ Adidas ရဲ့ ကမ႓ာလုံးဆိုင်ရာ အမှတ်တံဆိပ်များ အကြီးအကဲ Eric Liedtke က Financial Times ထံ ပြောကြားခဲ့ပါတယ်။

“၂၀၂၄ ခုနှစ်မှာ ၁၀၀ ရာခိုင်နှုန်း recycle လုပ်ထားတဲ့ ပေါ်လီအက်စတာတွေကို ထုတ်ကုန်တိုင်းမှာ အသုံးပြုသွားဖို့ ရည်မှန်းထားပါတယ်” လို့ Adidas ပြောရေးဆိုခွင့်ရှိသူ Maria Culp က ပြောကြားခဲ့ပါတယ်။

ဒီလှုပ်ရှားမှုကို စတင်တဲ့အနေနဲ့ ၂၀၁၉ နွေဦးနဲ့ နွေရာသီမှာထွက်ရှိမယ့် ထုတ်ကုန်တွေမှာ recycle လုပ်ထားတဲ့ ပေါ်လီအက်စတာ ၄၁ ရာခိုင်နှုန်းနီးပါး ပါဝင်လာမယ်လို့ Culp က ဆိုပါတယ်။

ဒါ့အပြင် ကုမ္ပဏီအနေနဲ့ တစ်နှစ်ကို ပလတ်စတစ်သုံးစွဲမှု တန် ၄၀ လျော့နည်းစေဖို့အတွက် ၂၀၁၈ ခုနှစ်ကစပြီး ရုံးခန်းတွေ၊ ဂိုဒေါင်တွေ၊ ဖြန့်ချိရေးစင်တာတွေနဲ့ လက်လီအရောင်းဆိုင်တွေမှာ ပလတ်စတစ်သုံးစွဲမှုတွေကို လျှော့ချသွားမယ်လို့ CNN Money က ဖော်ပြခဲ့ပါတယ်။

Adidas ဟာ ၂၀၁၆ ခုနှစ်က ပလတ်စတစ်အိတ်တွေကို စက္ကူအိတ်တွေနဲ့ အစားထိုးခဲ့တယ်လို့လည်း Huffington Post က ဖော်ပြခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ocean-plastic ရှူးဖိနပ် ရောင်းအားကိုလည်း ၂၀၁၈ မှာ ၅ သန်း အထိ တိုးတက်လာဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

ဒီကြေညာချက်ဟာ သဘာဝပတ်ဝန်းကျင်မှာ ပလတ်စတစ်သုံးစွဲမှု တိုးပွားလာမှုကို တုံ့ပြန်မှုတွေမြင့်တက်လာချိန်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ Starbucks ကလည်း ပလတ်စတစ်ပိုက်တွေအသုံးပြုမှုကို တားမြစ်မယ့်အကြောင်း ကြေညာထားပါတယ်။

ပလတ်စတစ်သုံးစွဲမှုဟာ ပြီးခဲ့တဲ့ နှစ် ၅၀ အတွင်း အဆ ၂၀ မြင့်တက်လာခဲ့ပြီး လာမယ့် နှစ် ၂၀ အတွင်း နှစ်ဆ မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

Ref: EcoWatch