၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ချီးဗနင်း ပညာသင်ဆု ၁၅၀၀ ကျော် ချီးမြှင့်မည်

ယူကေနိုင်ငံတွင် ချီးဗနင်းပညာသင်ဆု အစီအစဥ်နဲ့ မဟာဘွဲ့တက်ရောက်နိုင်ဖို့ လျှောက်လွှာတွေ စတင်လက်ခံနေပြီ ဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပညာသင်ဆု ၁၅၀၀ ကျော် ချီးမြှင့်ပေးသွားမယ်လို့သိရပါတယ်။

ပညာသင်ဆုကို နို၀င်ဘာ ၃ ရက် အထိ www.chevening.org/apply မှတစ်ဆင့် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံမှ ချီးဗနင်းပညာတော်သင် ၁၀ ဦးအား ရွေးချယ်ခဲ့ပြီး လာမယ့် စာသင်နှစ်အတွက် အွန်လိုင်းလျှောက်လွှာအသစ်တွေ ခေါ်ယူနေတာဖြစ်ပါတယ်။

ပညာသင်ဆုအကြောင်း ပိုမိုသိရှိလိုပါက www.chevening.org/scholarships သို့၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««