၂၀၂၂ အထိ ရွှေ့ဆိုင်းလိုက်တဲ့ The Batman

စူပါဟီးရိုး The Batman ရုပ်ရှင်ကို မူလက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ ပြသဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ အခုအခါမှာ ၂၀၂၂ မတ်လမှပဲ ပြသတော့မယ်လို့ Variety ကထုတ်ပြန်ခဲ့ပါတယ်။
Dune ရုပ်ရှင်ကို ဒီနှစ် ဒီဇင်ဘာလကနေ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက်အထိ ရွှေ့ဆိုင်းခဲ့အပြီး အခုသတင်းထွက်လာတာပါ။ The Batman ရုပ်ရှင်ကတော့ ရိုက်ကူးမှု မပြီးသေးပါဘူး။ Dune ရုပ်ရှင်ကတော့ စက်တင်ဘာလ အစောပိုင်းမှာ ထွေလာထွက်လာပြီး ပရိသတ်အများအပြားကို ဖမ်းစားနိုင်ခဲ့ပါတယ်။
ရုပ်ရှင်ပရိသတ်တွေအတွက် နောက်ထပ် သတင်းကောင်းတစ်ခုကတော့ The Matrix 4 ဇာတ်ကားမှာ ကီရာနူရိဗ်နဲ့ ကာရင်းအန်မို့စ်တို့ ပါဝင်လာပြီး ဒါရိုက်တာကတော့ လာနာဝါချောစကီး ဖြစ်ပါတယ်။ ရုပ်ရှင်ပြသမယ့်ရက်ကိုတော့ ၂၀၂၂ ဧပြီလကနေ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ရက်ရှေ့တိုးလိုက်ပါတယ်။
အခြား Warner Bros ရုပ်ရှင်တွေလည်း ရုံတင်ပြသမယ့် အနည်းငယ် နောက်ဆုတ်သွားပါတယ်။ The Flash ကတော့ ၂၀၂၂ ဇွန်လကနေ ၂၀၂၂ နိုဝင်ဘာနဲ့ Shazam 2 ကတော့ ၂၀၂၂ နိုဝင်ဘာကနေ ၂၀၂၃ ဇွန်လ ၂ရက်အထိ ရွှေ့ဆိုင်းလိုက်ပါတယ်။
The Rock ပါဝင်မယ့် Black Adam ရုပ်ရှင်ကတော့ လာမယ့်နှစ် ဒီဇင်ဘာလမှာ ထွက်လာပါမယ်။ Minecraft ရုပ်ရှင်လည်း ၂၀၂၂ ခုနှစ် အစောပိုင်းမှာ ထွက်လာမယ်လို့ သိရပါတယ်။
စိုးထက်
Ref: CNET