၂၀၂၁ အတွင်း ခေါက်စမတ်ဖုန်း ၄ မျိုးအထိ ထုတ်မယ့် Samsung

ကိုရီးယား ETNews ဖော်ပြချက်အရ Samsung ဟာ ၂၀၂၁ အတွင်း ခေါက်စမတ်ဖုန်း ၄ မျိုးအထိ ထုတ်လုပ်သွားပါမယ်။ Z Fold မော်ဒယ်နဲ့ Z Flip မော်ဒယ် ၂ မျိုးစီ ထုတ်လုပ်သွားပါမယ်။

သတင်းအရ Samsung ဟာ Galaxy Note စီးရီးကို ရပ်တန့်ဖို့လည်း စီစဉ်နေပါတယ်။ လာမယ့်နှစ်ဝက်မှာ Galaxy S စီးရီးတွေကို မိတ်ဆက်ပြီး ဒုတိယနှစ်ဝက်မှာတော့ ခေါက်စမတ်ဖုန်းတွေ မိတ်ဆက်ပါမယ်။ Samsung ရဲ့ Note စီးရီးနေရာမှာ S Pen ပါတဲ့ Galaxy S21 စီးရီး အစားဝင်လာပါမယ်။

Samsung ဟာ Galaxy Z Fold 2 နေရာဆက်ခံမယ့် ဖုန်း ၂ မျိုးနဲ့ Galaxy Z Flip နေရာဆက်ခံမယ့် ဖုန်း၂ မျိုး ဖြန့်ပါမယ်။ ဖုန်းတွေက စွမ်းဆောင်ရည်နဲ့ feature မတူပါဘူး။ Galaxy Z Fold မှာတော့ 5G ထောက်ပံ့မှု ပါဝင်ပြီး ဩဂုတ်လမှာ ထုတ်လုပ်မှုအပိုင်းကို စတင်သွားပါမယ်။

-စိုးထက်
Ref: GSMArena

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««