၂၀၂၂-၂၀၂၃ ပညာသင္ႏွစ္တြင္ စတင္သင္ၾကားမည့္ ဒြါဒႆမတန္းၿပီးေျမာက္သူမ်ား ပံုမွန္တကၠသိုလ္ဝင္ခြင့္စာေမးပြဲကို မျဖစ္မေန ေျဖဆိုရမည္

[ Zawgyi ]

၂၀၂၂-၂၀၂၃ ပညာသင္ႏွစ္မွာ စတင္သင္ၾကားမယ့္ ဒြါဒႆမတန္း (Grade-12) ၿပီးေျမာက္မယ့္သူေတြ အေနနဲ႔ ပံုမွန္တကၠသိုလ္၀င္ခြင့္စာေမးပြဲကို မျဖစ္မေန ေျဖဆိုရမွာျဖစ္ၿပီး စာေမးပြဲေအာင္ျမင္သူေတြဟာ တကၠသိုလ္သို႔ တိုက္႐ိုက္တက္ေရာက္ႏိုင္သလို မေအာင္ျမင္သူမ်ားကိုမူ အထက္တန္းၿပီးေျမာက္ေၾကာင္း လက္မွတ္ (High School Completion Certificate) ထုတ္ေပးမွာျဖစ္ေၾကာင္း ပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာမ်ဳိးသိမ္းႀကီးက ေျပာပါတယ္။

ေနျပည္ေတာ္မွာ ၾသဂုတ္ ၈ ရက္က က်င္းပခဲ့တဲ့ ဒုတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ (၁၃) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး နဝမေန႔ အစည္းအေဝးမွာ မႏၲေလးတိုင္းေဒသႀကီး အမွတ္ (၇) မဲဆႏၵနယ္ အမ်ဳိးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္တုတ္ရဲ႕ အေမးကို ပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာမ်ဳိးသိမ္းႀကီးက ျပန္လည္ေျဖၾကားရာမွာ ထည္႔သြင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။

အထက္တန္းၿပီးေျမာက္ေၾကာင္းလက္မွတ္ (High School Completion Certificate) ရရွိထားၿပီးက အဲ့ဒါဟာ National Qualification Framework ရဲ႕ Level-3 အဆင့္ကို ၿပီးေျမာက္သြားတယ္လို႔ သတ္မွတ္မွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ Level-3 ကေန ၿပီးေတာ့မွ Level-4 , Level-5 အဆင့္မွာရွိတဲ့ Certificate , Diploma, Advanced Diploma (not More than 1 year or 2 Year) သို႔ တက္ေရာက္ႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

ဒါေပမဲ့ Level-6 ျဖစ္တဲ့ Bachelor Degree ကို လိုခ်င္ရင္တယ္ဆိုရင္ေတာ့ တိုက္႐ိုက္၀င္ဖို႔အတြက္ Matriculation Examination ကို မျဖစ္မေန ၀င္ေရာက္ေျဖဆိုရမွာ ျဖစ္ေၾကာင္း၊ ႏိုင္ငံတကာမွာလည္း အလားတူေဆာင္ရြက္ေၾကာင္း ျပည္ေထာင္စု၀န္ႀကီးက ထည္႔သြင္း ေျဖၾကားခဲ့ပါတယ္။

-ေက်ာ္ေဇယ်

[ Unicode ]

၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ စတင်သင်ကြားမယ့် ဒွါဒဿမတန်း (Grade-12) ပြီးမြောက်မယ့်သူတွေ အနေနဲ့ ပုံမှန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မဖြစ်မနေ ဖြေဆိုရမှာဖြစ်ပြီး စာမေးပွဲအောင်မြင်သူတွေဟာ တက္ကသိုလ်သို့ တိုက်ရိုက်တက်ရောက်နိုင်သလို မအောင်မြင်သူများကိုမူ အထက်တန်းပြီးမြောက်ကြောင်း လက်မှတ် (High School Completion Certificate) ထုတ်ပေးမှာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

နေပြည်တော်မှာ သြဂုတ် ၈ ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ အစည်းအဝေးမှာ မန္တလေးတိုင်းဒေသကြီး အမှတ် (၇) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်ရဲ့ အမေးကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

အထက်တန်းပြီးမြောက်ကြောင်းလက်မှတ် (High School Completion Certificate) ရရှိထားပြီးက အဲ့ဒါဟာ National Qualification Framework ရဲ့ Level-3 အဆင့်ကို ပြီးမြောက်သွားတယ်လို့ သတ်မှတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Level-3 ကနေ ပြီးတော့မှ Level-4 , Level-5 အဆင့်မှာရှိတဲ့ Certificate , Diploma, Advanced Diploma (not More than 1 year or 2 Year) သို့ တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ Level-6 ဖြစ်တဲ့ Bachelor Degree ကို လိုချင်ရင်တယ်ဆိုရင်တော့ တိုက်ရိုက်ဝင်ဖို့အတွက် Matriculation Examination ကို မဖြစ်မနေ ၀င်ရောက်ဖြေဆိုရမှာ ဖြစ်ကြောင်း၊ နိုင်ငံတကာမှာလည်း အလားတူဆောင်ရွက်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ဖြေကြားခဲ့ပါတယ်။