၂၀၂၁ အထိ Apple ရုံးများ ပြန်မဖွင့်ဖြစ်သေး

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု မြင့်တက်လာတာကြောင့် Apple အနေနဲ့ ၂၀၂၀မှာ ရုံးတွေ ပြန်ဖွင့်မှာ မဟုတ်ပါဘူး။ Apple က စတိုးဆိုင်တွေ ပိတ်ထားပေမယ့် လက်လီအရောင်းဝန်ထမ်းတွေ အဝေးကနေ အလုပ်လုပ်ဖို့ တွန်အားပေးထားတယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့လက Apple က နှစ်စဉ်ပြုလုပ်နေကျ Worldwide Developers Conference ကိုပြုလုပ်ခဲ့ပါတယ်။ မတ်လအစောပိုင်းက နိုင်ငံတကာက စတိုးဆိုင်တွေ ပိတ်သိမ်းတာ၊ ဝန်ထမ်းခရီးသွားလာမှုကို ကန့်သတ်တာ လုပ်ခဲ့တယ်။ အမေရိကန်က စတိုးဆိုင်အားလုံးကို အကန့်အသတ်မရှိပိတ်မယ်လို့ Apple ကကြေညာထားပါတယ်။ တချို့ Apple စတိုးတွေကတော့ မေလမှာ ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် ဒီလအတွင်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနှုန်း မြင့်လာတာကြောင့် ပြန်ပိတ်လိုက်ရပါတယ်။ လူတွေကတော့ အွန်လိုင်းကနေတော့ ဝယ်ယူနိုင်ပါသေးတယ်။

စိုးထက်
Ref: CNET