၂၀၂၁-၂၂ ပညာသင်နှစ်အတွက် Community Solutions Program ပညာတော်သင် အစီအစဉ်ကို လျှောက်ထားနိုင်

၂၀၂၁-၂၂ ပညာသင်နှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ယူနိုင်မယ့် Community Solutions Program ပညာတော်သင် အစီအစဉ်ကို လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။

အဆိုပါ ပညာတော်သင် အစီအစဉ်ကတော့ လူမှုလုပ်ငန်းတွေမှာ ဦးဆောင်လှုပ်ရှားနေတဲ့ အသက် ၂၅ နဲ့ ၃၈ နှစ် ကြား မြန်မာနိုင်ငံအတွင်းက ဘယ်သူမဆို လျှောက်ထားနိုင်ပါတယ်။ ၂၀၂၁ ခုနှစ် သြဂုတ် – ဒီဇင်ဘာ မှာ CSP ပညာတော်သင်တွေ ၊ အမေရိကားကို သွားရောက်မယ့် ပညာတော်သင်တွေအတွက် အထူးသင်တန်း အစီအစဉ်ဖြစ်တဲ့ Practicum မှာ ပါဝင်တက်ရောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ – ဇွန်မှာ CSP ပညာတော်သင်တွေ မိခင်နိုင်ငံကို ပြန်လာပြီး သင်တန်းရဲ့နောက်ဆက်တွဲ စီမံကိန်းတွေကို ပြီးအောင် ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

Community Solutions Program ပညာတော်သင်အစီအစဉ်အတွက် လျှောက်လွှာကို အောက်တိုဘာ ၂၈ ရက် နောက်ဆုံးထားပြီး https://tinyurl.com/CSP2021app ကတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။ Community Solutions Program ပညာတော်သင် အစီအစဉ်အနေနဲ့ COVID-19 ကပ်ရောဂါ အခြေအနေအရ အပြောင်းအလဲရှိနိုင်တယ်လို့ သိရပါတယ်။