၂၀၂၁-၂၀၂၂ အမေရိကန်-အာဆီယံ ဖူးလ်ဘရိုက်ပညာတော်သင်အစီအစဉ်ကို နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား လျှောက်ထားရမည်

၂၀၂၁-၂၀၂၂ အမေရိကန်-အာဆီယံ ဖူးလ်ဘရိုက်ပညာတော်သင်အစီအစဉ်ကို နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။

၂၀၂၁-၂၀၂၂ အမေရိကန်-အာဆီယံ ဖူးလ်ဘရိုက်ပညာတော်သင်အစီအစဉ် အတွက် လျှောက်လွှာတွေလက်ခံနေတာ ဖြစ်ပြီး ဒီပညာတော်သင်အစီအစဉ်ဟာ ကိုးနှစ်မြောက်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပညာတော်သင်ဆု အစီအစဉ်ကနေ ပြည်သူ့ကျန်းမာရေး၊ တောင်တရုတ်ပင်လယ်ရေးရာ၊ အင်ဒို-ပစိဖိတ်ရေးရာ၊ အာဆီယံ စီးပွားရေးပေါင်းစည်းမှုရေးရာ၊ ဘဏ်လုပ်ငန်းထိန်းကျောင်းမှု၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ သိပ္ပံနည်းပညာ စက်မှုနဲ့ သင်္ချာပညာ၊ အစားအသောက်ဘေးကင်းလုံခြုံရေး၊ တရားဥပဒေပညာပေးဘာသာရပ်တွေ အပါအဝင် ဘာသာရပ်များစွာကို ကျယ်ကျယ်ပြန့်ပြန့် အဓိကထား လေ့လာသင်ယူခဲ့ကြတဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံအားလုံးက ပညာတော်သင်ပေါင်း ၈၇ ဦးကို ပညာတော်သင်ဆုတွေပေးအပ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

အသေးစိတ် အချက်အလက်တွေကို အမေရိကန်သံရုံးအင်တာနက်စာမျက်နှာတွေနဲ့ ဖူးလ်ဘရိုက်ကော်မရှင် အင်တာနက်စာမျက်နှာတွေ ဖြစ်တဲ့ bit.ly/fulbrightusasean ကနေ ရယူနိုင်မှာဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««