၂၀၂၄ ခုႏွစ္အတြင္း ေခါက္စမတ္ဖုန္း သန္း ၅၀ ခန္႔ကုိ တင္ပုိ႔ေရာင္းခ်ဖြယ္ရွိ

[ Zawgyi ]

ေဈးကြက္ေလ့လာဆန္းစစ္တဲ့ ကုမၸဏီ IHS Markit က ေခါက္စမတ္ဖုန္းေတြနဲ႔ ပတ္သက္ၿပီး ခန္႔မွန္းမႈျပဳလုပ္ခဲ့ပါတယ္။ ၂၀၂၄ ခုႏွစ္အတြင္း ေခါက္စမတ္ဖုန္းေရာင္းခ်မႈ သန္း ၅၀ အထိ ရွိလာမယ္လို႔ သိရပါတယ္။ ဒီႏွစ္မွာေတာ့ ကုမၸဏီ ၂ ခုက ေခါက္ထားႏိုင္တဲ့ screen ေတြပါဝင္တဲ့ စမတ္ဖုန္းေတြကုိ မိတ္ဆက္ခဲ့ပါတယ္။

ေခါက္စမတ္ဖုန္းေတြက မ်ားစြာ ေရပန္းမစားေသးဘဲ OLED မ်က္ႏွာျပင္အသုံးခ်မႈ က်ယ္ျပန္႔လာဖို႔ ေတြ႕ျမင္ရႏိုင္ပါတယ္။ OLED panel ေဈးကြက္ေဝစုက ဆက္လက္တိုးေနၿပီး ေဈးသက္သာတဲ့ ထုတ္ကုန္ေတြနဲ႔ အလယ္အလတ္ထုတ္ကုန္ေတြမွာ OLED ပါဝင္ေနပါၿပီ။ စမတ္ဖုန္းတုိးတက္မႈက က်ဆင္းေနေပမယ့္ OLED ပါဝင္တဲ့ ထုတ္ကုန္အေရအတြက္က မနည္းပါဘူး။ လာမယ့္ ၃ လပတ္အတြင္း OLED ပါဝင္လာတဲ့ ဖုန္းေတြ ၃၀ ရာခုိင္ႏႈန္း အထိ ရွိလာႏိုင္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

ဈေးကွက်လေ့လာဆန်းစစ်တဲ့ ကုမ္ပဏီ IHS Markit က ခေါက်စမတ်ဖုန်းတွေနဲ့ ပတ်သက်ပြီး ခန့်မှန်းမှုပြုလုပ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း ခေါက်စမတ်ဖုန်းရောင်းချမှု သန်း ၅၀ အထိ ရှိလာမယ်လို့ သိရပါတယ်။ ဒီနှစ်မှာတော့ ကုမ္ပဏီ ၂ ခုက ခေါက်ထားနိုင်တဲ့ screen တွေပါဝင်တဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။

ခေါက်စမတ်ဖုန်းတွေက များစွာ ရေပန်းမစားသေးဘဲ OLED မျက်နှာပြင်အသုံးချမှု ကျယ်ပြန့်လာဖို့ တွေ့မြင်ရနိုင်ပါတယ်။ OLED panel ဈေးကွက်ဝေစုက ဆက်လက်တိုးနေပြီး ဈေးသက်သာတဲ့ ထုတ်ကုန်တွေနဲ့ အလယ်အလတ်ထုတ်ကုန်တွေမှာ OLED ပါဝင်နေပါပြီ။ စမတ်ဖုန်းတိုးတက်မှုက ကျဆင်းနေပေမယ့် OLED ပါဝင်တဲ့ ထုတ်ကုန်အရေအတွက်က မနည်းပါဘူး။ လာမယ့် ၃ လပတ်အတွင်း OLED ပါဝင်လာတဲ့ ဖုန်းတွေ ၃၀ ရာခိုင်နှုန်း အထိ ရှိလာနိုင်ပါတယ်။

Ref: GSMArena